သတင်း

မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ကြောင့် တစ်ပတ်ကျော်အတွင်း ဖမ်းဆီးခံရသူ ၃၀ ဝန်းကျင်ရှိလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အရပ်သားဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်လာပြီး တစ်ပတ်ကျော်အတွင်းဖမ်းဆီးခံရသူ ၃၀ ထက်မနည်းရှိပြီဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇွန်လ လဆန်းပိုင်းကစပြီး မြစ်ကြီးနားမြို့ ရမ်ပူ၊ လယ်ကုန်း၊ ရှမ်းစုတောင်၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ မြို့သစ်ကြီး၊ အောင်နန်းစတဲ့ ရပ်ကွက်တွမှာ   နာရီနောက်ပိုင်း လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံပြည်သူတစ်ဦးက ဆိုပါတယ်။

ကျနော့်ညီဖမ်းခံရတာ အိမ်ကသွားထုတ်လာတာ  သိန်းကျော်ကုန်တယ်ပြောတယ်။ ခေမာသိီရိဘက်မှာဖမ်းခံရတာ အဲဒီညထဲမှာဘဲ အယောက် ၂၀ လောက်ဖမ်းခံရတာလို့ပြောတယ်။ အထဲမှာလည်း အများကြီးရှိသေးတယ် ထွက်လာလို့မရသေးတဲ့သူတွေလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွကို ညမထွက်ရအမိန့်ကျူးလွန်တယ်ဆိုတဲ့အကြာင်းပြချက်နဲ့ ရဲစခန်းမှာဖမ်းထားပြီး ခံဝန်ကတိရေးထိုးစေကာ အာမခံကြေး၊ရှေ့နေငှားရမ်းခ အပြီးအစီး တစ်ဦးလျှင် ပျှမ်းမျှ  သိန်းကျော်ကုန်ကျပြီး ထုတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။ 

လက်ရှိ မြစ်ကြီးနားမြို့မရဲစခန်းမှာလည်း ဖမ်းဆီးခံရသူ ၂၀ ဦးထက်မနည်းရှိတဲ့အပြင် ပလနကျေးရွာ နယ်မြေရဲစခန်းဘက်မှာလည်း ဖမ်ဆီးခံထားရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ နောက်ထပ် မြစ်ကြီးနားမြို့ခံတစ်ဦးကလည်း  ဆက်ပြောပါတယ်။

ဟုတ်တယ် သူက ဖမ်းတဲ့နယ်မြေမှာဘဲချုပ်ထားတာ ဥပမာ မြစ်ကြီးနားမြို့တွင်းဆိုရင် ရဲစခန်းမှာချုပ်ထားတယ်။ ကျမအသိတစ်ယောက် ပလန ဘက်ဖမ်းခံရတာ။ အလုပ်ကိစ္စနဲ့   နာရီလောက်ပြန်လာတာ လမ်းမှာဖမ်းခံရတာဟုတ်တယ်။ ခုတော့ ထုတ်ခဲ့ပြီလို့ပြောပါတယ်။

ဖမ်းဆိီးခံရသူတွေကို စစ်ကောင်စီတပ်တွေက ဖုန်းစစ်ဆေးတာတွေပြုလုပ်ပြီး မသင်္ကာတဲ့သူတွေကလွှဲလို့ ကျန်တဲ့သူတွေကို ရုံးထုတ်စစ်ဆေးကာပြန်လွှတ်ပေးနေတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း တော်လှန်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ခုလိုပြောပါတယ်။

သူတို့က တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောလုပ်နေတာ ပိုက်ဆံလည်းရ တစ်ဖက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း စစ်ဆေးပြီးသားသဘော ဟုတ်တယ်။ မြစ်ကြီးနားမှာ လုံခြုံရေးခေါင်းစဉ်နဲ့ညတိုင်း ကင်းပတ်တယ် ကင်းပုန်းဝပ်တာပုံမှန်ရှိတယ် အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အရေးမကြီးရင် အပြင်မထွက်ဖို့ပြောချင်တယ်လို့ မြစ်ကြီးနားမြို့တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့မှာ ဧည့်စာရင်းလိုက်လံစစ်ဆေးတာတွေလည်း  ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ 

မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး လက်ရှိ မြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကို စစ်ရေးပြင်းထန်လာတာနဲ့အမျှ မြစ်ကြီးနားမြို့မှာလည်း စစ်ဆေးတင်းကြပ်တာတွေပိုများလာနေတယ်လို့လည်း မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။

မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက  ၁၀ နာရီနောက်ပိုင်းအပြင်ထွက်မရ အမိန့်ကို ပြီးခဲ့တဲ့မေလမှာ တစ်ဖန်ထုတ်ပြန်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

By – CJ

Show More

Related Articles

Back to top button