,
ချီဖွေမြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခုကို ရုပ်သိမ်းပေးရန် တပ်မတော်ဘက်ကအကြောင်းကြားခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှုများရှိနေသဖြင့် ထိုဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်လာမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်း စိုးရိမ်နေကြသည်။ (more…)
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် Howa Bum တောင်ပေါ် မြန်မာစစ်တပ် တပ်မ (၈၈) စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) တပ်ဖွဲ့များကြား စက်တင်ဘာ ၂၄ ကြာသပတေးနေ့ မွန်းလွဲပိုင်းမှ တိုက်ပွဲပြန်လည် ဖြစ်ပွားလာကြောင်း ဒေသခံများဆိုပါသည်။ တပ်မ (၈၈) စစ်ကြောင်းများ KIA တပ်ရင်း (၃၆) စခန်းရှိရာ Howa Bum တောင်ပေါ်ကို “နယ်မြေရှင်းလင်းရေး” စစ်ဆင်သောကြောင့် ည
နှစ်ပေါင်း (၇၀) နီးပါးဖြစ်ပွားခဲ့သော မြန်မာ့ပြည်တွင်းစစ်ကို အဆုံးသတ်ရန် စက်တင်ဘာလ ၂၁ ရက်နေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR က ထုတ်ပြန်တောင်းဆိုခဲ့သည်။ (more…)
လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ငြိမ်းချမ်းမှုမရရှိသေးသော ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်သင့်သည့်အကြောင်း ကချင်လူထု၏ အမြင်ကို ရွေးချယ်တင်ဆက်ထားပါသည်။ စာဂျီ Kachin Development Network Group ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နိုင်ဖို့ မငြိမ်းချမ်းတဲ့ပြည်နယ်ဒေသက တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ ပိုပြီးသင့်တော်မယ်။ ဒါမှကိုယ့်နေရာမှာဘာဖြစ်တယ်ဆိုတာ တိတိကျကျပြောနိုင်တယ်။ ခံစားချက်လည်းရှိတယ်။ ကိုယ့်ဒေသကို ဘယ်လိုငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတာ ဆန္ဒလည်းပိုပြင်းပြတယ်။ ထိရောက်မှုရှိတာက ကိုယ့်ပြည်နယ်က
ချီဖွေမြို့နယ် မေခမြစ် အရှေ့ဘက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စခန်း၂ ခုကို ရုပ်သိမ်းပေးရန် ကချင်ပြည်နယ်အစိုးရ နယ်လုံဝန်ကြီးက PCG မှတဆင့် KIO ထံသို့ စက်တင်ဘာလ ၈ ရက်နေ့က စာဖြင့် အကြောင်းကြားခဲ့သည်ဟု သိရသည်။ (more…)
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ မြစ်ကြီးနားရှိ ငြိမ်းချမ်းရေးဆိုင်ရာနည်းပညာအထောက်အကူပြုရုံး (TAT) ကို ပိတ်သိမ်းရန် တပ်မတော်ဘက်က ပြောဆိုလာပြီးနောက် KIO ဘက်ကလည်း NRPC ၏သဘာထားကိုမေးမြန်းထားရာ ပြန်လည်တုံ့ပြန်မှု မရရှိသေးကြောင်းဆိုသည်။ KIO ၏ Technical Advisory Team (TAT) ကို ပိတ်သိမ်းရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တေဇကျော်က သြဂုတ်လ ၁၉ရက်နေ့က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကို အကြောင်းကြားခဲ့သည်။ အစိုးရနှင့်တပ်မတော် ၂ဖက်စလုံးမှ TAT
ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်အခြေအနေများ လေ့လာဆန်းစစ်ရေးနှင့် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြား သတင်းမျှဝေနိုင်ဖို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို သြဂုတ် ၂၆ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲကို Burma News International (BNI) နှင့် Kachin News Group (KNG) မှ ပူးပေါင်းဦးဆောင်ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ CARTEL HOTEL တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခနှင့်အပစ်အခတ်ရပ်စဲရေး၊ စစ်ဘေးရှောင်များနေရပ်ပြန်ရေးနှင့် စခန်းတွင်းလူမှုရေးပြဿနာများ၊ သဘာဝသယံဇာတနှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ ၂၀၂၀ ရွှေးကောက်ပွဲစသည့်အချက် ၄ ချက်ကို
ကချင်ပြည်နယ်အနောက်ဘက် လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာတွင် ပြည်သူ့စစ်အဖွဲ့က လူငယ်တစ်ဦးကို ရိုက်နက်ခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူများကိုအရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တောင်းဆိုထားသည်ဟု သိရသည်။ (more…)
စစ်ဘေးရှောင်တွေ နေရပ်အမြန်ပြန်နိုင်ဖို့ အစိုးရနဲ့ ကချင်အဖွဲ့အစည်းတွေပြင်ဆင်နေတဲ့အပေါ် စစ်ဘေးရှောင်တွေရဲ့အသံကို စုစည်းတင်ဆက်လိုက်ပါတယ်။ ဒေါ်ခန်ဂျေရွယ်စွန် မိုင်းနား KBC စစ်ဘေးရှောင်စခန်း “ကျမတစ်ဦးချင်းအမြင်ဆို အိမ်မပြန်ချင်တော့ဘူး။ အရင် ကျမ လူငယ်ခေတ်ကတည်းက စစ်ပွဲကြား ကြီးလာတာ။ အဲဒီခေတ်ကိုပြန်စဉ်းစားရင် အခုလည်း ငြိမ်းချမ်းရေးအတွက် အာမခံချက်မရှိသေးတဲ့အခါ အိမ်ပြန်ရင် အရင်လို ပြန်ဖြစ်မှာစိုးရိမ်တယ်။ ဒါပေမဲ့ ပြန်ဖို့ အားလုံးပြင်နေပြီဆိုတော့ ဘာမှမတတ်နိုင်ပဲ လိုက်လုပ်နေရတာ။ စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ လုပ်နေတာကလည်း ကျမတို့ မူလမြေယာကိုပြန်ရဖို့ တစ်ခုတည်းကိုပဲ မျှော်လင့်ပြီး
တရုတ်နယ်စပ် ကချင်စစ်ရှောင်များ နေရပ်ပြန်ရေးအတွက် တရုတ်အစိုးရထောက်ပံ့သည့် ယွမ် ၄ သန်းကိုလာမည့် စက်တင်ဘာလခန့်တွင် စတင်အကောင်ထည်ဖော်နိုင်မည်ဟု ပြည်နယ်အစိုးရထံမှ သိရသည်။ မိမိနေရပ်သို့ ပြန်လည်နေထိုင်ရန် ဆန္ဒပြုထားသည့် တာလောကြီးကျေးရွာမှ အိမ်ထောင်စု (၅၉) စု၊ ဒဘတ်ကျေးရွာ (၃၄) စု နှင့် နမ်ဆန်ယန်ကျေးရွာ (၉၈) စု စသည့် အိမ်ထောင်စုပေါင်း ၁၉၁ ခုအတွက် နေအိမ်၊ မီး ရရှိအောင် လုပ်ဆောင်နေသည်ဟု ပြည်နယ် ညွှန်ကြားရေးမှူး