ကြံ့ခိုင်ရေးပါတီ
-
Dec- 2025 -4 Decemberသတင်း
တနိုင်းဘက် မဲဆွယ်သွားတဲ့ ပါတီ ၃ ခုလမ်းခုလတ်ကနေ ပြန်ခေါက်လာရ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NCA ၁၀ နှစ်အပြည့်အခမ်းအနားမှာ ရွေးကောက်ပွဲမှာဖြစ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားထားပေမယ့် ကချင်ဒေသမှာတော့ လုံခြုံရေးကြောင့် ရွေးကောက်ပွဲမဲဆွယ်ဆင်းလို့မရတဲ့နေရာတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ဘက် မဲဆွယ်ဖို့တက်သွားတဲ့ ပါတီ ၃ ခုလုံခြုံရေးအခြေနေကြောင့် လမ်းခုလတ်ကနေ ပြန်ခေါက်လာရတယ်လို့ ပါတီနဲ့နီးစပ်သူတွေပြောပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့ မိုးညှင်းမြို့ဘက်ကို ပါတီအောင်နိုင်ရေး မဲဆွယ်အပြီး တနိုင်းဘက်ကို ဆက်ပြီး မဲဆွယ်တက်သွားတဲ့ ပြည်ထောင်ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ( USDP) ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ၃ ခုက လမ်းတစ်ဝက်မှာ ပြန်ခေါက်လာရတာဖြစ်တယ်လို့ PPP ပါတီနဲ့နီးစပ်သူတစ်ဦး ခုလိုပြောပါတယ်။ “မိုးညှင်းဘက်ပါတီအောင်နိုင်ရေးလုပ်အပြီး တနိုင်းအတက်မှာ ပြန်ခေါက်ရတယ်။ ဟိုဘက်ကနေ ဖုန်းနဲ့လှမ်းချိတ်လာတာတဲ့ မလာကြဖို့ လုံခြုံရေးယူမပေးနိုင်ဘူး။ စကစဘက်က လမ်းလုံခြုံရေးမယူပေးနိုင်ဘူးဆိုလို့ပြန်ခေါက်လာရတာ”လို့ PPP ပါတီနဲ့နီးစပ်တဲ့အမျိုးသမီးတစ်ဦး ပြောပါတယ်။ စစ်ကောင်စီအောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကာလကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ကစတင်ကြောင်း ကြေညာထားပြီး ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားကာ ဒီဇင်ဘာ ၂၇ ရက် က Silent Day အဖြစ် ကြေညာထားပါတယ်။ ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့ ပြင်ဆင်ထားတဲ့ စစ်ကောင်စီရဲ ကြေညာချက်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လုပ်မယ့်ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကချင်ပြည်နယ်ထဲက မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနဲ့ မိုးညှင်းမြို့နယ်တို့ပါဝင်နေပါတယ်။ ဒါကြောင့် ကချင်ဒေသတွင်းဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေက ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီး ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေပေမယ့် လုံခြုံရေးအခြေနေအရ သွားလာလို့မရတဲ့နေရာတွေလည်း များစွာရှိနေကြပါတယ်။ “အဓိကတော့ တိုင်းရင်းသားဒေသတွေမှာ သူတို့က မြို့ပေါ်လောက်ပဲလှုပ်ရှားနိုင်တာ သူတို့ရဲ့ပါတီအောင်နိုင်ရေးက ထင်ထားသလိုတော့ဖြစ်လာမှာမဟုတ်ဘူးလေ အားလုံးသိထားပြီးသား။ ဒါပေမယ့် တစ်ဖက်ကပြောရရင် ပါတီအောင်နိုင်ရေးဆိုတာ ဟန်ပြလောက်ပါပဲ အစကတည်းက သူတို့မှာစီစဉ်ထားပြီးသားပဲ။ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲက ယုံကြည်ရတဲ့ရလဒ်ဆိုတာ ဘယ်တုန်းမှရှိလာမှာမဟုတ်ဘူး”လို့ ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့ ကချင်ပြည်နယ်က မိုးကောင်း၊ ဝိုင်းမော် နဲ့ မချမ်းဘော မြို့နယ်တို့ပါဝင်ပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ် ရှိပြီး စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ၆ မြို့နယ်၊ အပိုင်း ၂ မှာ ၃ မြို့နယ်ပါဝင်တာကြောင့် စုစုပေါင်း ၉ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်ဖို့ကြေညာထားပြီး ရွေးကောက်ပွဲမလုပ်တဲ့ မြို့နယ်တွေကတော့ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ အင်ဂျန်းယန် မြို့နယ်တို့ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ အာဏာသိမ်းစစ်တပ်က…
Read More » -
Jun- 2023 -26 Juneသတင်း
မြစ်ကြီးနားတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ
မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအား မြစ်ကြီးနား မြို့ပြပျောက်ကျားအဖွဲ့က သွားရောက်သတိပေး ပစ်ခတ်ခဲ့သည်ဟု မြို့ပြပျောက်ကြားအဖွဲ့မှ သိရသည်။ ဇွန်လ ၂၄ ရက်နေ့ ညနေ ၃နာရီဝန်းကျင် ကြက်ပေါင်ခြံရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ရပ်ကွက်အဝင်ဆိုင်းဘုတ်ရှိသည့်အနီးတွင် စောင့်ကြိုပစ်ခတ်ခဲ့သည်ဟု မြစ်ကြီးနားမြို့ပြပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူက ပျူအဖွဲ့ထဲကဘဲ သူ့အပေါင်းအပါတွေအားလုံးကလည်း မြစ်ကြီးနားပျူအဖွဲ့ဖွဲ့ပြီး အလှူခံပြီးထောက်ပံ့နေတာ မြစ်ကြီးနားမှာ စစ်ဆေးရေးလုပ်ပြီဆိုရင် ယူနီဖောင်းအနက်တွေနဲ့က စစ်သားတွေမဟုတ်ဘူး ဒီလူတွေ ပျူခေါင်းဆောင်ထဲက တစ်ယောက်ဘဲ”ဟုပြောသည်။ ကိုဝဏ္ဏသည် လက်ရှိမြစ်ကြီးနားမြို့တွင်း အရပ်ဝတ်ဖြင့် စစ်ဆေးရေးလုပ်ဆောင်ပေးနေသည့် ပျူခေါင်းဆောင်တစ်ဦးဖြစ်ကြောင့် သွားရောက် သတိပေး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ လက်ရှိ ပစ်ခတ်ခံရသည့် ကိုဝဏ္ဏသည် ၎င်း၏ ကျောဘက်တွင် ကျည်နှစ်ချက်ထိမှန် ဒဏ်ရာရရှိ သွားသည့်အတွက်…
Read More » -
Jan- 2023 -25 Januaryသတင်း
နန်းမား ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သတ်ခံရသည့် မသင်္ကာမှုဖြင့် အမျိုးသားနှစ်ဦး ဖမ်းဆီး ခံထားရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းလည်းဖြစ် လက်ရှိပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ဦးတင်ညွန့်သတ်ခံရပြီးနောက် မသင်္ကာမှုဖြင့် ဒေသခံ အမျိုးသားနှစ်ဦးဖမ်းဆီးခံရကြောင်း သိရသည်။ လက်ရှိ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးတင်ညွန့်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင်…
Read More » -
24 Januaryသတင်း
နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့…
Read More » -
Aug- 2022 -27 Augustသတင်း
ဖားကန့် မော်ဝှမ်းတွင် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖမ်းဆီးခံရ
ဖားကန့်မြို့နယ် မှော်ဝှမ်းရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်းသိရသည်။ ဩဂုတ်လ ၂၆ရက်နေ့ ည ၅နာရီဝန်းကျင် မှော်ဝှမ်းရပ်ကွက် ကုလားချောင်းတွင် နေထိုင်သည့် ကိုကျော်ဦးခေါ်သူကို အမည်မသိအဖွဲ့အစည်းတစ်ခုက အိမ်စီးကားတစ်စီးဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး…
Read More »




