ကပ်မှော်

  • Jan- 2024 -
    9 January
    သတင်း

    ဖားကန့်သွားလမ်းက ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေထပ်မံတိမ်းရှောင်နေရ

    ဖားကန့်သွားလမ်းမပေါ် နမ်တိန့်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေဟာ တောတွင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုင်းဖရာဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်တိန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KIA…

    Read More »
  • Oct- 2023 -
    11 October
    သတင်း

    ခွန်စိုင်ဇွပ် ဒေသခံ ၂ ယောက်ကို စစ်ကောင်စီဖမ်းဆီးသွားပြီး ငွေသား သိန်း ၂၀၀ ကျော် လုယူသွား

    ဖားကန်သွားလမ်းမပေါ်မှာရှိတဲ့ ကပ်မှော်အုပ်စု ခွန်စိုင်ဇွပ်ကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက  ဒေသခံ ၂ ယောက်ကို ဖမ်းဆီးသွားတဲ့အပြင် ငွေကျပ် သိန်း ၂၀၀ ကျော် ကိုပါ လုယူသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၁ ရက်နေ့…

    Read More »
  • May- 2023 -
    4 May
    သတင်း

    ဆိုင်းဖရာနှင့် ကပ်မှော် ဒေသခံများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီ သတိပေး

    ဖားကန့် လမ်းမပေါ်ရှိ နန့်ယားစစ်တပ်ဂိတ်တွင် ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်  စစ်‌ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် ဆိုင်းဖရာနှင့်ကပ်မှော် ကျေးရွာ ၂ ရွာမှ ဒေသခံပြည်သူများ မလိုအပ်ဘဲအပြင်မထွက်ကြရန် စစ်ကောင်စီတပ် သတိပေးပြောဆိုလာကြောင်း ဒေသခံများမှ သိရသည်။ နန့်ယားစစ်တပ်ဂိတ်သို့ ဝင်ရောက်လာသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သောအပတ် မိုးညှင်းမြို့နယ် နန်မားစစ်တပ် ခမရ ၃၈၆ တပ်မှ စစ်အင်အား ၂၀၀ ဝန်းကျင်ဖြင့် ကားမိုင်းစစ်တပ်ကုန်းသို့ စစ်အင်အားတိုးချဲ့ထားသည့် အဖွဲ့ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် နန့်ယားစစ်တပ်အတွင်းသို့ ၁၃၀ ထက်မနည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောသည်။  “အခုရောက်လာတဲ့ စစ်ကြောင်းအဖွဲ့တွေက စစ်ကြောင်းအသစ်ဖြစ်တဲ့အတွက် သတိထားပြီးနေကြဖို့နဲ့ အလိုအပ်ဘဲ အပြင်တွေဘာတွေ မထွက်ကြနဲ့ ဆိုပြီး ပြောလာတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ သူတို့သွားတဲ့ လမ်းကြောင်းတွေမှာ လမ်းရှင်းဆိုပြီး ပစ်ခတ်တာတွေရှိတော့ ပြောတာထင်တယ်”ဟုပြောသည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းအစောပိုင်းက ကားမိုင်းစစ်တပ်ကုန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး ထွက်ခွာလာသည့် လမ်းတစ်လျှောက်တွင်လည်း ဘယ်ညှာ ပစ်ခတ်မှုများပြုလုပ်ကာ နန်ယားစစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း ဒေသခံများပြောသည်။ ယခုလို စစ်ကောင်စီဘက်မှ စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်နေသည့်အပြင် သတိပေးပြောဆိုမှုများကြောင့် ထိုဒေသတွင်ရှိသော ဒေသခံပြည်သူများသည်လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်းသိရသည်။ ထို့အပြင် ယနေ့နံနက်ပိုင်း ကားမိုင်းမြို့မှ နန့်ယားစစ်တပ်ဘက်သို့ ထွက်ခွာလာစဉ် လမ်းတစ်လျှောက်တွင်လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အပြင် မလန်လယ်တောနေရာတွင်ရှိသော ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးသွားကြောင်း မလန်းလယ်တော အနီးတဝိုက်တွင်ရှိသော ပြည်သူတစ်ဦးက KNG ကိုပြောဆိုထားသည်။

    Read More »
Back to top button