ကချင်ပြည်နယ်

  • Nov- 2023 -
    16 November
    သတင်းphoto- မြစ်ကြီးနားမြို့မြင်ကွင်း

    စစ်မီးဝိုင်းနေတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံး အင်တာနက်ဖြတ်တောက်ထား

    ကချင်– စစ်ကိုင်းအစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့အပြင် မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ်က အခိုင်အမာတပ်စခန်းတစ်ခုပြီးတစ်ခု လက်လွတ်လာနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်တစ်နယ်လုံးကို ဖုန်းအင်တာနက်ဖြတ်တောက်ထားတာ ခုဆိုရင် တစ်ပတ်ရှိလာပြီ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်အကြာ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကနေ စတင်ခဲ့တဲ့…

    Read More »
  • Jul- 2023 -
    24 July
    သတင်းဆောင်းပါးphoto caption -မတ်လကုန်ပိုင်းမှာ အင်းတော်ကာကွယ်ရေးတပ်က ဖမ်းဆီးထားတဲ့ မူးယစ်ဆေးသုံးစွဲသူတွေ

    မူးယစ်ဆေးသမားတွေကို တပ်သတင်းပေးအဖြစ် အသုံးနေချတဲ့စစ်တပ်

    ကချင်- စစ်ကိုင်းအစပ်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အလွတ်လပ်ဆုံးသူတွေကိုညွှန်းပါဆိုရင် မူးယစ်ဆေးဝါးရောင်းချတဲ့သူတွေနဲ့သုံးစွဲတဲ့သူတွေလို့ပဲ ညွန်းချင်ပါတယ်။ “ ဖိုးသမားတွေကိုခေါ် ခေါ်ပြီးတော့မှ ဆေးဖိုးဘာဖိုးတွေပေး သူတို့လိုချင်တဲ့သတင်းတွေကိုယူခိုင်းလုပ်နေတာ”လို့ စစ်ကိုင်းတိုင်း အင်းတော်နယ် အောင်းကုန်းရွာက လအသက် ၄၆ နှစ်ဦးအောင်(အမည်လွဲ)က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ တပ်တွေဟာ အင်းတော်နယ်မှာရှိတဲ့ နန့်သာရွာနဲ့ မော်တိတ်ရွာအနီးပတ်ဝန်းကျင်ရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကတည်းကနေ တပ်စွဲနေထိုင်နေပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို တပ်သတင်းပေးအနေနဲ့ သိသိသာသာအသုံးပြုလာနေတာဖြစ်တယ်လို့…

    Read More »
  • Feb- 2023 -
    28 February
    ရွေးကောက်ပွဲဆိုင်ရာ

    စစ်တပ်က ကျင်းပဖို့ကြံစည်‌နေတဲ့ ရွေးကောက်ပွဲအပေါ် ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့အမြင်

    မဲမသမာမှုရှိတယ်ဆိုပြီး နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကောင်စီတပ်ဟာ လာမယ့်ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကကျင်းပမယ့် ဒီရွေးကောက်ပွဲက ကချင်ပြည်နယ်မှာ‌ကော တကယ်ဖြစ်နိုင်မလား ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲအစရှိတဲ့ ရွေးကောက်ပွဲဖြစ်နိုင်‌ခြေအလားအလာ‌တွေကို ကချင်ပြည်နယ်မြို့နယ်အချို့က လူငယ်တွေရဲ့အမြင်ကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မိုးညှင်းဒေသခံလူငယ်တစ်ဦး “ရွှေးကောက်ပွဲလုပ်တာက သူတို့လုပ်ခဲ့တဲ့…

    Read More »
  • 25 February
    သတင်း

    ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU ပထမအကြိမ် ဘွဲ့နှင်းသဘင် လိုင်ဇာမြို့တွင် ပြုလုပ်

    ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU) ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန် KIO ဗဟိုဌာနချူပ် လိုင်ဇာမြို့ Sinpraw Majoi ခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် NUG အစိုးရ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒု–ဝန်ကြီး ဆရာမ ဂျာထွယ်ပန် တို့မှ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် တက္ကသိုလ်၏ အဓိပတိ ဒု–တိယဗိုလ်ချူပ်ကြီး…

    Read More »
  • Jan- 2023 -
    31 January
    သတင်း

    အာဏာသိမ်းမှု ၂ နှစ်ပြည့် အသံတိတ်သပိတ် ပါဝင်ပေးကြဖို့ ကချင်ပြည်နယ်မှ တော်လှန်ရေးအင်အားစုများ တိုက်တွန်း

    စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ တစ်နိုင်ငံလုံး တိတ်ဆိတ် ငြိမ်သက်ခြင်းသပိတ် (အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမူ) ပြုလုပ်သွားမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးသပိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းမှု ၂…

    Read More »
  • Dec- 2022 -
    12 December
    Covid-19 Reporting

    နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် ချမှတ်ထားသည့် သတ်မှတ်ချက်များကို တရုတ်အစိုးရဖြေလျော့

     ကချင်ပြည်နယ် မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်နှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တရုတ်အစိုးရဘက်က ချမှတ်ခဲ့သည့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ဖြေလျော့လိုက်ပြီ ဖြစ်ကြောင်း သိရသည်။  ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး တရုတ်အစိုးရဘက်က ယခုကဲ့သို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များ ဖြေလျော့လိုက်သည့်အတွက် ကုန်စည်တင်ပို့မှု…

    Read More »
  • Nov- 2022 -
    17 November
    သတင်း

    စစ်တပ်၏ လွှတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ ၈‌၆ ဦး လွှတ်မြောက်လာပြီး နိုင်/ကျဉ်း ၁၈ ဦးပါဝင်လာ

    အမျိုးသား‌နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီတပ်က ပြစ်ဒဏ်ချခံနေသည့် အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးရာမှာ ကချင်ပြည်နယ်မှ လွှတ်မြောက်လာသူ ၈၆ ဦးပါဝင်ပြီး ထိုအထဲတွင် နိုင်/ကျဉ်း ၁၈ ဦး ပါဝင်လာကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ ကျရောက်သည့် ၁၀၂ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်…

    Read More »
  • 15 November
    သတင်း

    စစ်ကောင်စီလက်အောက်မှ KIA ထဲ ဝင်ရောက်လာသူများကို လုံခြုံစွာ စောင့်ရှောက်ထားကြောင်း KIO ပြော

    ကချင်ပြည်နယ်ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ဆက်လက် မထမ်းဆောင်လိုတော့သဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံသို့ လက်နက်ချ အလင်းဝင်ရောက်လာသော စစ်သားနှင့် ရဲတပ်ဖွဲ့ အယောက် ၅၀၀ ဝန်းကျင်ခန့် ရှိလာပြီဟု သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်တွင်ရှိသည့် စစ်မှုထမ်းများ၊ ရဲဝန်ထမ်းများနှင့် ပညာရှင်များ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်းသို့ အလင်းဝင်ရောက်လာသူများကို လုံခြုံစွာကာကွယ် စောင့်ရှောက်ထားပေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ…

    Read More »
  • 4 November
    သတင်းHpakant Photo

    ဖားကန့်တွင် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ် ဆန်နှင့် စက်သုံးဆီများ တင်ပို့ခွင့် ပိတ်ဆို့ထားဆဲဖြစ်သည့်အတွက် ဆန်တစ်အိတ် တစ်သိန်းကျော်အထိ စျေးနှုန်းမြင့်တက်လာသည်ဟု ဖားကန့်ဒေသခံများထံမှသိရသည်။ အောက်တိုဘာလ ၂၅ ရက် နောက်ပိုင်း ဖားကန့်မြို့ပေါ်နှင့် လုံးခင်း၊ ဆိုင်းတောင် နေရာများတွင် ဆန်စျေးနှုန်းများ…

    Read More »
  • Oct- 2022 -
    10 October
    စစ်ပြေးဒုက္ခသည်များ

    တနိုင်း COC စစ်ရှောင်စခန်းမှ အရေပြား ဝေဒနာခံစားနေရသော ကလေးငယ်များအတွက် ဆေးဝါးအကူအညီလိုအပ်နေ

    ကချင်ပြည်နယ် တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အရေပြားယားယံ ဝေဒနာခံစားနေသည့် ကလေးငယ်များအတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။ တနိုင်းမြို့ရှိ COC စစ်ရှောင်စခန်းတွင် အသက် ၁၀နှစ်အောက် ကလေးငယ် ၁၁ ဦးတွင် လွန်ခဲ့သည့် ၂ ပတ်မှစတင်ကာ အရေးပြားယားယံသည့် ဝေဒနာကူးစက်ပြန့်နှံ့နေပြီး ထိရောက်သည့် ဆေးဝါးကုသပေးမှု လိုအပ်နေကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောသည်။ “ကလေးတွေထက်ဝက်နီးပါးလောက်ကူးစက်နေတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး…

    Read More »
Back to top button