,
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်းလည်းဖြစ် လက်ရှိပျူစောထီးခေါင်းဆောင်လည်း ဖြစ်သူ ဦးတင်ညွန့်သတ်ခံရပြီးနောက် မသင်္ကာမှုဖြင့် ဒေသခံ အမျိုးသားနှစ်ဦးဖမ်းဆီးခံရကြောင်း သိရသည်။ လက်ရှိ ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဦးတင်ညွန့်သည် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ 'ကိုဆန်းဝင်း' လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေစဥ် အမည်မသိလူနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွားပြီးနောက် စစ်ကောင်စီရဲနှင့် စစ်သားများက မြို့တွင်းနေရာအနှံ့ စစ်ဆေးခဲ့ရာ ပြည်သူနှစ်ဦး ဖမ်းခံလိုက်ရကြောင်း နမ္မားမြို့ မှ အမျိူးသားတစ်ဦးက KNG ကိုပြောသည်။ ''ဦးတင်ညွန့်သတ်ခံရတဲ့နောက် စစ်သားတွေရဲတွေ မြို့ထဲနေရာစုံလိုက်စစ်တော့တာပဲ ဆိုင်တွေကောစစ်တယ် အမျိုးသားနှစ်ယောက်ဖမ်းသွားတယ်။ တစ်ယောက်က
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ 'ကိုဆန်းဝင်း' လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း နမ္မားမြို့မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ ''သူက အဲ့သံလမ်းဘေး လမ်းဆုံနားက လက်ညက်ရည်ဆိုင်မှာထိုင်သောက်နေတာ လူငယ်နှစ်ယောက် ဝင်လာပြီးမှ
ဖားကန့်မြို့နယ် မှော်ဝှမ်းရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်းသိရသည်။ ဩဂုတ်လ ၂၆ရက်နေ့ ည ၅နာရီဝန်းကျင် မှော်ဝှမ်းရပ်ကွက် ကုလားချောင်းတွင် နေထိုင်သည့် ကိုကျော်ဦးခေါ်သူကို အမည်မသိအဖွဲ့အစည်းတစ်ခုက အိမ်စီးကားတစ်စီးဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။ “ဖမ်းခံရတဲ့သူက ဒလန်ဆိုပြီး နာမည်ထွက်နေတာကြာပြီ။ ပြီးရင်သူက ကြံ့ခိုင်ရေးပါတီဝင်လည်းဟုတ်တယ်။ မနေ့ညက သူ့အိမ်မှာဘဲ ကားနဲ့လာဖမ်းသွားကြတာ”ဟုပြောသည်။ ဖမ်းဆီးခံရသည့်ကိုကျော်ဦးသည် အသက် ၄၀ ဝန်းကျင်ရှိကြောင်းသိရပြီး မှော်ဝှမ်းအုပ်ချုပ်ရေးမှူး