ချီဖွေ

  • Jun- 2025 -
    2 June
    သတင်း

    မြစ်ကြီးနားဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျားပိုင်းမှာမိုးကြီးနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ဧရာဝတီမြစ်ရေကျဆင်းလာပေမဲ့ မြစ်ဖျာပိုင်းဒေသဖြစ်တဲ့ ချီဖွေမြို့နယ်ဘက်မှာ မိုးကြီးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကစပြီးတရွေ့ရွေ့နဲ့တက်လာတဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့ ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်ကစလို့ နာရီဝက်အတွင်း ၂ လက်မခန့်နှုန်းနဲ့ မြစ်ရေစကျနေပြီလို့ ကချင်ပြည်နယ်မိုးဇလရဲ့ ဦးစီးမှူး ဦးနိုင်လင်းထွေးက သူ့ရဲ့ ဖေ့ဘုတ်စ်ကတစ်ဆင့် ကြေညာလိုက်ပါတယ်။ “တိုင်ကိုကြည့်လိုက်ပါ။ ရေလည်းငြိမ်သွားပါပြီ။ မနက် ၄ နာရီခွဲကနေစပြီးမှ…

    Read More »
  • May- 2025 -
    31 May
    သတင်း

    ချီဖွေမြို့မှာ မေခမြစ်ရေမြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်

    ကချင်ပြည်နယ်အထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မေခမြစ်ရေဆက်မြင့်တက်နေဆဲဖြစ်ပြီး စစ်ရှောင်စခန်းအများပိုင်း ရေနစ်မြုပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကစပြီး ချီဖွေ၊ပန်ဝါ၊ဆော့လော်၊လန်ဆယ်၊ခေါင်လန်ဖူး၊ပူတာအိုဘက်မှာ မိုးသည်းထန်စွာရွာသွန်းနေတာ တစ်ပတ်ကျော်ကြာလာချိန် မေခမြစ်ရေကလည်း တဖြည်းဖြည်းမြင့်လာတာဖြစ်ပါတယ်။ မေလ ၃၀ ရက်ညအထိ မြို့ထဲရေဝင်ရောက်တာမရှိသေးပေမယ့် မေလ ၃၁…

    Read More »
  • 6 May
    သတင်း

    ဝိုင်းမော်မှာ နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်မှုရှိနေ

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့– ဆဒုံး–ချီဖွေ သွားလမ်းမပေါ်ရှိ လမြန်ရွာနဲ့ ဝိုင်းမော်– ဗန်းမော်သွားလမ်း ဝိုင်းမော်မြို့အထွက်နေရာမှာ မေလ ၄၊၅ ရက်နေ့မှာ အပြန်လှန်ပစ်ခတ်တာတွေရှ်ိနေပြီး နှစ်ဖက်တပ်အကြား…

    Read More »
  • Mar- 2025 -
    19 March
    သတင်း

    ချီဖွေမှာ တာဝန်ကျတဲ့ KIO အုပ်ချုပ်ရေးဝန်ထမ်းတွေ ပြည်သူကို ငဲ့ညာဖို့ တောင်းဆို

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းပိုက်ထားတဲ့ ချီဖွေမြို့မှာ တာဝန်ကျတဲ့ အုပ်ချုပ်ရေးတာဝန်ခံသူတွေအနေနဲ့ အရပ်သားဆက်ဆံရေးကို ကြိုးစားမြင့်တင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေကြပါတယ်။ ချီဖွေမြို့ကို KIA သိမ်းပိုက်လိုက်ပြီးနောက် အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတာ ၆ လခန့်ကြာလာချိန် ဒေသအတွင်း အုပ်ချုပ်ရေးပိုင်းတာဝန်ရယူထားတဲ့ KIO အရာရှိတစ်ချို့ရဲ့ လုပ်ရပ်တွေအပေါ်  ချီဖွေဒေသခံတွေက KNG သတင်းဌာနကို ပြောဆိုလာတာ ဖြစ်ပါတယ်။ အစိုးရ တာဝန်ခံတွေအနေနဲ့ အရပ်သားတွေ နဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ကြမ်းတမ်းတဲ့…

    Read More »
  • 5 March
    သတင်း

    ချီဖွေ၊ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ကြုံ

    ကချင်ပြည်နယ် ချီဖွေ၊ပန်ဝါဒေသမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက်ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ခဲကြုံနေတယ်လို့ ရွေ့ပြောင်းလုပ်သားများဆီကနေ သိရပါတယ်။ မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ပန်ဝါဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းလိုက်တဲ့နောက်ပိုင်း မြေရှားလုပ်ကွက်အများပိုင်းကို ပိတ်သိမ်းလိုက်တာကြောင့် အလုပ်အကိုင်ရှားပါးလာတာဖြစ်တယ်လို့ ပန်ဝါ‌ဒေသရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်၊၊  “ဒီမှာဆက်နေမယ်ဆိုရင်လည်း အလုပ်ကမရှိ စားဖို့တောင်မရှိလာတော့ဘူး။ သတ္တုဆိုဒ်အားလုံးလိုလို နားထားကြပြီ”လို့ ပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်အနီးဆုံးတည်ရှိပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မြန်မာပြည်နေရာအနှံ့ လူငယ်၊လူလတ်ပိုင်း‌တွေဟာ မြေရှားသတ္တုလုပ်ကွက်မှာ အလုပ်လာရောက်လုပ်ကိုင်သူတွေများတဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် နယ်ခြားစောင့်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့အပါအဝင် ချီ‌ဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြတ်သန်းခွင့်အပါအဝင်၊ မြေရှားသတ္တုလုပ်ကွက်အများပိုင်း ပိတ်သိမ်းလိုက်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့များလာပြီး နေရပ်ပြန်ဖို့ ခရီးစရိတ်မရှိတဲ့အထိ ခက်ခဲကြပ်တည်းနေကြတယ်လို့ ပန်ဝါဒေသရောက် ရွေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။ “ဒီမှာအလုပ်လာရှာနေတာလည်းကြာပြီ၊ အိမ်ကယူခဲ့ပိုက်ဆံလည်းကုန်နေပြီ။ အိမ်ကိုပြန်သွားရအောင်လည်း လမ်းစရိတ်ကမရှိ၊အခုတောင်သူငယ်ချင်းဆီကပ်နေတာ။ အလုပ်အရမ်းရှားသွားပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေဟာ စားဝတ်နေရေးခက်ခဲကြပ်တည်းတဲ့အပြင် ပန်ဝါ–ချီဖွ– မြစ်ကြီးနား လမ်းပိုင်းမှာလည်း KIA တပ်ဖွဲ့ တပ်သားသစ်စု ဆောင်းတာတွေရှိနေတဲ့အတွက် နေရပ်ပြန်ဖို့လည်း စိုးရိမ် နေရတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။ နှစ်ပေါင်း ၅၅ ထိန်းချုပ်ထားတဲ့  ကချင်အထူးဒေသ ၁ ဌာနချုပ် ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ သိမ်းပိုက်ပြီး၊ ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့ သိမ်းပိုက်လိုက်တဲ့နောက် မြေရှားသတ္တုလုပ်ကွက် အားလုံးနီးပါးပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ ခုလို အလုပ်ကိုင်ရှားပါးမှု‌ကြောင့် ရွှေ့ပြောင်းလုပ်သားများအပြင် ဒေသခံတွေတစ်ဖက်တစ်လမ်းဝင်ငွေရရှိနေတဲ့ ကုန်စုံဆိုင်နဲ့ တစ်ခြားစီးပွားရေးလုပ်ငန်း‌တွေမှာလည်း ခက်ခဲမှုရှိလာတယ်လို့ ချီဖွေမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အရင်လို ရောင်းမကောင်းတော့ဘူး ပန်ဝါဘက်က အလုပ်ဖွင့်မှ အလုပ်သမားတွေပဲ အများပိုင်းဝယ်တာဟုတယ်တယ်။ ခုက ကုန်ခြောက်နည်းနည်းပါးပါးပဲရောင်းရတယ်”လို့ပြောပါတယ်။ …

    Read More »
  • Dec- 2024 -
    2 December
    သတင်း

    ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း နယ်စပ်ဒေသတွေဖြစ်တဲ့  ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တည်၊ ပန်ဝါ စတဲ့မြို့တွေအပါအဝင် နယ်မြေအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်လိုက်ပြီးနောက် KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲ တာအပြင် မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်ပြီး စစ်ရေးလှုပ်ရှားတာမှု စတင်လာတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။  “ဒီတလောက ပိုသိသာလာတယ် သူတို့ သတင်းဘယ်လိုတွေရနေလဲတော့ မသိဘူး။ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းတွေပိတ်ထားတယ်။ ပန်ဝါ၊ကန်ပိုင်တည်သိမ်းပြီးနောက် ဒီဘက်မှာ အခြေအနေထူးလာတယ်…

    Read More »
  • Nov- 2024 -
    15 November
    သတင်း

    KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို

    ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။…

    Read More »
  • Oct- 2024 -
    28 October
    အင်တာဗျူး

    နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ

    မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ(၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ KIA ရဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ…

    Read More »
  • 20 October
    သတင်းဆောင်းပါး

    စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ 

    နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…

    Read More »
  • 16 October
    သတင်း

    ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော

    ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင်…

    Read More »
Back to top button