ချီဖွေ
-
Mar- 2026 -9 Marchသတင်း
မြေရှားလုပ်ကွက်တစ်ခုမှာ သမင်ကိုလှမ်းပစ်ရာကနေ အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး
ချီဖွေမြို့နယ် ပန်ဝါမြေရှားလုပ်ကွက်တစ်ခုမှာ KIA တပ်ဖွဲ့ဝင် ၂ ဦး တောဘက်ကိုသေနတ်နဲ့ သမင်လှမ်းပစ်ရာကနေ ထမင်းချက်တဲ့မိန်းကလေးတစ်ဦး ကျည်ထိမှန်ပြီးအသက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြေရှားလုပ်ကွက်လုပ်သားတွေဆီကနေ သိရပါတယ်။ ပန်ဝါအမှတ် (၃) ဘက် မြေရှားလုပ်ကွက်တစ်ခုမှာ မတ်လ ၅ ရက်နေ့ ညနေပိုင်း မှောင်ရီစပြုချိန်မှာ KIA တပ်ဖွဲ့ဝင် ၂ ဦးမှ သမင်တစ်ကောင်ကို လှမ်းပစ်ရာမှာ လုပ်ကွက်အနိီး အိမ်သာတက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကို မတော်တဆထိကျည်မှန်သွားတာလို့ မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။ “အဲဒီအလုပ်ဆိုဒ်မှာ သမင်တစ်ကောင်တွေ့လို့ဆိုပြီး ရဲဘော် ၂ ဦးခေါ်လာတာ အဲဒီညနေ နည်းနည်းတော့မှောင်ပြီ၊ သိပ်မတွေ့တော့တဲ့အချိန်နေမှာ သမင်တစ်ကောင်ဖြတ်သွားတယ်ဆိုပြီး လှမ်းပစ်လိုက်တာ အဲဒီမိန်းကလေးရဲ့ လည်ပင်းမှာ ကျည်သွားထိမှန်တာ။” လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး မြေရှားလုပ်ကွက်မှာ ထမင်းချက်တဲ့အလုပ်လုပ်ကိုင်နေသူဖြစ်ကာ သူမ အိမ်သာတက်နေစဉ် သေနတ်ကျည်လာထိမှန်လို့ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ သေနတ်ပစ်ခတ်ပြီး မတော်တဆလူသတ်မှုကျူးလွန်သူ KIA တပ်ဖွဲ့ဝင် ၂ ဦးကို လက်ရှိ KIA တာဝန်ရှိသူတွေက ဖမ်းဆီးပြီး အရေးယူထားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူ မိန်းကလေးအတွက်လည်း လျှော်ကြေးငွေတွေပေးအပ်မှုရှိတယ်လို့သိရပေမဲ့ အမှုဖြေရှင်းတဲ့ဖြစ်စဉ်အသေးစိတ်အတော့ မသိရသေးပါဘူး။ “သေနတ်ပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ခဲ့တာတော့ မှန်ပေမဲ့ သောက်စားမူးယစ်ပြီး ဖြစ်တာတော့မဟုတ်ဘူး။ အဲဒီဆိုက်မှာ လာလည်တဲ့ ရဲဘော်တွေ မတော်တဆဖြစ်သွားတာ။ အခုအဲဒီ KIA တပ်သား ၂ ဦးကို ဖမ်းဆီးပြီး ထောင်မှာ ထည့်ထားတယ်။ အမှုအတွက် အရေးယူပြီး ထိခိုက်သေဆုံးသွားသူအတွက် နစ်နာကြေးဘာညာနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်နဲ့ အရေးယူမှာပါ။” လို့ ပန်ဝါမှာတာဝန်ကျတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ KIA ရဲဘော်တွေနဲ့ မြေရှားလုပ်ကွ့က်က ထမင်းချက်ရေကြည့်အမျိုးသမီးတွေ သောက်စားမူးယစ်ရာမှသေနတ်ပစ်ခတ်လို့ ထမင်းချက်အမျိုးသမီးသေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပြီး ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ “ခါတိုင်းလည်း အဲဘက်က ရဲဘော်တွေကို ပုံမှန်သားကောင်ပစ်စားနေကျ။အဲဒီညကလည်း အဲဒီလုပ်ဆိုဒ်မှာလည်း သမင်တစ်ကောင်တွေ့ထားလို့ သွားခေါ်လာတာဟုတ်တယ်။ အဲဒီညက အောက်ဘက်ပိုင်းမှာ ရဲဘော်သူငယ်ချင်းတချို့ ဘတ်ဒေးလည်းလုပ်နေတာဟုတ်တယ်။ အဲမှာတောင် အဲဒီ သေနတ်သံနဲ့ အဲဒီဖြစ်စဉ်ကြောင့် ပွဲပျက်သွားသေးတယ်။” လို့ မြေရှားလုပ်သားတစ်ဦးက ဆက်ပြောပါတယ်။ ချီဖွေ၊ ပန်ဝါ တရုတ်နယ်စပ်ဘက်မှ ရှားပါးမျိုးစိတ်သားကောင်တွေနဲ့ ဥပဒေနဲ့ကာကွယ်ထိန်းသိမ်းထားတဲ့ သားကောင်တွေကို စည်းကမ်းမဲ့ ပစ်သတ်စားတာတွေ ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – ဂျဘောက်ရာ
Read More » -
Feb- 2026 -20 Februaryသတင်း
မြေရှားလုပ်ငန်းခွင်မှာ လုပ်ခလစာပိုလျော့နည်းလာတယ်လို့ အလုပ်သမားတွေပြော
ကချင်ပြည်နယ်အထက်ပိုင်း ပန်ဝါ၊ချီဖွေ၊ဖရဲဒေသက မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လုပ်ခလစာရရှိမှု ပိုပြီးလျော့နည်းလာတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ မြေရှားလုပ်ကွက်မှာ ထမင်းချက်တာ၊ ရေကြည့်တာ၊ ကျင်းတူးတာ၊ အထွေထွေလုပ်သားအားလုံး တစ်လလျှင် တရုတ်ယွင်ငွေ ၅၀၀၀ ဝန်းကျင်ရရှိကြပေမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လုပ်ခလစာ တရုတ်ယွမ်ငွေ ၄၀၀၀ အောက်သာ ရရှိကြောင်း မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်က ဘယ်အလုပ်လုပ်ပဲဖြစ်ဖြစ် ယွင် ၅၀၀၀ ဝန်းကျင်ရတယ်။ ခုက မရတော့ဘူးလေ အများဆုံး ယွမ် ၃၉၀၀ လောက်ပဲရတယ် ဒါအများဆုံးပဲ။ လစာကပိုနည်းလာတယ်”လို့ ပြောပါတယ်။ မြေရှားဆိုတာ ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားဘက်ထရီနဲ့ နည်းပညာပစ္စည်းအများအပြား ထုတ်လုပ်ရာမှာ အသုံးပြုရပြီး နိုင်ငံတကာဈေးကွက်မှာ အရေးကြီးတဲ့ သယံဇာတတစ်ခုဖြစ်သလို ရွှေ၊ကျောက်စိမ်းထက်အဖိုးတန်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေကဆိုပါတယ်။ ဒါပေမယ့် ဒီလို အရေးကြီး၊တန်ဖိုးကြီးတဲ့ သယံဇာတကို တူးဖော်ထုတ်လုပ်နေတဲ့အလုပ်သမားတွေကတော့ အကျိုးခံစားခွင့် လုပ်ခလစာ တစ်နေ့ထက်တစ်နေ့ ပိုပြီးနည်းလာနေတာလည်းဖြစ်ပါတယ်။ မြေရှားလုပ်ကွက်မှာလုပ်ကိုင်ရတဲ့အမျိုးအစားတွေက ကျင်းတူးတာ ၊ထမင်းချက်တာ၊ရေကြည့်တာအပြင် လုပ်ကွက်မှာလိုအပ်သမျှအလုပ်တွေကို လုပ်ပေးရတဲ့အထွေထွေလုပ်သားစသဖြင့် အလုပ်အမျိုးစားခွဲထားတယ်လို့ သိရပါတယ်။ ရေကြည့်တဲ့အလုပ်ကို နေ့ဆိုင်း၊ညဆိုင်းခွဲထားပြီး အဓိက မြေရှားစစ်ယူနိုင်ဖို့ အက်ဆစ်နဲ့ရေကိုဆတူရောထားတဲ့ (မြေသားအရည်ပျော်ဆေး) သိုလှောင်ကန်ကနေတစ်ဆင့် ရေပိုက်သွယ်တန်းတဲ့တစ်လျှောက် ရေပိတ်၊ မပိတ်လိုက်ကြည့်ရတဲ့အလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ရေပိတ်နေတဲ့ ပိုက်တွေကို ရှင်းရတာ၊ ရေပိုက်သွယ်ထားတဲ့အတိုင်း တောင်ပေါ်၊တောင်စောင်း၊ တောင်အောက် ရေကန်အထိ လိုက်ကြည့်ရတာဖြစ်ပြီး မိုးတွင်းကာလဆို ပိုအန္တာရယ်များတယ်လို့ လုပ်ငန်းခွင်မှာလုပ်က်ိုင်နေသူတစ်ဦး ခုလိုပြောပါတယ်။ ဒီအလုပ်ဟာ ညအချိန်မတော် လိုက်ကြည့်ရပြီး မိုးတွင်းကာလဆို တောင်ပြိုတာကြုံနိုင်ပြီး အန္တရယ်ကြီးတဲ့အလုပ်ဖြစ်ပေမယ့် တရုတ်ယွင်ငွေ ၃၈၀၀ အထိ ရရှိတယ်လို့ သိရပါတယ်။ “ရေကြည့်တဲ့အလုပ်က လွယ်တယ်ထင်ကြတယ် တကယ်တော့မလွယ်ဘူး။ တောင်တွေတက်ပြိီး ရေပိုက်သွယ်ထားတဲ့တစ်လျှောက် တောင်တက်၊တောင်ဆင်းလိုက်ကြည့်ရတာဟုတ်တယ်။ မိုးတွင်းဆို တောင်တွေပြိုနိုင်တယ် အန္တရာယ်လည်းရှိတာ ညဆိုရင်လည်း ရေပိတ်နေပြီဆိုရင်သွားကြည့်ရတယ်။ ဒါတောင် လစာက အရင်လိုမရဘူး”လို့ ပြောပါတယ်။ နောက်ထပ် ကျင်းတူးတဲ့အလုပ်ဆိုတာက အပေါ်ကျင်း၊ဘေးကျင်းရှိပြီး အပေါ်ကျင်းဆိုတာ သံချောင်းတွေနဲ့ ၉ မီတာအထိဖောက်ရတဲ့အလုပ်ဖြစ်တယ်လို့သိရပြီး လစာက…
Read More » -
7 Februaryဆောင်းပါး
မြေရှားကြောင့် ဆိတ်သုဉ်းလာတဲ့ဒေသခံဘဝများ
“ဒီကထွက်တဲ့ရှောက်ကောတွေ စျေးနှိမ်တယ် တစ်ချို့ဆိုဝယ်တောင်မဝယ်ကြဘူး” လို့ လုတ်ဝမ်ရွာခံ ဦးဝူလေး (အမည်လွှဲ) ကပြောပါတယ်။ ချိီဖွေမြို့ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ လုတ်ဝမ်ကျေးရွာဟာ တောတောင် လျှိုမြှောင်တွေကြား၊ တောင်စောင်းပေါ်မှာတည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ကချင်မျိုးနွယ်စုထဲက လီဆူမျိုးနွယ်စုဝင် ၄၉ အိမ်ထောင်စုနေထိုင်တဲ့ ဒီရွာမှာ ရှောက်ကောနဲ့သစ်ကြားသီးကို အဓိကအသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အေးမြခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာကြောင့် အခြားစားပင်၊ သီးပင်စိုက်ပျိုးလို့ မရနိုင်တဲ့ ဒီဒေသမှာ ရှောက်ကောနဲ့ သစ်ကြားသီးဟာ ဒေသခံတွေအတွက် “ရွေးချယ်စရာ” မဟုတ်ဘဲ “မဖြစ်မနေ” စိုက်ပျိုးကြရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံအသက်မွေးဝမ်းကျောင်းတွေဟာ ၂၀၁၅ ခုနှစ်ဝန်းကျင်က စတင်လာတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့်တဖြည်းဖြည်း ခြေချော်ကျလာနေပါတယ်။ တောင်တန်းတစ်ခုမကျန် မြေရှားတူးဖော်(၂၀၂၅ ခုနှစ်…
Read More » -
3 Februaryသတင်း
လန်ဆယ်မှာ ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်၊ တရုတ်အမျိုးသား ၃ ဦးထိခိုက်
ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်ရှိ ရွှေတူးဖော်တဲ့ကုမ္ပဏီလုပ်ငန်းဆိုက် တစ်ခုမီးလောင်မှုဖြစ်ခဲ့ပြီး တရုတ်အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ လန်ဆယ်ဒေသ KIA အရာရှိတွေထံမှ သိရပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနေ့ကညနေပိုင်း ၅ နာရီခန့်မှာ လန်ဆယ်ရှိ ဆွတ်ကဘာ (Sutkaba )ကုမ္ပဏီရဲ့ လုပ်ငန်းဆိုက်တွင်း လျှပ်စစ်အပူပေးစက် မီးချောင်းကနေ ရှော့ခ်ဖြစ်ပြီး မီးစလောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ “လူက ၃ ယောက်ထိတယ် ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်။ တစ်ယောက်တော့ သိပ်မဆိုးဘူး။ ဒဏ်ရာပြင်းထန်တဲ့ ၂ ယောက်ကိုတော့ တရုတ်နိုင်ငံကို ပို့လိုက်ပြီ။ မီးလောင်လာတာက လျှပ်စစ်အပူပေး မီးစက်ကနေရှော့ခ်ဖြစ်လို့လို့ ကြားတယ်” လို့ လန်ဆယ် KIA အရာရှိတစ်ဦးက ပြောပါတယ်။ လုပ်ငန်းဆိုက်အတွင်း တရုတ်အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ခြားထိခိုက်မှုတော့မရှိဘူးလို့ ပြောပါတယ်။ တစ်ကိုယ်လုံး မီးလောင်ကျွမ်းလို့ ဒဏ်ရာပြင်းထန်တဲ့ တရုတ်အမျိုးသား ၂ ဦးကတော့ တရုတ်နိုင်ငံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။ အခုမီးလောင်သွားတဲ့ ဆွတ်ကဘာကုမ္ပဏီဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နဲ့ တရုတ်လုပ်ငန်းရှင်များပူးပေါင်းပြီး လုပ်ငန်းလည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး လုပ်ငန်းဆိုက် A မီးလောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “လုပ်ငန်းဆိုဒ်အားလုံးတော့ မလောင်သွားဘူး၊ ယမ်းတွေသိုလှောင်ထားတဲ့ အိမ်တစ်အိမ်မီးလောင်သွားတယ်။ အခြားသူတွေ အလုပ်သမားတွေ ထိခိုက်တာတော့မရှိဘူး။ အဲဒီတရုတ်အမျိုးသား ၃ ဦးပါပဲ” ဟု KIA အရာရှိက ဆက်ပြောပါတယ်။ လန်ဆယ်ဒေသမှာ ၀ကုမ္ပဏီတွေအပါအဝင် တရုတ်လုပ်ငန်းရှင်တွေအမြောက်အများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ လုပ်ငန်းဆိုက်တွေပေးထားကာ ရွှေတူးဖော်နေတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Nov- 2025 -29 Novemberသတင်း
ကချင်ဒေသထွက် ကျောက်ဂျပိုး စျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြော
ကချင်ပြည်နယ်ရဲ့ အအေးပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေမြို့တွေမှာ ဆောင်းအဝင်ထွက်လေ့ရှိတဲ့ ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။ ပူတာအို၊ ခေါင်လန်ဖူးနဲ့ ချီဖွေတွေမှာ အောက်တိုဘာလကစပြီး ကျောက်ဂျပိုးအကောင်ထွက်တဲ့ရာသီဖြစ်တာကြောင့် ဒေသခံတွေက နှစ်စဉ်ကျောက်ဂျပိုးဖမ်းပြီး ဝင်ငွေရှာဖွေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေလို ဝယ်သူနည်းလာတဲ့အတွက် ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။ “အရင်နှစ်ကတော့ စျေးအရမ်းကောင်းတယ်။ တစ်ပိဿာ ၆ သိန်း၊ ၇ သိန်း အလုအယက်ဝယ်ကြတယ်။ ပြီးရင် အဲလိုမခက်ခဲဘူး။ ဒီနှစ်ကတော့ စျေးမရှိဘူး။ ဘာကြောင့် စျေးကျသလဲဆိုရင် နိုင်ငံခြား တရုတ်၊ အိန္ဒိယပို့မယ်ဆိုရင် ဂိတ်ပေါင်းအများကြီးရှိတယ်။ ဟိုဂိတ်၊ ဒီဂိတ်နဲ့ နှုတ်လိုက်တဲအခါ ဟိုမှာရောက်ရင် အရင်းထိတယ်ဆိုပြီး သိပ်မဝယ်ကြဘူး။ သူတို့နေရာရောက်ရင်တော့ စျေးရတာပေါ့။ ဒီမှာက ဝယ်တဲ့သူမရှိလို့ ဟိုမှာရောက်ရင်တော့ စျေးကောင်းတယ်လို့ ပြောတယ်”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်ဒေသထွက် ကျောက်ဂျပိုးတွေကို တရုတ်၊ အိန္ဒိယ စတဲ့အိမ်နီးချင်းနိုင်ငံတွေကို အဓိကတင်ပို့ကြသလို ဒီဒေသတွေအထိ တရုတ်ဘက်က ဝယ်လက်တွေ လာရောက်ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ပူတာအိုဒေသတွင်း ကျောက်ဂျပိုးတစ်ပိဿာကို ကျပ်ငွေ ၇ သိန်းအထိ စျေးပေါက်ခဲ့ပေမဲ့ ဒီနှစ်ကတော့ တစ်ပိဿာကို ၃ သိန်းနဲ့ ၄ သိန်းကြားသာရတယ်လို့ ဆိုပါတယ်။ တစ်ဖက်က ချီဖွေဒေသဘက်မှာတော့ ဒီနှစ် ကျောက်ဂျပိုးထွက်ခါစ အောက်တိုဘာလလောက်မှာ အစိုတစ်ပိဿာကို ၇ သိန်းလောက်စျေးပေါက်ခဲ့ပြီး အခြောက် တစ်ပိဿာကို ၉ သိန်းကျော်ထိ စျေးပေါက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုလက်ရှိစျေးကတော့ ကျောက်ဂျပိုး တစ်ပိဿာကို ၆ သိန်းလောက် စျေးရှိနေတယ်လို့ ချီဖွေဘက်က ကျောက်ဂျပိုးဝယ်ရောင်းသူတွေ ပြောပါတယ်။ တရုတ်တွေဘက်က ကျောက်ဂျပိုးတွေ အရင်နှစ်တွေလို စျေးကောင်းပေးမဝယ်တော့တာဟာ တရုတ်ဘက်မှာလည်း မွေးမြူတတ်သွားသူတွေရှိသလို လက်ရှိနိုင်ငံရေးအခြေအနေအရ လမ်းပိုင်းအခက်အခဲအမျိုးမျိုးကြောင့်ဖြစ်တယ်လို့ တရုတ်ကျောက်ဂျပိုးကုန်သည်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ကျောက်ဂျပိုးဝယ်ယူစုဆောင်းသူက ပြောပါတယ်။ “တရုတ်ဘက်မှာ မနှစ်တုန်းကဆိုရင် အကောင်ရှင်သေးတဲ့ အစိမ်းဆိုရင် နို့ဆီခွက်တစ်ခွက်ကို ကျပ်ငွေ ၅ သောင်းကနေ ၇ သောင်းအထိ ပေးကြတယ်။ စျေးကောင်းပေးပြီး ဝယ်ကြတယ်။ အခုတော့ သူတို့တရုတ်ဘက်မှာလည်း မွေးတတ်သွားကြပြီတဲ့။ ဘယ်လိုရာသီမျိုး၊နေရာမျိုးမှာရှိတယ်ဆိုတာကို လေ့လာယူပြီး သူတို့တရုတ်ဘက်မှာလည်း ရာသီဥတုကို လုပ်ယူဖန်တီးပြီး မွေးကြပုံပဲ။ ဒီကျောက်ဂျပိုးကို အဆုတ်နဲ့ဆိုင်တာ၊ နှလုံးသွေးကြောနဲ့ဆိုင်တာ၊ ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးတွေ ဖော်စပ်တယ်လို့ ပြောတယ်။ ကျောက်ကပ်ဆေးလိုမျိုးတွေ ဖော်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။”ဟု ချီဖွေဒေသ ကျောက်ဂျပိုးဝယ်သူတစ်ဦးက ပြောပါတယ်။ ကျောက်ဂျပိုးအကောင်တွေဟာ မြစ်၊ချောင်းဘေး ကျောက်ဆောင်၊ ကျောက်တုံးတွေနားမှာရှိကြတာဖြစ်ပါတယ်။ ဒေသခံတွေဟာ ကျောက်ဂျပိုးကို ခြင်ထောင်စတွေ၊ စကာပိတ်စတွေနဲ့ မေခမြစ်၊ မလိခမြစ်နားတွေ မြစ်၊ချောင်းဖျားပိုင်းတွေမှာ အဓိက ရှာဖွေကြတယ်လို့ သိရပါတယ်။ ကျောက်ဂျပိုးအကောင်တွေထဲမှာ အမည်းရောင်တန်းပြီး အကောင်သေးတဲ့ပုံစံမျိုးနဲ့ အနီရောင်တန်းပြီးအကောင်းနည်းနည်းကြီးတဲ့ပုံစံ စသဖြင့် အကောင်နှစ်မျိုးရှိရာ အနီရောင်တန်းပြီး နည်းနည်းကြီးတဲ့အကောင်မျိုး ဝယ်ယူတာမရှိဘူးလို့ သိရပါတယ်။ ဒီကျောက်ဂျပိုးတွေကို ပူတာအို၊ ချီဖွေ ဒေသခံတွေက ဟင်းပွဲအဖြစ်စားသုံးကြတာလည်း ရှိသလို အဓိကတော့ တရုတ်တွေ စျေးကောင်းပေးဝယ်တာကြောင့် စီးပွားဖြစ် ဝင်ငွေအတွက် ကျောက်ဂျပိုးအကောင်ကို ရှာဖွေကြတာ ပိုများပါတယ်။ တရုတ်ပြည်ဘက်မှာတော့ ဒါကို အဖိုးတန်တစ်ခုအဖြစ် စျေးကောင်းပေးဝယ်ပြီး အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ကင်ဆာ စတဲ့ရောဂါတွေနဲ့ပတ်သက်တဲ့ ဆေးဝါးဖော်စပ်တဲ့နေရာမှာ အဓိကသုံးသလို ဟင်းခတ်အမွေးအကြိုင်အဖြစ် ဖေစပ်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတယ်လို့ တရုတ်ကုန်သည်တွေ ပြောဆိုချက်အရ သိရတယ်လို့ ကျောက်ဂျပိုးဖောက်သည်တွေက ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ
Read More » -
21 Novemberသတင်း
ချီဖွေ၊ ပန်ဝါလမ်းပိုင်း KIA ဂိတ်စောင့်တဲ့ တပ်ဖွဲ့ဝင်တွေကို သေချာစီစစ်ခန့်အပ်ဖို့ ဒေသခံတွေတောင်းဆို
ချီဖွေ – ပန်ဝါကြား KIA ဂိတ်နေရာတွေမှာ လမ်းသွားလမ်းလာပြည်သူတွေနဲ့ ဂိတ်စောင့်တဲ့တပ်ဖွဲ့ဝင်တွေကြား ပြဿနာမဖြစ်အောင် တာဝန်ရှိသူတွေအနေနဲ့ သေချာစွာ တာဝန်ယူလုပ်ဆောင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ချီဖွေမြို့ကနေ ၁၄ မိုင်အကွာ ချီဖွေနဲ့ ပန်ဝါကြား လန်ဂျော်ရွာအထက် လုပ်ဝါန်ရွာ…
Read More » -
Jun- 2025 -13 Juneသတင်း
ရေဘေးသင့် ချီဖွေစစ်ရှောင်တွေကို နေရပ်ပြန်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးမယ်လို့ ချီဖွေအုပ်ချုပ်ရေးအဖွဲ့ပြော
ကချင်ပြည်နယ်၊ ချီဖွေမြို့တွင်း ရေဘေးသင့်ခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မိမိနေရပ်ပြန်လည်နေထိုင်နိုင်ရေး ဦးစားပေးဆောင်ရွက်ပေးသွားမယ်လို့ ချီဖွေမြို့ KIO အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ချီဖွေမြို့မှာ မေခမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်ရှိ နေအိမ်တွေနဲ့စစ်ရှောင်စခန်းအားလုံးနီးပါး ရေထဲမျှောပါသွားတဲ့အတွက် စစ်ရှောင်အိမ်ခြေ ၁၇၁ အိမ်နဲ့လူဦးရေစုစုပေါင်း ၈၁၈ ဦးရှိရေဘေးသင့်ခဲ့တယ်လို့ သိရပြီး ဒီစစ်ရှောင်အားလုံးကို နေရပ်ပြန်လည်နေထိုင်နိုင်ရေး အဓိကလုပ်ဆောင်သွားမယ်လို့ ချီဖွေမြို့ KIO တာဝန်ရှိသူတစ်ဦး KNG ကို ပြောပါတယ်။ “နေစရာနဲ့ပတ်သက်ရင်တော့ ဒီဘက်မှာတော့ ဘာပဲဖြစ်ဖြစ် စစ်ရှောင်ဆိုပေမဲ့ အခြားစစ်နဲ့ပတ်သက်တာစိုးရိမ်စရာတွေမရှိတော့တာကြောင့် နဂိုမူလ မိမိနေရပ်ကျေးရွာကို ပြန်လို့ရတဲ့သူတွေများတာကြောင့်အဲဒီဘက်ကိုပဲ အားစိုက်ထောက်ပံ့ပေးသွားဖို့ ပြင်ဆင်ထားတယ်။ ဒီမိုးတွင်းတော့မဟုတ်ဘူး။မိုးတွင်းကုန် သွားလာရေးအဆင်ပြေလာပြီဆိုရင်တော့ မိမိမူလနေရပ်ကို ပြန်သွားကြဖို့ အဓိကအစီအစဉ်ဆွဲနေပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာ ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာကို ချီဖွေမြို့သက်ဆိုင်ရာ KIO ကော်မတီအဖွဲ့က ထောက်ပံ့ပေးနေတယ်လို့သိရပြီး ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအားလုံးက ချီဖွေမြို့ရှိ အသင်းတော်ဘုရားကျောင်းဝင်းတွေနဲ့ ဆွေမျိုးအသိအိမ်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပြီး KBC စစ်ဘေးရှောင်စခန်းနဲ့ လော်ဝေါ်နှစ်ခြင်း စစ်ရှောင်စခန်းထဲက စစ်ဘေးရှောင်ပြည်သူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော ဒီရေဘေးသင့်ပြည်သူတွေကို ချီဖွေမြို့သက်ဆိုင်ရာ KIO အစိုးရက အရင်ဦးဆုံး တစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး လက်ရှိမှာတော့ နေရပ်မပြန်သေးခင်ကာလမှာနေဖို့ စစ်ရှောင်တွေအတွက်ယာယီနေရာချထားရေးအတွက် ပြင်ဆင်သွားဖို့ရှိတယ်လို့ပြောပါတယ်။ ဒီနှစ်ရဲ့မေခမြစ်ရေမြင့်တက်မှုဟာ ယခင်နှစ်ထက် စံချိန်တင်မြင့်တက်ခဲ့တာကြောင့် စစ်ရှောင်စခန်းအားလုံးရေထဲမျောပါသွားတဲ့အတွက် စစ်ရှောင်တွေဟာ အခြေခံစားသောက် ကုန်နဲ့အသုံးအဆောင်၊အဝတ်အထည်တွေလည်း အားလုံးဆုံးရှုံးခဲ့ကြရတာလို့ဆိုပါတယ်။ ဒါကြောင့်…
Read More » -
3 Juneသတင်း
လမ်းပိုင်းမြေပြိုမှုကြောင့် ရေဘေးသင့်ချီဖွေဒေသမှာကုန်စည်ပြတ်လပ်နိုင်
ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာဒေသတစ်ဝှိုက် မိုးသည်းထန်စွာရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်းမြေပြိုမှု တွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကိုစိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ် ဒေသတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်း၊ ဒေသခံတွေနေအိမ်တစ်ချို့အပါအဝင်…
Read More » -
2 Juneသတင်း
မြစ်ကြီးနားဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျားပိုင်းမှာမိုးကြီးနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျာပိုင်းဒေသဖြစ်တဲ့ ချီဖွေမြို့နယ်ဘက်မှာ မိုးကြီးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီးတရွေ့ရွေ့နဲ့တက်လာတဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်ကစလို့ နာရီဝက်အတွင်း ၂ လက်မခန့်နှုန်းနဲ့ မြစ်ရေစကျနေပြီလို့ ကချင်ပြည်နယ်မိုးဇလရဲ့ ဦးစီးမှူး ဦးနိုင်လင်းထွေးက သူ့ရဲ့ ဖေ့ဘုတ်စ်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။ “တိုင်ကိုကြည့်လိုက်ပါ။ ရေလည်းငြိမ်သွားပါပြီ။ မနက် ၄ နာရီခွဲကနေစပြီးမှ…
Read More » -
May- 2025 -31 Mayသတင်း
ချီဖွေမြို့မှာ မေခမြစ်ရေမြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်
ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မေခမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကစပြီး ချီဖွေ၊ပန်ဝါ၊ဆော့လော်၊လန်ဆယ်၊ခေါင်လန်ဖူး၊ပူတာအိုဘက်မှာ မိုးသည်းထန်စွာရွာသွန်းနေတာ တစ်ပတ်ကျော်ကြာလာချိန် မေခမြစ်ရေကလည်း တဖြည်းဖြည်းမြင့်လာတာဖြစ်ပါတယ်။ မေလ ၃၀ ရက်ညအထိ မြို့ထဲရေဝင်ရောက်တာမရှိသေးပေမယ့် မေလ ၃၁…
Read More »









