ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အနောက်တောင်ဘက် ၁၂ မိုင်ခန့်တွင် တည်ရှိသော ဇွပ်အောင်စစ်ရှောင် စခန်း အနီးပတ်ဝန်ကျင်တစ်လျှောက် တိုင်းရင်းသားတော်လှန်ရေးတပ်များလှုပ်ရှားနေသည်။ ထိုအထဲ MNDAA ကိုးကန့်တပ်ဖွဲ့သည် ယနှစ်ဆန်းပိုင်းမှစပြီး စစ်ရှောင်စခန်းတွင် စခန်းချနေထိုင်သည့်အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့တွင် စစ်ရှောင်များကို ရိုက်နက်မှုဖြစ်ပွားခဲ့သည်။ လက်ရှိ ဇွပ်အောင်စစ်ရှောင်ပြည်သူများ၏ အခြေအနေနှင့်ပတ်သက်ပြီး အမည်မဖော်လိုသော စစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးဖြင့် ဆက်သွယ်မေးမြန်းထားသည်။ မေး။ အာဏာသိမ်းပြီးနောက်ပိုင်း ဇွပ်အောင်စစ်ရှောင်စခန်းအခြေအနေကို ပြောပြပေးပါ။ ဖြေ။ နေ့ရောညပါ အိပ်မပျော်၊ စားမဝင်ဖြစ်တယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စစ်ရှောင်စခန်းမှာလာနား လာအိပ်ကြတော့
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ အသက် ၃ နှစ် အရွယ် ကလေး သေဆုံးမှုမှာ KIA လက်နက်ကြီးကြောင့်ဖြစ်သည်ဆိုသော သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံနှံနေသည်ကို တွေ့ရသည်။ အဆိုပါ သတင်းအမှားကို ‘အမွေစိန်’ ဟူသော Telegram တွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်က စတင်ဖော်ပြထားပြီးနောက် “တပင်ရွှေထီး” နှင့် “ယိမ်းနွဲ့ပါး” ဆိုသော ဖေ့စ်ဘုတ်အကောင့်များတွင်လည်း
ကွတ်ခိုင်မြို့နယ် လွယ်ဆမ်ဆစ် တောင်ခြေအနီးတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ခဲ့သောကြောင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းကျည်ထိမှန်ကာ ဒဏ်ရာ ပြင်းထန်နေကြောင်း သိရသည်။ ယနေ့ မနက် ၇ နာရီခန့် လွယ်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာသို့ စစ်တပ်ကား ၂ စီးနှင့်အတူ အင်အား ၈၀ ကျော်ဖြင့် ဝင်ရောက်လာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ တပ်ရင်း ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ နှင့် နမ့်ဖတ်ကာကြားတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ဇွန်လ ၉ ရက်နေ့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်း နှင့် ဒေသခံများထံမှ သိရသည်။ "တစ်နေကုန်နီးပါးပဲ။ မနက် ၉ နာရီကနေ ညနေပိုင်း ၁ နာရီ ကျော်လောက်ထိပဲ။ လက်နက်ကြီးလည်း တော်တော်ပစ်တယ်။ စစ်တပ်ဘက်က ၄ ယောက်လောက်ဒဏ်ရာ ရတယ်" လို့ ရှေ့တန်းနဲ့