တိုက်ပွဲသတင်း

ခိုမုန်း နမ့်ဖတ်ကာကြား စစ်ကောင်စီ နှင့် KIA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင် ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာ နှင့် နမ့်ဖတ်ကာကြားတွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ဇွန်လ ၉ ရက်နေ့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်း နှင့် ဒေသခံများထံမှ သိရသည်။

“တစ်နေကုန်နီးပါးပဲ။ မနက် ၉ နာရီကနေ ညနေပိုင်း ၁ နာရီ ကျော်လောက်ထိပဲ။ လက်နက်ကြီးလည်း တော်တော်ပစ်တယ်။ စစ်တပ်ဘက်က ၄ ယောက်လောက်ဒဏ်ရာ ရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ ၁ ဦး က ပြောသည်။

ခိုမုန်းရွာမှ နမ့်ဖတ်ကာရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် တပ်မ ၉၉ စစ်ကြောင်းတစ်ခုကို KIA တပ်မဟာ ၆၊ တပ်ရင်း ၉ တို့မှ စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု လမ်းမပေါ်တွင်လည်း ယမန်နေ့ ညနေပိုင်းအထိ စစ်ကောင်စီကားများ လှုပ်ရှားသွားလာနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

မူဆယ်ခရိုင်တွင် လတ်တလော စစ်ကောင်စီ နှင့် တိုင်းရင်သားတော်လှန်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

Show More

Related Articles

Back to top button