သတင်း

ကုန်ကား ၁၄ စီး ပူတာအိုရောက်ရှိ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်သွားတဲ့ ကုန်ကားတစ်ချို့ မနေ့က ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း  နာရီလောက်မှာပဲ ပူတာအိုမြို့ကိုရောက်ရှိသွားပြီလို့ မြစ်ကြီးနားပူတာအို ကားပြေးဆွဲတဲ့ကားဆရာတွေဆီက သိရပါတယ်။

တင်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေကတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ကိုအဓိကထားတင်ပို့ခဲ့တာဖြစ်ပြီး မြစ်ကြီးနားပူတာအိုကားလမ်းကို အပြီးသတ်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ ကုန်ကားတစ်ချို့သာတက်ခွင့်ရသေးတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့ ညနေပိုင်းကတည်းက မြစ်ကြီးနားမြို့ကနေ အခြေခံစားသောက်ကုန်တင်ထားတဲ့ ကုန်ကား ၁၄ စီးလောက် ပူတာအိုမြို့ ကိုထွက်ခွာသွားတာဖြစ်ပြီး မနေ့က ညနေပိုင်းမှာပဲရောက်ရှိသွားတာ လို့ မြစ်ကြီးနားပူတာအို ကားပြေးဆွဲသူတစ်ယောက်ကပြောပါတယ်။

မနေ့ကညနေပိုင်းလောက်ရောက်သွားတယ်။ အခြေနေက စစ်ဆေးရေးတွေတော့နည်းနည်းစစ်တယ်တဲ့ အဲ့လောက်ပါပဲ မူလာရှီးဒီးဂိတ်မှာတော့ စစ်ဆေးရေးကြမ်းတယ်တဲ့။ လမ်းမှာကတော့ နှစ်ဖက်အဖွဲ့တွေ များတယ်ပြောတယ်။ “ လို့ပြောပါတယ်။

မြစ်ကြီးနားပူတာအိုသွား ကားလမ်းမကို ပြီးခဲ့တဲ့ မတ်လ  ရက်နေ့က စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တပ်တွေအကြား တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေဘက်က ကားလမ်းကိုပိတ်ခဲ့တာဖြစ်ပြီး  လကျော်အကြာမှာ အခုလိုကုန်ပစ္စည်းတွေတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။

ကုန်ပစ္စည်းကားတွေ ပူတာအိုမြို့ကိုရောက်ပြီဆိုတဲ့သတင်းသာ ကနဦးသိရသေးပြီး ရောက်ရှိလာတဲ့ အခြေခံစားသောက်ကုန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ရောင်းချပေးမလဲဆိုတာတော့ ပူတာအိုမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် KNG ကအတည်မပြုနိုင်သေးပါဘူး။

ဒီအခြေနေမှာ ရောက်ရှိသွားတဲ့ ကုန်ပစ္စည်းတွေက ကုန်ပစ္စည်းလှောင်တဲ့သူတွေဆီသာရောက်ရှိသွားရင် ကုန်ပစ္စည်းသာရောက်လာပြီး ဈေးနှုန်းကတော့ကျမယ့်အနေအထားမရှိဘူးလို့ ကားဆရာ တစ်ယောက်က သုံးသပ်ပါတယ်။

“ ပစ္စည်းဈေးနှုန်းကတော့ကျမှာမဟုတ်ဘူးကျနော်တို့ထင်တာ။ ဘာကြောင့်ဆိုတော့ အခုကပူတာအိုမှာ ပိုက်ဆံရှိလည်းဝယ်လို့မရဘူးလေ။ အခုက ပစ္စည်းရောက်သွားတယ် ပိုက်ဆံရှိရင်ဝယ်လို့ရမယ် အဲ့လောက်ပဲ ဈေးကတော့ကြီးနေအုံးမယ်ထင်တယ်။ ကုန်တွေလှောင်တဲ့အဖွဲ့တွေပစ္စည်းရောက်သွားရင်ဘာမှထူးမှာ မဟုတ်ဘူး  လို့ပြောပါတယ်။

ဒါ့ကြောင့် မြစ်ကြီးနားပူတာအိုလမ်းမဖွင့်ခင်မှာ ရောက်ရှိသွားတဲ့ကုန်စည်တွေကို အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူပေးပြီး အကန့်အသတ်နဲ့ ရောင်းချပေးရင်တော့ အဆင်ပြေနိုင်မယ်ထင်တယ်လို့ သူကဆက်ပြော ပါတယ်။

ပူတာအိုမြို့ကို ပုံမှန်ဆိုရင် မြစ်ကြီးနားကနေ ၁၂ နာရီဝန်းကျင်ခန့်သာမောင်းရပြီး ဒီတစ်ကြိမ်တော့ လမ်းခရီး မှာ နှစ်ဖက်တပ်တွေရဲ့စစ်ဆေးရေးတင်းကြပ်တာ၊ ရာသီဥတုကြောင့်မြေပြိုတာ စတဲ့အခက်အခဲတွေကြောင့်  ညအိမ်  ရက် ကြာမြှင့်ခဲ့ရတယ်လို့ ကားသမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့ကစလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ပူတာအိုမြို့ကို ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မနေ့ကပဲ ကုန်ပစ္စည်းတွေရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button