သတင်း

ဝိုင်းမော်မှာ ငှက်ပျောသီးတင်တဲ့ကားရာနဲ့ချီပိတ်မိနေ

ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ယာဥ်တန်းများလွန်းတဲ့အတွက် ငှက်ပျောသီးကားရာနဲ့ချီ ခတ်ချိုကျေးရွာတစ်ဝိုက်မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီးတော့ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားအများစုက မြစ်ကြီးနားမြို့ဘက်ကို အဓိက ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်ကြတဲ့အရပ်သားကလည်း သောင်းနဲ့ချီရှိပြီး ဝိုင်းမော်ကနေ မြစ်ကြီးနားမြို့ဘက်ကိုသွားရာလမ်းကြောင်းကလည်း တစ်လမ်းတည်းရှိတဲ့ အတွက် အခုလိုကားတွေပိတ်မိကုန်ကြတာလို့ ဒေသခံတစ်ယောက်ကပြောပါ တယ်။

နေ့တိုင်းသွားနေကြတာပဲ မြစ်ကြီးနားဘက်ကို ပြွတ်သိပ်ပြီးတော့ပေါ့ လမ်းက လည်းဒီတစ်လမ်းပဲရှိတာကို တန်းဆီပြီးတော့ပိတ်နေကြတာ ခတ်ချိုဘက်မှာဆို ငှက်ပျောကားတွေဆိုရာချီတယ် ပိတ်နေတာ သူတို့က ကွေ့လို့လည်းမရ တွဲကား ကြီးတွေဆိုတော့လေလို့ပြောပါတယ်။

ဝိုင်းမော်မြို့နယ်နဲ့မြစ်ကြီးနားမြို့တို့အကြား ဧရာဝတီမြစ်ခြားထားပြီး တစ်ဖက်ကမ်း ကိုကူးဖို့အသုံးပြုလို့ရတဲ့ မြစ်ကူးတံတားက ဗလမင်းထင်တံတားတစ်စင်းပဲရှိတာ ဖြစ်ပါတယ်။

နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့  ရက်အတွင်း ဝိုင်းမော်မြို့နယ်ထဲက အရပ်သား သောင်းနဲ့ချီ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပြီး အရပ်သားအားလုံးတိမ်းရှောင်ခဲ့ရတဲ့ ခတ်ချိုရွာတစ်ဝှိုက်မှာတော့ နေအိမ်ဖောက် ထွင်းခံရတာတွေရှိနေတယ်လို့ သိရပါတယ်။

အခုကအကုန်လုံးလိုလိုထွက်ပြေးကုန်ကြတာ လမ်းမှာတွေ့ခဲ့တာဆိုရင် ခိုးတဲ့လူ တွေက ကားနဲ့ကိုခိုးကြတာချောင်းနေကြတာ အဲ့လိုတွေဖြစ်နေတာပေါ့ “လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ဗန်းမော်ကနေ ဝိုင်းမော်ကိုလာတဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်အဝင်ဆိုင်းဘုတ် အထိ နေရာယူထားကြပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ ဝိုင်းမော်မြို့ပေါ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခလရ ၅၈ တပ်ရင်းတစ်ခု သာကျန်ရှိတော့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့စစ်ရေးပြင်းထန်လာတာနဲ့အတူ အရပ်သားတွေထွက်ပြေးရတဲ့ နှုန်း ဆက်တိုက်မြှင့်တက်နေသလိုတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးတွေ ကြောင့်ထိခိုက်သေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button