ကားခ
-
Mar- 2026 -26 Marchသတင်း
မြစ်ကြီးနား-မန္တလေးကားခ ခြောက်သိန်းထိရှိလာ
စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) အထိစျေးမြင့်တက်သွားကြောင်း မြစ်ကြီးနားကားဂိတ်မှူးတွေပြောပါတယ်။ ကချင်ပြည်နယ်ထဲကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအားလုံး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီးရပ်နားထားသလို လတ်တလောမှာလည်း စက်သုံးဆီဈေးအဆမတန်မြင့်တက်လာတာကြောင့် ကားခတွေ ပုံမှန်ထက် တစ်ဆကျော်စျေးမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့မှ ဂိတ်မှူး(ကားဂိတ်)တစ်ဦးက KNG ကိုပြောပါတယ်။ “ဈေးနှုန်းက အံစာတုံး(အိမ္စီးကား အကြီး)ကတော့တစ်ယောက်ကို နှစ်သိန်းခွဲပါနောက်ပြီးတော့ လူလေးယောက်ပဲထိုင်လို့ရတဲ့ အိမ္စီးကား (AD Van)ကတော့တစ်ယောက်ကို ငါးသိန်းပါ ဒါပေမယ့်မန္တလေးကနေ မြစ်ကြီးနားအတက်ဆိုရင်တော့ခြောက်သိန်းပါဗျ။ ဈေးကတော့ပုံမှန်ထက်ကိုတစ်ဆတက်တယ်ပြောရမယ် ဆီဈေးကြောင့်ပါ”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လေကြောင်းလိုင်းတွေမရပ်နားမှီနဲ့စက်သုံးဆီစျေးမတက်ခင် မြစ်ကြီးနား – မန္တလေးလမ်းပိုင်း အံစာတုံးကားမှာ ခရီးသည်တစ်ဦး ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ)၊ AD Van ကားမှာ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) နဲ့ နှစ်သိန်းခွဲကြားသာရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အံစာတုံးနဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၂၅၀၀၀၀ (နှစ်သိန်းခွဲ )AD Van နဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း)အထိစျေးမြင့်တက်သွားကြောင်းသိရပါတယ်။ ခုလို အံစာတုံးကားနဲ့ AD Van ကားခ တစ်ဆကျော်ကွာဟနေတာနဲ့ပတ်သက်ပြီး ကားသမားတစ်ဦးက အခုလိုပြောပါတယ်။ “အံစာတုံးကေတာ့ လူလည်းများတယ် ပြီးတော့ AD Van လောက်မမြန်ဘူးစီးရတဲ့အရသာလည်းကွာတယ် မန္တလေးရောက်ရင်လည်းအိမ်အရောက်မပို့ပေးဘူး။ AD Van ကတော့ လူလေးလေးယောက်ပဲစီးလို့ရမယ် မြန်လည်းမြန်တယ် နောက်ပြီးမန္တလေးရောက်ရင်လည်း အိမ်အရောက်လိုက်ပို့ပါတယ် တခြားကားတွေက ဂိတ်မှာချပေးပြီးအဲ့ကနေတဆင့်အိမ်အထိ Taxi ငှား အိုးဝေပဲငှားလည်း ငါးသောင်း ခြောက်သောင်းကပေးရတယ်လေး”လို့ သူကပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြစ်ကြီးနား မန္တလေးကြားထဲက စစ်ကိုင်းတိုင်း ကန့်ဘလူ၊ကောလင်းစတဲ့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေကြောင့် တစ်ခါတစ်လေ သုံးညအထိညအိပ်ခရီးသွားနေရကြောင်းသိရပါတယ်။ “လက်ရှိလမ်းကြောခြေနေက အာမခံလို့မရဘူးနော် လမ်းကြောကောင်းရင် တစ်ညအိပ်နဲ့ပဲရောက်ပါတယ် လမ်းကြောမကောင်းရင်တော့ သုံးညလောက်လမ်းမှာအိပ်ရတယ် ဒါကတော့ပုံမှန်ခြေနေပါအခုတလောမှမဟုတ်ဘူး ပုံမှန်ပဲ”လို့ မန္တလေး ကားဂိတ်တာဝန်ရှိအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ အခုလို စက်သုံးဆီဈေးမြင့်တက်လာတဲ့နောက် ခရီးသည်တွေရဲ့ကားခအပြင် နောက်ထပ်တန်ဆာခတွေလည်း တစ်ဆမြင့်တက်သွားကြောင်း မြစ်ကြီးနားမြိုခံမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက KNG ကိုပြောပါတယ်။ “တန်ဆာခတက်တယ်ကြာပြီဈေးတွေစတက်ကတည်းကပဲ အရင် ငါးသောင်းပဲကျတဲ့ ဂျက်ဖာတစ်ခုကအခုကတစ်သိန်းပေးရတယ် အလေးချိန်လည်းအတူတူပဲ ဂျက်ဖာကလည်းအတူတူပဲ တန်ဆာခကတော့မတရားကိုတက်တယ်”လို့ သူကပြောပါတယ်။…
Read More » -
May- 2025 -21 Mayသတင်း
ပူတာအို-မြစ်ကြီးနားကားခ အဆ မတန်မြင့်တက်
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနား လမ်းပိုင်းမှာ ကားခအဆမတန်မြင့်တက်လာတယ်လို့ ခရီးသွားသူတွေဆီကသိရပါတယ်။ ဒီနှစ် ဇန်နဝါရီလစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာ အဆင်းခရီးသည်တစ်ဦးလျှင် ကားခ ကျပ် ၁၂၀၀၀၀ ( တစ်သိန်းနှစ်သောင်း)၊ အတက်ခရီးသည်တစ်ဦး ကျပ် ၂၀၀၀၀၀ ( နှစ်သိန်း)အထိစျေးတက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG…
Read More » -
Apr- 2024 -12 Aprilသတင်း
ဗန်းမော်မှာ မြို့စွန့်ခွာတိမ်းရှောင်သူများလာပြီး ကားခ၊လေယာဉ်ခစျေးအဆမတန်မြင့်တက်နေ
ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေကြောင့် မြို့စွန့်ခွာတိမ်းရှောင်သူတွေများလာပြီး ကားခ၊ လေယာဉ်ခ ဈေးအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းအရှိန်မြင့်တက်နေပြီး ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တစ်ချို့ကအထိုင်တပ်စခန်းကိုသိမ်းပိုက်လာနိုင်ချိန် ဗန်းမော်မြို့ဟာ မြို့သိမ်းတိုက်ပွဲဖြစ်နိုင်ချေရှိနေတာကြောင့် မြို့ခံတစ်ချို့မြို့စွန့်ခွာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ခုလို…
Read More »


