,

Breaking News :

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

  1. Home
  2. တိုက်ပွဲ

Category: သတင်း

တိုက်ပွဲ
လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီ ၅ နေရာမှ လက်နက်ကြီးပစ်ခတ်နေသဖြင့် တောင်သူများ စပါးရိတ်သိမ်းချိန်ကျော်လွန်

လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီ ၅ နေရာမှ လက်နက်ကြီးပစ်ခတ်နေသဖြင့် တောင်သူများ စပါးရိတ်သိမ်းချိန်ကျော်လွန်

တိုက်ပွဲပြင်းထန်သည့် မိုးမောက်မြို့ အရှေ့ဘက်ခြမ်း လုံဂျာဘွမ်တောင်ဘက်တွင် စစ်ကောင်စီတပ် လက်နက်ကြီးများ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂျာဘွမ်တောင်ခြေအနီးတဝိုက် လယ်ယာစိုက်ပျိုးသည့် ဒေသခံတောင်သူများ လယ်လုပ်ငန်း အချိန်မှီ မရိတ်သိမ်းနိုင်သည့် ပြဿနာကြုံတွေ့နေရသည်ဟု သိရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်မှ လေကြောင်း ကုန်းကြောင်းလမ်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် လူနေရပ်ကွက်များနှင့် လယ်ခင်းများထဲ လက်နက်ကြီးများ ကျမှန်ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့်အတွက် ခါနန်၊ လုံဂျာနှင့် ဝဝမ် စသည့် ကျေးရွာ ၃ခု၏ တောင်သူများ လယ်ယာစပါးရိတ်သိမ်းယူရန်

Fact Check
KIA တပ်ရင်း ၁၅ လုံဂျာဘွမ်စခန်းကို သိမ်းပိုက်ခဲ့သည်ဆိုသော စစ်တပ်ထောက်ခံသူများဖြန့်ဝေသော သတင်းအမှား

KIA တပ်ရင်း ၁၅ လုံဂျာဘွမ်စခန်းကို သိမ်းပိုက်ခဲ့သည်ဆိုသော စစ်တပ်ထောက်ခံသူများဖြန့်ဝေသော သတင်းအမှား

မိုးမောက်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၅ နယ်မြေ လုံဂျာတောင်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်မှ သိမ်းပိုက်ရရှိခဲ့သည်ဆိုပြီး သတင်းအမှားကို စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို “Manaw Myay” ဖေ့စ်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ(၃၀) ရက်နေ့ တွင် ရေးသားဖြန့်ဝေခဲ့ပြီးနောက်  ကိုလှရွှေ(သတင်းမှန်), Kyaw Swar, Truth media, Myanmar Update News နှင့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ အစရှိသည့်

သတင်း
လမုန် ပြည်သူ့စစ်အဖွဲ့မှ ပြည်သူများကို ဖမ်းဆီးရိုက်နက်မှုပြုလုပ်ပြီး ငွေကြေးတောင်းခံနေ

လမုန် ပြည်သူ့စစ်အဖွဲ့မှ ပြည်သူများကို ဖမ်းဆီးရိုက်နက်မှုပြုလုပ်ပြီး ငွေကြေးတောင်းခံနေ

တနိုင်းမြို့နယ် လမုန် (Lamung) ကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြစ်ချောင်းပေါ် မောင်းနင်းနေသော စက်လှေသမားများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး ခရီးသည်အချို့လည်း ရိုက်နက်ခံရသည်ဟု သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ကာ ဦးယောဘ (ခီဖာဝူ) ဦးဆောင်သည့် လမုန်ပြည်သူ့စစ်အဖွဲ့သည် လက်နက်အပြည့် အရပ်ဝတ်ဖြင့် တနိုင်းချောင်းနှင့် လမုန်ချောင်း ဆုံသည့်နေရာတွင် တံငါစက်လှေများနှင့် ကုန်တင် စက်လှေများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟု တနိုင်းဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ပစ္စည်းပေါ်မူတည်ပြီး ကောက်ကြတယ်။

တိုက်ပွဲ
ကန့်ဘလူတွင် ၁၀ ရက်တွင်း စစ်ကောင်စီတပ် ၃၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၄ ဦးဖမ်းဆီးခံရ

ကန့်ဘလူတွင် ၁၀ ရက်တွင်း စစ်ကောင်စီတပ် ၃၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်မှ ၄ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် အရှေ့တောင်ဘက်ခြမ်းရှိကျေးရွာများတွင် လှုပ်ရှားသွားလာနေသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်များ တိုက်ခိုက်မှုကြောင့် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ဒေသခံကာကွယ်‌ရေးတပ်ဘက်က ၄ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ကန့်ဘလူဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့၆၀၀၆ စစ်ကြောင်းနှင့် ပျူစောထီး ၂၀၀ ဝန်းကျင်ဖြင့် ကန့်ဘလူမြို့နယ်အရှေ့တောင်ဘက်ခြမ်းကို သွားလာနေစဉ် ယနေ့အထိ ၁၀ ရက်တာအတွင်း ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်း ဝေဟင်မှ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီဘက်က ကျဆုံးမှု ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ “ကန့်ဘလူရဲ့ အရှေ့တောင်ဘက်ကကျေးရွာတွေကို ပြီးခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ပျူနှင့်စခ အင်အား၂၀၀ကျော်နဲ့ ပတ်ဝင်ပြီးမီးရှို့နေတာ သူတို့ဘက်ကမီးရှို့လာပြီဆို မိုင်းနဲ့ကာခဲ့တာမျိုးတွေပေါ့။ ကျနော်တို့သိသလောက် ဖုန်းမိုင်းနှစ်လုံးနဲ့

သတင်း
ဖားကန့်တွင် ဓာတ်ဆီ တစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်

ဖားကန့်တွင် ဓာတ်ဆီ တစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀၀ ကျော်အထိ စျေးတက်နေကြောင်း ဒေသခံများ ပြောသည်။ ဖားကန့်မြို့နယ်အတွင်းသို့ စက်သုံးဆီ တင်ပို့မှုကို စစ်ကောင်စီတပ်မှ အောက်တိုဘာ ၁၅ ရက်နေ့မှ ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ နန့်ယား (Nam Ya) ဂိတ်တွင် တားမြစ်ထားဆဲဖြစ်သောကြောင့် လက်ရှိဖားကန့်မြို့တွင် ဆီပန်းဆိုင်ကြီးအချို့ပိတ်ထားသည်ဟု ဖားကန့် ဒေသခံတစ်ဦး ပြောသည်။ ''ဆီပန့်ဆိုင်ကြီးတွေမှာတော့ မရတော့ဘူးဗျ။ ပိတ်နေတာကြာပြီ အခုကဘယ်လို ဆိုင်လေးတွေမှာရလဲဆိုတော့ အပြင်ပုလင်းချိန်ရောင်းတဲ့ လမ်းဘေးဆိုင်တွေ ဆိုင်သေးလေးတွေမှာပဲရောင်းတယ်။ အဲ့တာတောင် တစ်ဂါလံကို ၂၂၀၀၀ တဲ့ တစ်သောင်းဖိုးဝယ်တာ

Fact Check
NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း ၆ မှ အရာရှိအချို့ကို KIA မှ ယာယီ ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းအမှား

NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း ၆ မှ အရာရှိအချို့ကို KIA မှ ယာယီ ဖမ်းဆီးထိန်းသိမ်းထားသည်ဆိုသော သတင်းအမှား

ဖားကန့်မြို့ အနန့်ပါ တွင် စစ်ကောင်စီ မှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရပြီးနောက် PDF စစ်ဒေသမှူး NLD အမတ် အောင်ဟိန်းမင်းအပါအဝင် KIA တပ်ရင်း (၆) မှ အရာရှိတချို့ကို KIA မှ ယာယီဖမ်းဆီးထိန်းသိမ်းလိုက်သည်ဆိုပြီး မဟုတ်မမှန် သတင်းအမှားဖြန့်ဝေထားသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို “Manaw Myay” ဆိုသည့် စစ်ကောင်စီလော်ဘီ ဖေစ့်ဘုတ်စာမျက်နှာတွင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရေးသားဖြန့်ဝေခဲ့ပြီး ပြန်လည်မျှဝေသူ ၇၉ ယောက်ရှိနေပြီကို တွေ့ရသည်။ ဖော်ပြထားသောအကြောင်းအရာမှာ

တိုက်ပွဲ
မိုးမောက် လုံဂျာဘွမ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ ရက်အတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှု များပြား

မိုးမောက် လုံဂျာဘွမ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ၇ ရက်အတွင်း စစ်တပ်မှ ထိခိုက်သေဆုံးမှု များပြား

မိုးမောက်မြို့အရှေ့ဘက် လုံဂျာ ဘွမ်(တောင်ကုန်း) ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့ကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေဆဲ ၁ ပတ်အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသည်ဟု ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ကာ မိုးမောက်မြို့အရှေ့ဘက် တောင်ကုန်းရှိ လုံဂျာဘွမ်ကို လေကြောင်း၊ ကုန်းကြောင်းဖြင့် စတင်တိုက်ခိုက်လာခြင်း ဖြစ်သည်။ ''ဒီနေ့ နေ့လယ်ပိုင်းထိပစ်နေတုန်းပဲ သူတို့က နေ့တိုင်းလိုလို မနက် ၇ နာရီ ၈ နာရီလောက် ကနေစပစ်ရင် နေ့လယ် တစ်နာရီလောက်ထိပစ်။ ကြားမှာနားလည်း ၁၀ မိနစ်

သတင်း
KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား

KIA ကို ပိတ်ဆို့ရန် ဖားကန့်သို့ တင်ပို့မည့် ဆန်နှင့် စက်သုံးဆီကားများကို နမ့်ယာတွင် တားမြစ်ထား

ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ ငွေကြေးစီးဆင်းနေသော ရင်းမြစ်များကို ပိတ်ဆို့ရန် စစ်ကောင်စီသည် စစ်သုံးဆီ နှင့် ဆန် သယ်ယူခွင့် တားမြစ်ထားသည်ဟု ဖားကန့်ဒေသခံများ ပြောသည်။ ဖားကန့်သို့တက်မည့် ဆီကားအစီး ၁၀၀ ကျော်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ပိုင်း နမ့်ယာကျေးရွာ စစ်တပ်ဂိတ်တွင် ပိတ်ထားသည်မှာ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ဖြစ်သည်။ ဖားကန့် လမ်းမကြီးတစ်လျှောက် နမ့်ယာကျေးရွာနှင့် တဆက်တည်းရှိသော ကပ်မှော်၊ ဆိုင်းဖရာ၊ ခွမ်စိုင်ယန်နှင့် တံတားညီနောင်တို့ရှိ

သတင်း
ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် လွတ်မြောက်လာ

ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင် လွတ်မြောက်လာ

စစ်ကောင်စီ၏ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆို ထောင်ဒဏ်ချတ်မှတ်ခံခဲ့ရသည့် ဖားကန့် အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်မောင် ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင် ဖားကန့်အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်ကြောင်းသိရသည်။ ကိုဇော်ဝင်မောင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ပြစ်ဒဏ် ၁ နှစ် ၆လ နှင့် ပို့ကုန်/သွင်းကုန် အက်ဥပဒေအရ ပြစ်ဒဏ် ၁ လ အပါ စုစုပေါင်း ထောင်ဒဏ် ၁ နှစ် ၇ လအထိ

Fact Check
ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီတွင် သတင်းအမှားများ ဖော်ပြခဲ့

ဖားကန့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်ပိုင် မြဝတီတွင် သတင်းအမှားများ ဖော်ပြခဲ့

ဖားကန့်မြို့ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါတွင် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်အတွက် တေးဂီတပွဲကျင်းပနေစဥ် အောက်တိုဘာလ (၂၃) ရက်နေ့ည ၈ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင်း အပြစ်မဲ့ပြည်သူအချို့နှင့် ကချင်ဝါရင့်အဆိုတော် သေဆုံးခဲ့သည် ဆိုသော သတင်းသည် ဟောလဟာလသတင်းဖြစ်သည်ဟု စစ်တပ်ပိုင် မြဝတီသတင်းက ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။ အဆိုပါ ဝါဒဖြန့်သည့် သတင်းကို စစ်တပ်သတင်းဌာနတစ်ခု ဖြစ်သည့် မြဝတီသတင်းဝက်ဆိုက်တွင် အောက်တိုဘာလ (၂၄)