သတင်း

မြစ်ကြီးနားတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ

မြစ်ကြီးနားမြို့  ကြက်ပေါင်ခြံရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးအား မြစ်ကြီးနား မြို့ပြပျောက်ကျားအဖွဲ့က သွားရောက်သတိပေး ပစ်ခတ်ခဲ့သည်ဟု မြို့ပြပျောက်ကြားအဖွဲ့မှ သိရသည်။

ဇွန်လ ၂၄ ရက်နေ့ ညနေ ၃နာရီဝန်းကျင် ကြက်ပေါင်ခြံရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် ရပ်ကွက်အဝင်ဆိုင်းဘုတ်ရှိသည့်အနီးတွင် စောင့်ကြိုပစ်ခတ်ခဲ့သည်ဟု မြစ်ကြီးနားမြို့ပြပျောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သူက ပျူအဖွဲ့ထဲကဘဲ သူ့အပေါင်းအပါတွေအားလုံးကလည်း မြစ်ကြီးနားပျူအဖွဲ့ဖွဲ့ပြီး အလှူခံပြီးထောက်ပံ့နေတာ မြစ်ကြီးနားမှာ စစ်ဆေးရေးလုပ်ပြီဆိုရင် ယူနီဖောင်းအနက်တွေနဲ့က စစ်သားတွေမဟုတ်ဘူး ဒီလူတွေ ပျူခေါင်းဆောင်ထဲက တစ်ယောက်ဘဲဟုပြောသည်။

ကိုဝဏ္ဏသည် လက်ရှိမြစ်ကြီးနားမြို့တွင်း အရပ်ဝတ်ဖြင့် စစ်ဆေးရေးလုပ်ဆောင်ပေးနေသည့် ပျူခေါင်းဆောင်တစ်ဦးဖြစ်ကြောင့် သွားရောက် သတိပေး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

လက်ရှိ ပစ်ခတ်ခံရသည့် ကိုဝဏ္ဏသည် ၎င်း၏ ကျောဘက်တွင် ကျည်နှစ်ချက်ထိမှန် ဒဏ်ရာရရှိ သွားသည့်အတွက် မြစ်ကြီးနားမြို့ စစ်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင်  ဇွန်လ ၂၃ ရက်နေ့ ရှမ်းရွာမှ အမျိုးသားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်တပ်ကဖမ်းဆီးသွားပြီးနောက် ၂၄ ရက်နေ့  ကိုဝဏ္ဏ ပြန်လည်ပစ်ခတ်ခံရခြင်းဖြစ်သည်။

ယခုနောက်ပိုင်း မြစ်ကြီးနားမြို့တွင်းရှိသော တည်းခိုခန်း၊ KTV များ၊ လူနေအိမ်များတွင် KIA PDF နှင့် ဆက်စပ်မှုရှိသူများ မကြာခဏဖမ်းဆီးခံရမှု ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ထောက်တိုင်များ အားကောင်းလာသည့်အတွက်ကြောင့် ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မြစ်ကြီးနားက တစ်ခြားနေရာမတူဘူး နိုင်ငံရေးစိတ်ဝင်စားမှုအရမ်းနည်းတယ် ပြီးခဲ့တဲ့နှစ်က PDF ကလေးတွေဖမ်းခံရတာဆိုရင် ကားဓါးမြတိုက်တာမဟုတ်ဘူး သူတို့ကို စစ်သားတွေလိုက်တဲ့ချိန် ကားတားဆီးတာ အဲဒါသေနတ်ပါတော့ ဓါးမြတိုက်ဆိုပြီး စစ်သားတွေလက်ထဲဖမ်းပို့လိုက်တာ အရမ်းဆိုးတယ် ဟုပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီး ပစ်သတ်ခံရမှုများစွာရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ရမ်ပူရပ်ကွက်မှ  ဖမ်းဆီးခံရသည့်  ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ဦးအနက်  ဦးသည် စစ်ကြောရေးတွင် သေဆုံးမှုရှိခဲ့သည်ဟု စစ်တပ်နှင့်နီးစပ်သူများထံမှသိရသည်။

Show More

Related Articles

Back to top button