ငှက်ပျော

  • May- 2024 -
    24 May
    သတင်း

    ဝိုင်းမော်မှာ ငှက်ပျောသီးတင်တဲ့ကားရာနဲ့ချီပိတ်မိနေ

    ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ယာဥ်တန်းများလွန်းတဲ့အတွက် ငှက်ပျောသီးကားရာနဲ့ချီ ခတ်ချိုကျေးရွာတစ်ဝိုက်မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားအများစုက မြစ်ကြီးနားမြို့ဘက်ကို အဓိက ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ကြတဲ့အရပ်သားကလည်း သောင်းနဲ့ချီရှိပြီး ဝိုင်းမော်ကနေ မြစ်ကြီးနားမြို့ဘက်ကိုသွားရာလမ်းကြောင်းကလည်း တစ်လမ်းတည်းရှိတဲ့ အတွက် အခုလိုကားတွေပိတ်မိကုန်ကြတာလို့ ဒေသခံတစ်ယောက်ကပြောပါ တယ်။ “နေ့တိုင်းသွားနေကြတာပဲ မြစ်ကြီးနားဘက်ကို ပြွတ်သိပ်ပြီးတော့ပေါ့ လမ်းက လည်းဒီတစ်လမ်းပဲရှိတာကို တန်းဆီပြီးတော့ပိတ်နေကြတာ ခတ်ချိုဘက်မှာဆို ငှက်ပျောကားတွေဆိုရာချီတယ် ပိတ်နေတာ သူတို့က ကွေ့လို့လည်းမရ တွဲကား ကြီးတွေဆိုတော့လေ”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်နဲ့မြစ်ကြီးနားမြို့တို့အကြား ဧရာဝတီမြစ်ခြားထားပြီး တစ်ဖက်ကမ်း ကိုကူးဖို့အသုံးပြုလို့ရတဲ့ မြစ်ကူးတံတားက ဗလမင်းထင်တံတားတစ်စင်းပဲရှိတာ ဖြစ်ပါတယ်။ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၄ ရက်အတွင်း ဝိုင်းမော်မြို့နယ်ထဲက အရပ်သား သောင်းနဲ့ချီ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး အရပ်သားအားလုံးတိမ်းရှောင်ခဲ့ရတဲ့ ခတ်ချိုရွာတစ်ဝှိုက်မှာတော့ နေအိမ်ဖောက် ထွင်းခံရတာတွေရှိနေတယ်လို့ သိရပါတယ်။ “အခုကအကုန်လုံးလိုလိုထွက်ပြေးကုန်ကြတာ လမ်းမှာတွေ့ခဲ့တာဆိုရင် ခိုးတဲ့လူ တွေက ကားနဲ့ကိုခိုးကြတာချောင်းနေကြတာ အဲ့လိုတွေဖြစ်နေတာပေါ့ “လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ဗန်းမော်ကနေ ဝိုင်းမော်ကိုလာတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်အဝင်ဆိုင်းဘုတ် အထိ နေရာယူထားကြပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်ရင်းတစ်ခု သာကျန်ရှိတော့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့စစ်ရေးပြင်းထန်လာတာနဲ့အတူ အရပ်သားတွေထွက်ပြေးရတဲ့ နှုန်း ဆက်တိုက်မြှင့်တက်နေသလိုတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးတွေ ကြောင့်ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Apr- 2024 -
    5 April
    သတင်း

    လမ်းခရီးကြောင့် တရုတ်ဘက်ပို့လို့မရတော့တဲ့ ဖရဲသီးနဲ့ငှက်ပျောသ်ီးများ ပြည်သူတွေကိုဝေပေးနေ

    စစ်ရေးတင်းမာနေတဲ့ ဗန်းမော်– လွယ်ဂျယ်သွားသွားလမ်းမကြီးပိတ်ထားလို့ တရုတ်ပြည်ဘက်သွင်းမယ့် ငှက်ပျောသီးနဲ့ ဖရဲသီးတွေကို ကားသမားတွေဟာ မြို့မှာရှိတဲ့ပြည်သူတွေကို လိုက်ဝေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မှာတော့ ၁၂ ဘီးကားအပြည့်တင်ထားတဲ့ ဖရဲသီးတင်ထားတဲ့ကားနဲ့ ငှက်ပျောသီးတင်ထားတဲ့ကားတွေဟာ တရုတ်ပြည်ဘက်ကိုပို့ဖို့အဆင်မပြေတော့တဲ့အတွက် လူများတဲ့ဗန်းမော်မြို့ထဲက ရပ်ကွက်၊ ကျေးရွာတွေမှာရပ်ပြီး လိုက်ဝေပေးနေတယ်လို့ ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ငှက်ပျော၊ ဖရဲကားတွေက လူများလောက်တဲ့နေရာတွေမှာရပ်ပြီး ဝေပေးနေကြတယ် တက်ယူတဲ့သူတွေကယူနဲ့ ကြိုက်သလောက် ယူနေကြတယ်။ တစ်ချို့က သုံးဘီးတွေနဲ့ တောင်လာယူကြတယ်၊ ဆိုင်ကယ်တွေနဲ့ရောဘဲ တင်ယူနေကြတယ်”လို့ပြောပါတယ်။ ဒီအသီးတွေဟာ ဗန်းမော်မြို့နယ် မန်တောင်၊ စီကော်၊ နောင်းဖောင်၊ နောင်လိုက်၊ မအူပင်၊ မန်ရွတ်၊ အောက်ခြောက်လမ်း၊ ငအိုဘက်လမ်းတွေစတဲ့ ငှက်ပျောခြံ၊ ဖရဲခြံတွေတင်လာတာဖြစ်ပြီး လမ်းခရီးအခက်ခဲကြောင့် တရုတ်ပြည်မပို့နိုင်တော့တာကြောင့် ခုလိုရပ်ကွက်၊ကျေးရွာတွေမှာ လိုက်ဝေပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ငှက်ပျောကား၊ ဖရဲကားတွေအနေနဲ့ အခုလို ရပ်ကွက်တွေမှာဘဲ လိုက်ဝေတာမျိုးအပြင် စစ်ဘေးရှောင်တွေဆီလည်း သွားရောက်လှူဒါန်းပေးစေချင်တယ်လို့လည်း ဗန်းမော်မြို့ဒေသခံတစ်ယောက်က ဆိုပါတယ်။ ဗန်းမော်–လွယ်ဂျယ်လမ်းပိတ်သွားပြီးနောက် လက်ရှိမှာ တရုတ်ပြည်ဘက်ကိုသွားနိုင်မယ့် တရားမဝင် မှောင်ခိုလမ်းတွေရှိပေမဲ့ အဲ့ဒီလမ်းကြောင်းတွေမှာ လေယာဉ်နဲ့ ပစ်ခတ်တာမျိုးတွေရှိတဲ့အတွက် အန္တာရယ်များတယ်လို့ ကားသမားတစ်ယောက်က ကိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ လမ်းမပိတ်ခင်ကတည်းက အန္တရာယ်များလို့ မသွားဖြစ်တော့တာ  သွားတဲ့သူတွေကျတော့လည်း ဒီလမ်းပိတ်သွားပေမဲ့ တင်ပြီးသားဖြစ်တဲ့အတွက် ရောက်အောင်သာသွားလိုက်တယ် အဆင်မပြေတာတွေ အများကြီးဖြစ်တယ်။ လမ်းကြောင်းမှာ လေယာဉ်ပစ်တာတို့ ရှိတယ် တရားဝင်လမ်းမဟုတ်တဲ့အတွက်ကြောင့်လေ”လို့ပြောပါတယ်။ အထက်ပါ တရားမဝင်လမ်းကြောင်းအတိုင်းသွားလို့ရပေမယ့် တစ်ဖက်မှာတရုတ်ဘက်ကခွင့်မပြုလျှင် အဆင်မပြေမှုတွေရှိလာနိုင်တာကြောင့် ကားသမားတွေအနေနဲ့ ကားဆက်မသွားတော့ဘဲ အခုလိုလိုက်ဝေးပေးနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဗန်းမော်–လွယ်ဂျယ် လမ်းတစ်လျှောက် ဂိတ်စုစုပေါင်း ၈ ဂိတ်လောက်ရှိတယ်လို့  သိရပြီး ဂိတ်စခန်းတစ်ချို့ကု KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားတာတွေရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဗန်းမော်– လွယ်ဂျယ်သွားလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်စခန်းတွေကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတဲ့အတွက် လုံးဝသွားလို့မရတော့တဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ By – Bu Bu

    Read More »
Back to top button