သတင်း

ဖားကန့် မော်ဝှမ်းတွင် ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖမ်းဆီးခံရ

ဖားကန့်မြို့နယ် မှော်ဝှမ်းရပ်ကွက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်းသိရသည်။

ဩဂုတ်လ ၂၆ရက်နေ့ ည ၅နာရီဝန်းကျင် မှော်ဝှမ်းရပ်ကွက် ကုလားချောင်းတွင် နေထိုင်သည့် ကိုကျော်ဦးခေါ်သူကို အမည်မသိအဖွဲ့အစည်းတစ်ခုက အိမ်စီးကားတစ်စီးဖြင့် လာရောက်ဖမ်းဆီခေါ်ဆောင်သွားသည်ဟု ဖားကန့် ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောသည်။

ဖမ်းခံရတဲ့သူက ဒလန်ဆိုပြီး နာမည်ထွက်နေတာကြာပြီ။ ပြီးရင်သူက ကြံ့ခိုင်ရေးပါတီဝင်လည်းဟုတ်တယ်။ မနေ့ညက သူ့အိမ်မှာဘဲ ကားနဲ့လာဖမ်းသွားကြတာဟုပြောသည်။

ဖမ်းဆီးခံရသည့်ကိုကျော်ဦးသည် အသက် ၄၀ ဝန်းကျင်ရှိကြောင်းသိရပြီး မှော်ဝှမ်းအုပ်ချုပ်ရေးမှူး အိမ်အနောက်ဖက်တွင် နေထိုင်သူဖြစ်သည်ဟု သိရသည်။

မှော်ဝမ်းကျေးရွာတွင် ပြီးခံသော ၂ပတ်ခန့်အကြာတွင်လည်း ဒလန်ဟု ဆိုရသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများပြောဆိုသည်။

ထို့နောက် ဩဂုတ်လ ၂၅ရက်နေ့တွင် ဟောင်ပါးနှင့် တာမခံကျေးရွာ ၂ခုကြားတွင်လည်း ဟောင်ပါးကျေးရွာနေ ဦးကျော်သန်း ပစ်သတ်ခံရမှုဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်ဟု ဆိုရသော သူများ ပစ်သတ်ခံရမှု ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီဘက်ကလည်း ဆန္ဒပြ ပြည်သူများ PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေပါသည်။

Show More

Related Articles

Back to top button