သတင်း
-
Jun- 2024 -13 June
CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ
ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education…
Read More » -
13 June
ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေမဖော်ဆောင်ဖို့ ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေ
ဆဒုံးမြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်လိုက်ပြီးနောက် ကန်ပိုင်တည်မြို့မှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ပေးဖို့ ဒေသအတွင်းမှာရှိတဲ့ လက်နက်အဖွဲ့ကြား ညှိနှိုင်းဆောင်ရွက် တာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပိုင်တည်မြို့ဟာ ဌာနေပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ နေရာယူထားတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပြီး လက်ရှိမှာ KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်မြို့ဘက်ကို ဦးတည်လာနေတာကြောင့် လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကန်ပိုင်တည် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
13 June
ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော
ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့လောက်ကစပြီး မြစ်ကြီးနားဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။…
Read More » -
12 June
TNLA ဖမ်းဆီးထားတဲ့ ပန်ရှော်ရွာ အုပ်ချုပ်ရေးမှူး အမြန်ဆုံးလွှတ်ပေးဖို့ ဒေသခံတွေတောင်းဆို
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA…
Read More » -
12 June
မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ကြောင့် တစ်ပတ်ကျော်အတွင်း ဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ရှိလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာပြီး တစ်ပတ်ကျော်အတွင်းဖမ်းဆီးခံရသူ ၃၀ ထက်မနည်းရှိပြီဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇွန်လ လဆန်းပိုင်းကစပြီး မြစ်ကြီးနားမြို့ ရမ်ပူ၊ လယ်ကုန်း၊ ရှမ်းစုတောင်၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ မြို့သစ်ကြီး၊ အောင်နန်းစတဲ့ ရပ်ကွက်တွမှာ ည ၉ နာရီနောက်ပိုင်း လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံပြည်သူတစ်ဦးက ဆိုပါတယ်။…
Read More » -
12 June
စစ်ရေးတင်းမာနေတဲ့ ဝိုင်းမော်မြို့အခြေံပညာစာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်သူ ပိုလျော့နည်းလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အခြေခံပညာစာသင်ကျောင်းတွေကို ဖွင့်လှစ်ထားပေမယ့် ကျောင်းတက်ရောက်တဲ့သူတဖြည်းဖြည်း လျှော့နည်းသွားတယ်လို့ ဝိုင်းမော်မြို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၄– ၂၀၂၅ ပညာသင်နှစ်အတွက် ဝိုင်းမော်မြို့ထဲမှာ အခြေံပညာစာသင်ကျောင်းတွေကို မေလ ၂၈ ရက်နေ့ကတည်းကနေ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၃ရက်နေ့မှာ ကျောင်းတက်ရောက်နေပြီဖြစ်ပါတယ်။ …
Read More » -
12 June
မိုးညှင်းမြို့မှာ ဓါးပြတိုက်လုယက်ခံရမှုများလာ
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဓါးပြတ်ိုက်လုယက်ခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ မိုးညှင်းမြို့ခံတွေကပြောပါတယ်။…
Read More » -
11 June
ဆဒုံးဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုကို KIA က တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုနေရာလောက်ကို တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဝိုင်းမော်နဲ့ ဆဒုံးတစ်ကြော စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ ကားလမ်းမပေါ် တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်)၊ ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်၊ ဒိန်ဂါစစ်တပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတပြိုင်နက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။…
Read More » -
11 June
ဝိုင်းမော်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးထပ်မံသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်…
Read More » -
11 June
ကုန်ကား ၁၄ စီး ပူတာအိုရောက်ရှိ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်သွားတဲ့ ကုန်ကားတစ်ချို့ မနေ့က ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာပဲ ပူတာအိုမြို့ကိုရောက်ရှိသွားပြီလို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားဆရာတွေဆီက သိရပါတယ်။ တင်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေကတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ကိုအဓိကထားတင်ပို့ခဲ့တာဖြစ်ပြီး မြစ်ကြီးနား–ပူတာအိုကားလမ်းကို အပြီးသတ်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ ကုန်ကားတစ်ချို့သာတက်ခွင့်ရသေးတာလို့ဆိုပါတယ်။…
Read More »









