စက်သုံးဆီ

  • Mar- 2026 -
    26 March
    သတင်း

    မြစ်ကြီးနား-မန္တလေးကားခ ခြောက်သိန်းထိရှိလာ

    စက်သုံးဆီစျေးမြင့်တက်လာတဲ့အတွက် မြစ်ကြီးနား–မန္တလေးကားခ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) အထိစျေးမြင့်တက်သွားကြောင်း မြစ်ကြီးနားကားဂိတ်မှူးတွေပြောပါတယ်။ ကချင်ပြည်နယ်ထဲကိုပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအားလုံး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကစပြီးရပ်နားထားသလို လတ်တလောမှာလည်း စက်သုံးဆီဈေးအဆမတန်မြင့်တက်လာတာကြောင့် ကားခတွေ  ပုံမှန်ထက် တစ်ဆကျော်စျေးမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့မှ ဂိတ်မှူး(ကားဂိတ်)တစ်ဦးက KNG ကိုပြောပါတယ်။ “ဈေးနှုန်းက အံစာတုံး(အိမ္စီးကား အကြီး)ကတော့တစ်ယောက်ကို နှစ်သိန်းခွဲပါနောက်ပြီးတော့ လူလေးယောက်ပဲထိုင်လို့ရတဲ့ အိမ္စီးကား (AD Van)ကတော့တစ်ယောက်ကို ငါးသိန်းပါ ဒါပေမယ့်မန္တလေးကနေ မြစ်ကြီးနားအတက်ဆိုရင်တော့ခြောက်သိန်းပါဗျ။ ဈေးကတော့ပုံမှန်ထက်ကိုတစ်ဆတက်တယ်ပြောရမယ် ဆီဈေးကြောင့်ပါ”လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လေကြောင်းလိုင်းတွေမရပ်နားမှီနဲ့စက်သုံးဆီစျေးမတက်ခင် မြစ်ကြီးနား – မန္တလေးလမ်းပိုင်း အံစာတုံးကားမှာ  ခရီးသည်တစ်ဦး ကျပ် ၁၅၀၀၀၀ (တစ်သိန်းခွဲ)၊ AD Van ကားမှာ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) နဲ့ နှစ်သိန်းခွဲကြားသာရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အံစာတုံးနဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၂၅၀၀၀၀ (နှစ်သိန်းခွဲ )AD Van နဲ့ဆိုရင် ခရီးသည်တစ်ဦး ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း)အထိစျေးမြင့်တက်သွားကြောင်းသိရပါတယ်။ ခုလို အံစာတုံးကားနဲ့ AD Van ကားခ တစ်ဆကျော်ကွာဟနေတာနဲ့ပတ်သက်ပြီး ကားသမားတစ်ဦးက အခုလိုပြောပါတယ်။ “အံစာတုံးကေတာ့ လူလည်းများတယ် ပြီးတော့ AD Van လောက်မမြန်ဘူးစီးရတဲ့အရသာလည်းကွာတယ် မန္တလေးရောက်ရင်လည်းအိမ်အရောက်မပို့ပေးဘူး။ AD Van ကတော့ လူလေးလေးယောက်ပဲစီးလို့ရမယ် မြန်လည်းမြန်တယ် နောက်ပြီးမန္တလေးရောက်ရင်လည်း အိမ်အရောက်လိုက်ပို့ပါတယ် တခြားကားတွေက ဂိတ်မှာချပေးပြီးအဲ့ကနေတဆင့်အိမ်အထိ Taxi ငှား အိုးဝေပဲငှားလည်း ငါးသောင်း ခြောက်သောင်းကပေးရတယ်လေး”လို့ သူကပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြစ်ကြီးနား မန္တလေးကြားထဲက စစ်ကိုင်းတိုင်း ကန့်ဘလူ၊ကောလင်းစတဲ့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေကြောင့် တစ်ခါတစ်လေ သုံးညအထိညအိပ်ခရီးသွားနေရကြောင်းသိရပါတယ်။ “လက်ရှိလမ်းကြောခြေနေက အာမခံလို့မရဘူးနော် လမ်းကြောကောင်းရင် တစ်ညအိပ်နဲ့ပဲရောက်ပါတယ် လမ်းကြောမကောင်းရင်တော့ သုံးညလောက်လမ်းမှာအိပ်ရတယ် ဒါကတော့ပုံမှန်ခြေနေပါအခုတလောမှမဟုတ်ဘူး ပုံမှန်ပဲ”လို့ မန္တလေး ကားဂိတ်တာဝန်ရှိအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ အခုလို စက်သုံးဆီဈေးမြင့်တက်လာတဲ့နောက် ခရီးသည်တွေရဲ့ကားခအပြင် နောက်ထပ်တန်ဆာခတွေလည်း တစ်ဆမြင့်တက်သွားကြောင်း မြစ်ကြီးနားမြိုခံမှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက KNG ကိုပြောပါတယ်။ “တန်ဆာခတက်တယ်ကြာပြီဈေးတွေစတက်ကတည်းကပဲ အရင် ငါးသောင်းပဲကျတဲ့ ဂျက်ဖာတစ်ခုကအခုကတစ်သိန်းပေးရတယ် အလေးချိန်လည်းအတူတူပဲ ဂျက်ဖာကလည်းအတူတူပဲ တန်ဆာခကတော့မတရားကိုတက်တယ်”လို့ သူကပြောပါတယ်။…

    Read More »
  • 6 March
    သတင်း

    ကချင်မှာ စက်သုံးဆီရောင်းဝယ်မှုအခြေနေ ဘယ်လိုရှိနေသလဲ

    အစ္စရေး၊ အမေရိကန် နဲ့ အီရန်စစ်ပွဲကြောင့် နောက်ဆက်တွဲအနေနဲ့ စက်သုံးဆီမလုံလောက်မှာကိုကမ္ဘာတစ်ဝှမ်းက ကြုံနေရချိန် မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်မှာလည်း စက်သုံးဆီတွေကိုအလုအယက်ဝယ်ယူမှုတွေရှိနေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက် ရှိလာပြီဖြစ်ပါတယ်။ နိုင်ငံတွင်း စက်သုံးဆီပြတ်လပ်သွားမယ့်အခြေနေမရှိဘူးလို့ စစ်ကော်မရှင်ရဲ့ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထုတ်ပြောထားပေမဲ့…

    Read More »
  • 4 March
    သတင်း

    ကချင်ပြည်နယ်ရဲ့မြို့နယ်တစ်ချို့မှာ ဆီဆိုင်အများပိုင်းပိတ်၊ စက်သုံးဆီအကန့်သတ်နဲ့ဝယ်ယူနေရ

    ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ ပူတာအို၊ တနိုင်း စတဲ့မြို့တွေမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ကစလို့ ဆီဆိုင်တွေမှာတန်းစီနေတဲ့လူတန်းရှည်ကြီးတွေတွေ့လာရသလို စက်သုံးဆီဆိုင်တချို့က အကန့်အသတ်ဖြင့်သာဆီကို ရောင်းချ တာ၊ တချို့ဆိုင်တွေဆိုပိတ်ထားရတာတွေရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာတော့ ဒီကနေ့မတ်လ…

    Read More »
  • Sep- 2025 -
    1 September
    သတင်း

    လေရှီး-လဟယ် ရေလမ်းကြောင်း စစ်တပ်ကပိတ်ထားလို့ လဟယ်မှာ စက်သုံးဆီနဲ့ ဆန်တွေပြတ်လပ်

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊လဟယ်ဘက်သွားတဲ့ရေကြောင်းလမ်းကို စစ်ကောင်စီတပ်ကခန္တီးမြို့ကနေ ပိတ်ထားလို့ လဟယ်မြို့မှာ ဆန်နဲ့စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လေရှီး၊လဟယ်မြို့နယ်တွေအတွက် ကုန်စည်သယ်ယူဖို့နဲ့ခရီးသွားလာဖို့ အဓိကအသုံးများတဲ့ ခန္တီး–လဟယ်–လေရှီး ချင်းတွင်းမြစ်ကြောင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ဒုတိယအပတ်ကစပြီး ခန္တီးမြို့ကနေ ပိတ်ထားတာဖြစ်တယ်လို့…

    Read More »
  • Jan- 2025 -
    6 January
    သတင်း

    စက်သုံးဆီ တင်ပို့သူ ၁၇ ဦး နဲ့ ဆီဂါလန် ၆ သောင်းကျော်ကို စစ်ကောင်စီ ဖမ်းဆီး

    ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း အပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်ပို့သူ ၁၇ ဦးနဲ့ စက်သုံးဆီမျိုးစုံ ဂါလန်ပေါင်း ၆ သောင်းကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ် ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊…

    Read More »
  • Dec- 2024 -
    3 December
    သတင်း

    ဖားကန့်မှာ စက်သုံးဆီတစ်လီတာ ကျပ်၂သောင်းဝန်းကျင်ပေးဝယ်နေရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စက်သုံးဆီ 92 တစ်လီတာကို ကျပ် ၂ သောင်းအထိပေးဝယ်နေရပြီး အကန့်အသတ်တွေနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်ထဲက စက်သုံးဆီပန့်ဆိုင်ကြီးတွေမှာတော့ စက်သုံးဆီ တစ်ဂါလံကို ကျပ် ၈သောင်း၂ထောင် အထိရှိပြီး မနက်ပိုင်းတစ်ချိန်ပဲအကန့်အသတ်တွေနဲ့ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ယောက်ကပြော ပါတယ်။ “တစ်လီတာရေသန့်တစ်ဘူး ၂ သောင်းကျော်တယ်။ ဆီကလိုသလောက်လည်းဝယ်မရဘူး။ ဆီဆိုင်ကြီးနှစ် ဆိုင်ကတော့ မနက်ပိုင်းဆိုရင်ရောင်းပေးတယ်။ ပါဆယ်မရောင်းဘူး။ ကားထဲလိုသလောက်တော့ရောင်းပေး တယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေ တရုတ်နယ်စပ် ကံပိုင်တည် မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စက်သုံးဆီဈေးနှုန်းတွေဟာ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး အတိုင်းအတာ နဲ့မြင့်တက်လာတာလို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကစတင်လို့ ကချင်ပြည်နယ်ထဲကို ကံပိုက်တည်နယ်စပ်ဂိတ်ကနေပဲ စက်သုံးဆီတွေကို တင်သွင်းဖို့ ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီကတည်းက နန့်စီးအောင်ဂိတ်ကနေ ဆီဘောက်ဆာကားတွေဖြတ်သန်းခွင့်ပိတ်ခဲ့တာလို့သိရပါတယ်။ အခုလို စက်သုံးဆီဈေးနှုန်းတွေမြင့်တက်လာတာကြောင့် စက်သုံးဆီကိုမှီခိုပြီး ရပ်တည်နေကြရတဲ့ လုပ်ငန်း တစ်ချို့ရပ်နားထားရပြီး အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ “ဆီဈေးတက်တော့ ဆိုင်ကယ်နဲ့ လုပ်စားနေတဲ့သူတွေ ဆိုင်ကယ်ကယ်ရီ၊ဆိုင်ကယ်ဈေးသည်တွေပိုပြီး ထိခိုက်တာပေါ့ ကျောက်တူးကုမ္ပဏီတွေအတွက်တော့ အခုအချိန်ထိမထခိုက်သေးဘူး။ သူတို့က ဆီလှောင် ထားတာဆိုတော့ မထိခိုက်နိုင်သေးဘူး” လို့ပြောပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်းကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုပဲတင်သွင်းခွင့်ပြုမှာဖြစ်ပြီး ကျန်မြို့တွေအားလုံးကိုပိတ်ပင်တားမြစ်လိုက်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပဲ စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့်အသိပေးခဲ့တယ်လို့ သတင်းဌာနအများစုမှဖော်ပြကြပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့ ဒီကနေ့မှာတော့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့က စက်သုံးဆီပန့် ဆိုင်တွေမှာ စက်သုံးဆီတွေပြန်လည်ရောင်းချပေးနေပြီဖြစ်ပြီး ၉၂ တစ်လီတာ ကျပ် ၁၃၀၀၀ ဝန်းကျင်ပေးဝယ်နေရတယ်လို့သိရပါတယ်။ By – အမိုး

    Read More »
  • Nov- 2024 -
    26 November
    သတင်း

    မြစ်ကြီးနားမြို့မှာ စက်သုံးဆီ တစ်လီတာ တစ်သောင်းခွဲအထိစျေးမြင့်တက်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) အထိဈေးမြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။ မြစ်ကြီးနားမြို့ နိုဝင်ဘာ လဆန်းပိုင်းအထိ စက်သုံးဆီတစ်လီတာ ကျပ်ငွေ ၁၀၀၀၀(တစ်သောင်း) ဝန်းကျင်သာရှိခဲ့ပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ စက်သုံးဆီတစ်လီတာ ကျပ် ၁၅၀၀၀ (တစ်သောင်းငါးထောင်) ထိမြင့်တက်သွားတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဒီနေ့ကတော့ တစ်လီတာကို တစ်သောင်းခွဲဟုတ်တယ်။ ဆီကမနက်ပိုင်းပဲရောင်းတာ ဝယ်ရလည်း ခက်တယ်။ ဆီကရှိတော့ရှိတယ်ထင်တယ်။ အရင်လို သိပ် မရောင်းပေးတာ။ အခုက မျှမျှပြီး ရောင်းနေတာ။ ဈေးတွေကလည်း တက်နေတာပေါ့”လို့ ပြောပါတယ်။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေဟာ မြစ်ကြီးနား– မန္တလေးလမ်း၊မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ကစ ကချင်ပြည်နယ်နယ်စပ် စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းတွေကို  KIA ပူးပေါင်းတပ်က စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်လာတာကြောင့် မြစ်ကြီးနား– မန္တလေးသွားလမ်းပိုင်း သွားလာခွင့်ပိတ်သွားခဲ့ပြီး စက်သုံးဆီကားများအဝင်ရပ်တန့်သွားခဲ့ပါတယ်။ မြစ်ကြီးနား– မန္တလေးလမ်းပိုင်း စက်သုံးဆီကားအဝင်မရှိတော့ပေမယ့် မြစ်ကြီးနား– ကန်ပိုင်တည်လမ်းကြောင်းကနေ ဝင်ရောက်နေသေးတာကြောင့် ဩဂုတ်လကနေ အောက်တိုဘာလ ၁၇ ရက်နေ့ထိ မြစ်ကြီးနားမြို့တွင်း စက်သုံးဆီတစ်လီတာ ကျပ် ၅၀၀၀ (ငါးထောင်) နဲ့ ၆၀၀၀ (ခြောက်ထောင်) ဝန်းကျင်သာရှိပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်ဌာနချုပ် ပန်ဝါမြို့ကို KIA တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် နယ်စပ်ဂိတ်အားလုံးကို တရုတ်နိုင်ငံဘက်က ပိတ်လိုက်တဲ့တွက် မြစ်ကြီးနား– ကံပိုင်တည်လမ်းကြောင်းကနေလည်း စက်သုံးဆီအဝင်ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ “ ကျနော်တို့မြစ်ကြီးနားကိုက အောက်ပိုင်း မန္တလေးတို့မြစ်ကြီးနားတို့က ဆီတွေမရောက်တာ ကြာပြီ။ တရုတ်ဆီတွေပဲသုံးနေရတာဟုတ်တယ်။ အခုကတရုတ်ဘက်ကလည်းပိတ်တော့ ဆီတွေကမရောက်တော့ ခက်ကုန်တာပေါ့” လို့ ပြောပါတယ်။ ဒါကြောင့် လတ်တလော မြစ်ကြီးနားမြို့ထဲကို စက်သုံးဆီအဝင်ရပ်တန့်သွားတာ တစ်လကျော်ရှိလာပြီး မြို့တွင်း ဆီဆိုင်ကြီးတွေဟာ လက်ကျန်ဆီတွေကို အကန့်သတ်နဲ့ရောင်းချပေးလာပြီး စျေးနှုန်းလည်း ပိုမြင့်တက်လာနေတာဖြစ်ပါတယ်။ မြန်မာ– တရုတ်နယ်စပ် ကံပိုင်တည်မြို့ကို  ကချင်လွတ်လပ်ရေးတပ်မတော်  KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၀ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အုပ်ချုပ်ရေးယန္တရားစတင်ဖို့ ကြိုးစားနေသလို နယ်စပ်ဂိတ်ကိုလည်း ဖွင့်ထားပြီး တရုတ်တစ်သျှူးငှက်ပျောကားတွေ ထွက်ခွင့်ပေးနေပြီဖြစ်ပါတယ်။ သို့သော် တရုတ်နိုင်ငံဘက်က ငှက်ပျောကားအဝင်သာ လက်ခံပြီး စက်သံးဆီ၊လူသုံးကုန်ကားတွေကို မြန်မာဘက်ခြမ်းထွက်ခွင့်မပေးသေးပဲ ပိတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 15 November
    သတင်း

    မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ

    ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ  စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ KIA ပူးပေါင်းတပ် စင်ကြိုင်စခန်းကိုသိမ်းလိုက်ပြီး မြစ်ကြီးနား– ကံပိုင်တည်လမ်းပိုင်း ပုံမှန်သွားလာခွင့်ရပေမယ့် ကံပိုင်တည်မြို့ကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကံပိုင်တည်ကနေ မြစ်ကြီးနားဘက်ဆင်းမယ့် စက်သုံးဆီကားတွေ ထွက်ခွင့်မပေးပဲ ပိတ်ထားတယ်လို့ သိရပါတယ်။  ဒါကြောင့် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့စ ဆီလက်ကျန်နည်းနေတဲ့ ဆီပန့်ဆိုင်တစ်ချို့အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ ဆီဆိုင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ပြောပါတယ်။ “ဆီစျေးက လောလောဆယ် တစ်လီတာ တစ်သောင်းဝန်းကျင်ရှိတယ် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် တချို့ဆိုင်ကြီးတွေက တစ်နေကုန်မဖွင့်ကြတော့ဘူး ဥပမာ ဒီနေ့ ပေပါ ၂၀ ဘဲရောင်းမယ်ဆိုရင် အဲဒါကုန်ရင် ဆိုင်ပိတ်ထားပြီ”လို့ ဆီအရောင်းဆိုင်နဲ့ရင်းနှီးသူတစ်ဦး ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ကနေ ဆီလက်ကျန်နည်းလို့ အကန့်သတ်နဲ့ရောင်းနေတဲ့ ဆီပန့်ဆိုင်တွေဟာ တိုင်းကျော်၊ ရွှေလှိုင်း၊ ဆဲဗင်းဟွာကျန်း၊ရွှေမြေတို့ဖြစ်တယ်လို့ သိရပြီး တစ်နေ့တာရောင်းချမယ့် ဆီပမာဏကိုကန့်သတ်ထားတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ခုလို စက်သုံးဆီဆိုင်ကြီးတွေ အကန့်သတ်နဲ့ရောင်းချလာတဲ့အတွက် လမ်းဘေးပုလင်းချိန်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ ပေးဝယ်နေရတယ်လို့ ရွှေစက်ရပ်ကွက်နေ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လမ်းဘေးဆိုင်တွေမှာတော့ မနေ့ကမေးတာ တစ်ပုလင်းကို ၁၂၀၀၀ တဲ့ဒါတောင်အပြည့်မပါဘူး ဆီပန့်တွေကလည်းပိတ်တဲ့ဆိုင်ပိတ်တယ်တချို့ဆိုင်လေး နေ့တဝက်လောက်ပဲ ဖွင့်တယ် ဒါတောင် 95 မရဘူး ဆိုင်တိုင်း 92 ကြီးတွေပဲ”လို့ ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ မြို့တွင်း စက်သုံးဆီစျေး  92 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) လမ်းဘေးပုလင်းချိန် တစ်လီတာ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) နဲ့ ဒီဇယ် တစ်လီတာ ကျပ် ၉၅၀၀ (ကိုးထောင့်ငါးရာ) အထိရှိပြီး ၂ လအတွင်း စက်သုံးဆီစျေး တစ်ဆ တက်လာတာလို့ မြစ်ကြီးနားမြို့နေပြည်သူတွေက ပြောပါတယ်။  မြစ်ကြီးနားမြို့အပါ ကချင်တစ်ပြည်နယ်လုံးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို မန္တလေးဘက်ကနေလည်းတင်သွင်းသလို တရုတ်ပြည်ထဲကနေတစ်ဆင့် တင်သွင်းတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကိုင်း– ကချင်အစပ် အင်းတော်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး – မြစ်ကြီးနားမိန်းလမ်းမကြီး ပိတ်သွားခဲ့ပြီး ဆီတင်ကားကြီးအဝင်မရှိတော့ပဲ ရပ်တန့်နေတာဖြစ်ပါတယ်။ အလားတူဘဲ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကံပိုင်တည်ဂိတ်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဆီကားဝင်ခွင့်မပေးသလို လွယ်ဂျယ်ဂိတ်ကိုတော့ တရုတ်ဘက်ကပိတ်လိုက်တဲ့နောက် KIA ကလည်း တန်ပြန်ပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးစျေးတက်နေသလို တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း အဆမတန်စျေးတက်နေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 5 November
    သတင်း

    မြစ်ကြီးနားမှာ ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းအထိမြင့်တက်

    မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးမြင့်တက်လာတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ပန်ဝါမြို့ကိုသိမ်းလိုက်တဲ့နောက် တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်အပါအဝင် ဂိတ်အားလုံးပိတ်လိုက်တာကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး လက်ကျန်ရောင်းချနေတဲ့ ဆီပန့်ဆိုင်ကြီးတွေမှာ 92 တစ်လီတာ ကျပ် ၉၀၀၀  (ကိုးထောင်)၊ 95 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) အထိ စျေးတက်နေတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်ကြီးတွေမှာထည့်ရင်တော့ တစ်လီတာ ၁၀၀၀၀ (တစ်သောင်း) ရှိတယ် အပြင် ပုလင်းချိန်ဆိုင်တွေမှာထည့်ရင်တော့ ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ရှိတယ် ဆီက အတက်ပဲရှိတာပါ လမ်းမှပြန်မဖွင့်သေးတာ”လို့ သူကပြောပါတယ်။ ကံပိုက်တည်နယ်စပ်ဂိတ်မပိတ်ခင် မြစ်ကြီးနားနာ 92တစ်လီတာ ကျပ် ၆၀၀၀ (ခြောက်ထောင်) ၊95 တစ်လီတာ ကျပ် ၆၅၀၀  ရှိရာကနေ ၂ ပတ်အတွင်း စျေးတစ်ဆမြင့်တက်သွားတာဖြစ်ပါတယ်။ လတ်တလော မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်နေတာကြောင့် မြို့ပြင်ဆီပန့်ဆိုင်တစ်ချို့စပိတ်လာသလို အချိန်ပိုင်းနဲ့ဖွင့်တဲ့ဆိုင်တွေလည်းများလာနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “မြို့ထဲမှာတော့မပိတ်ဘူးအားလုံးပုံမှန်ဖွင့်နေတာတွေ့တယ် နည်းနည်းမြို့ပြင်ကျတဲ့ရွှေစက်တို့လိုနေရာတွေမှာတော့ တဆိုင်တလေပိတ်ထားတယ် တွေ့ရသလောက် နှစ်ဆိုင်သုံးဆိုင်လောက်ရှိတယ်ပိတ်ထားတာ”လို့ ရွှေစက်ရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကံပိုင်တည်မှာ စစ်တပ်ဘက်က အရပ်သားပြည်သူတစ်ချို့လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတာတွေလည်း ရှိနေတဲ့အပြင် မြို့ပတ်ပတ်လည် စစ်ရေးလှုပ်ရှားတာတွေတော့ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ အခုလို ကံပိုက်တည်လမ်းပိတ်နေတဲ့အတွက် စက်သုံးဆီနဲ့အလားတူ တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း စျေးဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ– တရုတ်နယ်စပ်ဂိတ် ပန်ဝါ၊ဖိီမော်၊ကမ်းဖန့်၊လွယ်ဂျယ်၊လိုင်ဇာ၊ ကံပိုင်တည်ဂိတ်ရှိတဲ့ထဲ ကံပိုင်တည်နယ်စပ်ဂိတ်တစ်ခုသာလျှင် စစ်ကောင်စီကထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ကံပိုင်တည်–ဆဒုံး– ဝိုင်းမော်လမ်းပိုင်းကိုတော့ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By- Zaw Zaw

    Read More »
  • Sep- 2024 -
    25 September
    သတင်း

    ပူတာအို- မြစ်ကြီးနားလမ်းပိုင်းအခွန်အကောက်များလို့ ပူတာအိုမှာ ဆီစျေးမကျနိုင်သေး

    ကချင်ပြည်နယ် ပူတာအိုဒေသထဲကို စက်သုံးဆီကားပုံမှန်ဝင်နေပေမယ့် ဆီစျေးတွေမကျပဲ ဆက်မြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်ဂိတ်ကနေဝင်လာတဲ့ စက်သုံးဆီတွေဟာ ပူတာအိုဒေသထဲ အလုံအလောက်ဝင်နေပေမယ့် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း အကောက်အခွန်များနေတာကြောင့် ဆီစျေးမကျပဲ ဆက်မြင့်တက်နေတယ်လို့ ပူတာအိုမြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်ဝင်နေတဲ့ဆီတွေက တရုတ်ဆီတွေပဲဟုတ်တယ် ကန်ပိုက်တည်မှာ ယူစျေးကတစ်ပေပါမှ ၁၂သိန်းလောက်ပဲရှိတယ်။ မြစ်ကြီးနားမှာလည်း ဒီဆီပဲ မြစ်ကြီးနားမှာကတစ်လီတာမှ ၆၀၀၀ ပဲရှိတယ်။ ဒီမှာက တစ်လီတာကို ၁၃၀၀၀ တဲ့ လမ်းမှာအကောက်အခွန်အရမ်းများလို့စျေးတက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိူးသားကပြောပါတယ်။ လတ်တလော မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့အကောက်အခွန်ဂိတ် ၆ ခုထက်မနည်းရှိပြီး ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေဘက်က ဂိတ် ၂ ခုရှိတယ်လို့ ကားသမားတွေကဆိုပါတယ်။ “မြို့ကြီးနားမြို့အထွက်မှာလေး နှစ်နေရာပေးရတယ် ပြီးတော့ ပူတာအိုဘက်ရောက်ရင်လည်း မူလာရှီးဒီဂိတ်တို့ လုံရှာယန်ရွာထဲကဂိတ်တွေမှာပေးရတယ်။ တခြားနေရာတွေလည်းရှိသေးတယ်ပေးရတာ”လို့မြစ်ကြီးနား ပူတာအိုလမ်းပိုင်းမှာမောင်းနေတဲ့ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား–မန္တလေးကုန်သွယ်ရေးလမ်းမကြီး အကန့်သတ်နဲ့သာသွားလာခွင့်ရနေတဲ့အတွက် တရုတ်နယ်စပ် ကန်ပိုက်တည်လမ်းကြောင်းကနေ စက်သုံးဆီတွေဝင်ရောက်နေတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမှာ 92 တစ်လီတာ ကျပ် ၆၀၀၀ ၊ 95တစ်လီတာ ကျပ် ၆၅၀၀ ရှိပေမယ့် ပူတာအိုမြို့ မြို့တွင်းဆီပန့်ဆိုင်တွေမှာ 92 တစ်လီတာ ကျပ် ၁၂၀၀၀ 95 တစ်လီတာ ကျပ် ၁၃၀၀၀ အထိစျေးတက်နေတာလို့သိရပါတယ်။ “ဂိတ်ကြေးပေးရတဲ့နေရာတွေက တစ်ဂိတ်တစ်ဂိတ်ကို လေးသောင်း၊ငါးသောင်းအထိပေးရတယ်။ တစ်ချို့ဂိတ်တွေက ဒီဇယ်၊ဓာတ်ဆီတွေပေးရတာရှိတယ် ဆီတစ်ပေပါကို ပူတာအိုအရောက် ငါးသိန်းခြောက်းသိန်းလောက်ကုန်တယ် အဲ့ကြောင့်မကျတာလေးဆီစျေးကပူတာအိုမှာ”လို့ မြစ်ကြီးနား–ပူတာအိုကြားဆီကားမောင်းနေတဲ့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။ ကားလမ်းပိုင်းအကောက်အခွန်များနေတာကြောင့် ပူတာအိုဒေသမှာ စက်သုံးဆီနဲ့အလားတူအခြားကုန်စျေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့သိရပါတယ်။ ဇွန်လကုန်ပိုင်းက မိုးရွာသွန်းမှုကြောင့် ကားလမ်းမြေပြိုပြီး တစ်လကျော်ကြာ ပိတ်သွားတဲ့ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်း ပြန်ဖွင့်လာတာ နှစ်ပတ်ဝန်းကျင်ရှိသေးတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်းမှာရှိပြီး မြစ်ကြီးနားနဲ့ (၂၁၈)မိုင် အကွာမှာရှိပါတယ်။ By – Zaw Zaw

    Read More »
Back to top button