,

Breaking News :

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ

နမ္မားကျေးရွာတွင် သတ်ဖြတ်ခံရသည့် ဦးတင်ညွန့်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း နမ္မားမြို့မှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

သူက အဲ့သံလမ်းဘေး လမ်းဆုံနားက လက်ညက်ရည်ဆိုင်မှာထိုင်သောက်နေတာ လူငယ်နှစ်ယောက် ဝင်လာပြီးမှ တေ့ပစ်သွားတာ လူငယ်နှစ်ယောက်က မမိလိုက်ဘူး ထွက်ပြေးသွားတယ်။ သူကအရင်က ကြံ့ခိုင်ရေးပါတီဝင်ဟောင်းပါ့ အခုတော့ ပျူစောထီးခေါင်းဆောင်ဟုတ်တယ် သေနတ်အတိုတောင် ကိုင်ထားတယ် အဲ့ကြောင့် သတ်ခံရတာဟုပြောသည်။

အသတ်ခံရသည့် ဦးတင်ညွန့်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် () နေရာတွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။

နမ္မားတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုကြောင့် လက်ရှိ နမ္မားမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများက စစ်ဆေးမေးမြန်းမှုပြုလုပ်နေသည်ဟု သိရသည်။

အခု နမ္မားမှာ အရမ်းခြေရှုပ်နေတယ် ဆိုင်တွေဝင်စစ် ရပ်ကွက် ထဲဝင်စစ် လုပ်နေတယ်။ နမ္မားကလူတွေကတော့ မနက် ၈ နာရီလောက်ကတည်းက ဆိုင်တွေပိတ်ထားကြတယ်ဗျ သူတို့ခြေရှုပ်နေလို့ဟုဒေသခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်တွင် ပျူစောထီးခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ သတ်ပစ်ခံရမှု ဖမ်းဆီးခံရမှု မကြာခနရှိနေဆဲဖြစ်သည်။

Read Previous

ကချင် စစ်ကိုင်းအစပ် မြို့နယ်များမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်မလား (မေးမြန်းချက်)

Read Next

ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီး ပြည်သူတစ်ချို့ပိတ်မိနေ