သတင်း
-
Dec- 2025 -5 December
ကချင်မှာ ခရစ္စမတ်ပွဲစောစီးစွာကျင်းပကြဖို့ စစ်ကောင်စီအမိန့်ပေးထား
ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ…
Read More » -
5 December
နန်းယွန်းမှာ လူနေအိမ်တစ်လုံးနဲ့ အိမ်ဆိုင်သုံးလုံးမီးလောင်မှုဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ်မှာ လူနေအိမ်တစ်လုံးနဲ့ နေအိမ် ဆိုင်ခန်းတွဲ သုံးလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာ ၄ ရက် မနက်လေးနာရီတိတိအချိန်မှာ နန်းယွန်းမြို့ ရှရရပ်ကွက်ထဲမှာ လူနေအိမ်တစ်လုံးနဲ့ ဆိုင်ခန်းနဲ့လူနေအိမ်တွဲထားတဲ့ လူနေအိမ်ဆိုင်ခန်းတွဲသုံး စုစုပေါင်းလေးလုံးအထိမီးလောင်သွားကြောင်း သိရပါတယ်။…
Read More » -
5 December
ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့
ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်က ပူတာအို…
Read More » -
5 December
အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။ အင်းတော်မြို့နဲ့ မော်လူးမြို့သိမ်းတိုက်ပွဲတွေကြောင့် မီးကြိုး၊ဓာတ်တိုင်၊ထရန်စဖော်မာအများအပြားပျက်စီးခဲ့လို့ အင်းတော်နဲ့မော်လူးမြို့နယ်မှာ လျှပ်စစ်မီးလရှည်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။…
Read More » -
4 December
တနိုင်းဘက် မဲဆွယ်သွားတဲ့ ပါတီ ၃ ခုလမ်းခုလတ်ကနေ ပြန်ခေါက်လာရ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA ၁၀ နှစ်အပြည့်အခမ်းအနားမှာ ရွေးကောက်ပွဲမှာဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားထားပေမယ့် ကချင်ဒေသမှာတော့ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမဲဆွယ်ဆင်းလို့မရတဲ့နေရာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက် မဲဆွယ်ဖို့တက်သွားတဲ့ ပါတီ ၃ ခုလုံခြုံရေးအခြေနေကြောင့် လမ်းခုလတ်ကနေ ပြန်ခေါက်လာရတယ်လို့ ပါတီနဲ့နီးစပ်သူတွေပြောပါတယ်။…
Read More » -
4 December
မန်ဝိန်းကြီးမှာ ယာဥ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးနင်းသူနှစ်ဦး ဒဏ်ရာပြင်းထန်
ကချင်ပြည်နယ် မံစီမြို့နယ်…
Read More » -
3 December
နမ့်ဖတ်ကာမှာ တအာင်းလူမျိုးဇနီးမောင်နှံနှစ်ဦးဓါးခုတ်ခံရ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊နမ့်ဖတ်ကာမြို့မှာ တအာင်း ( ပလောင်) ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံသွားရတဲ့အမှုတော်ဆောင် ဆရာ ၂ ဦးထဲက တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမြို့ရဲ့ လွယ်ကန်တောင်ခြေ လယ်တောတစ်နေရာမှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေခင်းပိုင်း ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး ဓါးခုတ်ခံထားရပြီးနောက် ည ၈ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ အနီးဝန်းကျင်က ခြံပိုင်ရှင်တွေဖြစ်တဲ့ နမ့်ဖတ်ကာမြို့ KBC အသင်းတော်က အမှုတော်ဆောင်ဆရာ ၂ ဦးကို လာဖမ်းသွားတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။…
Read More » -
2 December
ဗန်းမော်မြို့တစ်ဖက်ကမ်း ရွှေလုပ်ကွက်နေရာ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၃ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှိ မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာတွေနားက ရွှေလုပ်ကွက်နေရာတစ်ချို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ…
Read More » -
2 December
ဖမ်းဆီးထားသူတွေကို ပြန်ရွေးခွင့်ပြုမှာမဟုတ်ပဲ ရွေးဖို့ပြင်နေတဲ့အိမ်ကိုလည်းမီးရှို့မယ်လို့ SNA ခြိမ်းခြောက်
ကချင်ပြည်နယ် မိုးညှင်းခရိုင်၊…
Read More » -
2 December
မြစ်ကြီးနားမှာ နယ်ထိန်းရဲတွေက မူးယစ်ဆေးရောင်းသူများကို ဒဏ်ရိုက်ပြီး ပြန်လွတ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့် ဒဏ်ငွေရိုက်ရုံမျှသာလုပ်ပြီး ပြန်လွှတ်ပေးနေတယ်လို့ တပ်နဲ့နီးစပ်သူများထံမှသိရပါတယ်။ မြစ်ကြီးနားမြို့တွင်း နယ်ထိန်းရဲခေါင်းဆောင်တွေဖြစ်တဲ့ ဖြိုးကိုကို၊ ကိုနေဖြိုး ၊ ရဲဒုတပ်ကြပ် မောင်မောင်ကြီး၊ ရဲဒုတပ်ကြပ် ဇော်ဝင်းမိုး၊ တပ်သား ကျော်ထွေးအောင်တို့ဟာ ရမ်ပူ၊ယုဇန၊ခေမာသီရိရပ်ကွက်ရှိ မူးယစ်ဆေးဝါးရောင်းချတဲ့နေအိမ်တွေမှာ ဝင်ရောက်စစ်ဆေးတာတွေလုပ်နေပေမယ့် ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆိးခြင်းမပြုပဲ ပြန်လွတ်ပေးနေတာလို့ တပ်နဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။…
Read More »









