,
နမ်ဆန်ယန်ကျေးရွာအရှေ့ဘက် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့သွားသည့် လမ်းသွယ် ၄ခုကို မြန်မာစစ်တပ် က ဘက်ဟိုးဖြင့် တူးဖော်ဖြတ်တောက်ပေးလိုက်မှု အမြန်ပြုပြင်ပေးခြင်းမရှိပါက ကာကွယ်ရေးဦးစီးချုပ်ထံသို့ တိုင်ကြားသွားမည်ဟု ဦးဖော်လားကမ်ဖန်က ပြောသည်။ (more…)
ကချင်တစ်ကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်လာချိန် စစ်ပြေးဒုက္ခသည်များသည် ကာလကြာ စွန့်ပစ်ခဲ့ရသော ၎င်းတို့၏ မူလမြေယာဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ပုံစံနည်းမျိုးစုံဖြင့် နေရပ်ပြန်ရန် စီစဉ်နေကြပြီဖြစ်သည်။ (more…)
ဒီဇင်ဘာလ ၁ ရက်နေ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ မြစ်ကြီးနားတွင်တွေ့ဆုံမှုသည် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးအတွက် အမြတ်ဖြစ်မည်ဟု သုံးသပ်မိကြောင်း Rev. Dr. Hkalam Samson က ပြောသည်။ (more…)
ဝိုင်းမော်မြို့နယ် ဂါးရာယန်၊ ကဇူး ကျေးရွာဒေသခံများ နေရပ်ပြန်ရေးနောက်ကျနေခြင်းမှာ တရားဝင်စာတင်ထားခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။ (more…)
မြန်မာစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား နိုဝင်ဘာ ၁၇ အင်္ဂါနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နှစ်နေရာမှာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ဒေသခံများဆိုပါသည်။ KIA တပ်ရင်း (၉) နယ်မြေ Nampati Bum (နမ္ပတီးဘွမ်)တောင်ပေါ် KIA တပ်ရင်း (၉) နှင့် မြန်မာစစ်တပ် တပ်မ (၈၈) လက်အောက် တပ်ဖွဲ့များကြား ဒေသစံတော်ချိန် နံနက် ၁၀နာရီကျော်မှ အချိန်အတော်ကြာသည်အထိ တိုက်ပွဲဖြစ်ပွားကာ မွန်းလွဲ
ဒေါက်တာ ခလန်တူးခေါင် နိုင်ငံရေးလေ့လာသုံးသပ်သူ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်စဲရေးဆိုပြီး ညွန်းဆိုနေတာတွေရှိတယ်။ တကယ့်တကယ်ငြိမ်းချမ်ရေးက အပစ်ရပ်ဆဲရေးတစ်ခုထဲ မဟုတ်ဘူး။ အပစ်ခတ်ရပ်ဆဲရေးက ယာယီ Ceasefire သာဖြစ်တယ်။ Peace အဆင့်ရောက်ဖို့ ဆက်သွားရမယ်၊ Peace အဆင့်ရောက်ဖို့က တကယ့်တကယ် အပြောင်းအလဲလုပ်ရမယ်။ နိုင်ငံရေးအပြောင်အလဲ လုပ်နိုင်ဖို့အတွက် ဗဟိုချူပ်ကိုင်မှုစနစ်တွေအားလုံး လျော့ချဖို့ တိုင်းရင်းသားပါတီတွေ လိုအပ်တယ်။ တိုင်းရင်းသားပါတီတွေအားကောင်းရင် ဗဟိုအစိုးရကိုဝိုင်းပြီးတွန်းလို့ရတယ်။ မဟုတ်ရင် ဒီမိုကရေစီတောင်မှ ကမ္ဘောဒီးယား ကပုံစံလိုမျိုး ဖြစ်သွားနိုင်တယ်။ ဒီမိုကရေစီ တစ်ပါတီအာဏာရှင်စနစ်မျိုး
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပေါ် တပ်မတော်၏ သဘောထားကြေညာချက်ကို ပြန်လည်တုံ့ပြန်မှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။ (more…)
ဗန်းမော်ခရိုင် ဂိုင်ဒေါကျေးရွာတွင်ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သူ (၃) ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အရှေ့ပိုင်ခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ (more…)
တနိုင်းမြို့ရှိ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသော နန်ခမ်၊ အင်ဂါးဂါးကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု ၂၆ စုကို ပြန်လည်နေရာချထားရေးအဖြစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် ဖွင့်ပွဲ ပြုလုပ်ခဲ့ကြသည်။ (more…)
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အား နယ်မြေရှင်းလင်းရေး’ စစ်ဆင်တိုက်ခိုက်ရာတွင် စက်တင်ဘာ (၂၈) တနင်္လာနေ့ က မြန်မာ စစ်သား အနည်းဆုံး (၆)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းဆုံး (၅)ဦး ရှိကြောင်း KIA ဘက်မှ ဆိုပါသည်။ တနင်္လာနေ့ နံနက်ပိုင်းမှ ညနေပိုင်း ထိ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နယ်မြေ ကြူကုတ်