စခန်းသိမ်း

  • Dec- 2025 -
    30 December
    သတင်း

    ပရင်းမှော်ဒေသကို ဒရုန်းဗုံးကြဲတိုက်ခိုက်မယ်လို့ ဝါရာဇွပ်ပြည်သူ့အဖွဲ့ခြိမ်းခြောက်

    ကချင်ပြည်နယ် တနိုင်းမြို့နယ် လပူခမှော်အနီးတဝိုက် လေကြောင်းအားကိုးပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က မှော်ဒေသအသီးသီးနေထိုင်ကြတဲ့ပြည်သူတွေကို အမြန်ဆုံးထွက်ခွာကြဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး KIA တပ်မဟာ (၂)၊ တပ်ရင်း ၁၄ ထိန်းချုပ်နယ်မြေ…

    Read More »
  • Sep- 2025 -
    18 September
    သတင်း

    ဗန်းမောက်မြို့တိုက်ပွဲ ကာကင်းစခန်း ၆ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်

    စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့တိုက်ပွဲ ၄ ရက်အတွင်း ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က စစ်ကောင်စီပူးပေါင်းတပ်တွေရဲ့ ကာကင်းစခန်း ၆ ခုကိုသိမ်းပိုက်ထားတယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေထိန်းချုပ်နေရာယူထားတဲ့ ဗန်းမောက်မြို့အနီးဝန်းကျင်ကိုပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ KIA နဲ့ကာကွယ်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
  • Apr- 2025 -
    8 April
    သတင်း

    အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်

    ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ…

    Read More »
  • Mar- 2025 -
    7 March
    သတင်း

    KIA မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ စစ်တပ်အမြစ်ဖြတ် ချေမှုန်းရေး စစ်ဆင်ရေး တစ်နှစ်ပြည့်

    ကချင်ပြည်နယ်မှာ အရှိန်အဟုန်နဲ့စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေရဲ့ စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်းရေး စစ်ဆင်ရေးဟာ ဒီကနေ့ မတ်လ ၇ ရက်နေ့မှာပဲ တစ်နှစ်တိတိပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီစစ်ရေးအရှိန် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ လက်အောက်ကို နှစ်ပေါင်းများစွာရောက်ရှိခဲ့တဲ့ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တစ်ခုလုံးနဲ့အတူ နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်တို့ကြီးစိုးရာ…

    Read More »
  • 7 March
    သတင်း

    ရှဒူးဇွပ်ဒေသက KIA တပ်စခန်းတစ်ခုကို မင်းဇေသန့်အဖွဲ့ တိုက်ခိုက်

    ကချင်ပြည်နယ် တနိုင်းသွားလီဒိုလမ်း(Lido Lam) ရှဒူးဇွပ်ကျေးရွာ (Jahtuzup) ဒေသ ဝခါး(Wahka)မှော်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်းရဲ့ တပ်စခန်းတစ်ခုကို မင်းဇေသန့်ဦး‌ဆောင်တဲ့ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၆ ရက်နေ့ မနက်အစောပိုင်း ဝခါးမှော်အနီးရှိတဲ့…

    Read More »
  • Feb- 2025 -
    24 February
    သတင်းဆောင်းပါး

    စစ်ကိုင်း – ကချင်အစပ် က KIA နဲ့ PDF တပ်စခန်းတွေ လက်လွှတ်နေရတာ ဘာကြောင့်လဲ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း တစ်ခု နဲ့ ၂နှစ်ကျော်ကြာ အထိုင်ချထားတဲ့ စခန်းကုန်းတစ်ခုကို သုံးရက်အတွင်းမှာပဲ လက်လွတ်လိုက်ရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ အင်းတော်မြို့နယ်ထဲက ကာကင်းစခန်းတစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလ…

    Read More »
  • 19 February
    သတင်း

    ဗန်းမော် အမတ ၃၆၆ ၊ ခလရ ၂၃၆ တပ်ရင်းနှစ်ခုကို KIA သိမ်းပိုက်ပြီး စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီး ပြန်လည်လက်လွတ်လိုက်ရတဲ့ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်းအပါအဝင် ခလရ ၂၃၆ တပ်ရင်း နှစ်ခုကို ပြန်လည်သိမ်းပိုက်လိုက်ပြီးနောက် စကခ ၂၁ မှာ နှစ်ဖက်တပ်က တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သိမ်းပိုက်ရရှိပြီလို့ ပြောနေတဲ့ အမတ…

    Read More »
  • Jan- 2025 -
    27 January
    သတင်း

    ဗန်းမော် လေယာဉ်ကွင်း KIA ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ မှာ တိုက်ပွဲပြင်းထန်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့် တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဗန်းမော်လေယာဉ်ကွင်း တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ စစ်မျက်နှာဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ “လေယာဉ်ကွင်း အားလုံးက ရှင်းလင်းသိမ်းပိုက်လိုက်ပြီ ဘာမရှိတော့ဘူး။ အခုက လေယာဉ်ကွင်းကို ကျော်ပြီး စကခ…

    Read More »
  • Dec- 2024 -
    5 December
    သတင်း

    ဗန်းမော်တိုက်ပွဲ ကာကင်းစခန်း ၇ ခု KIA သိမ်းပိုက်၊ စစ်မျက်နှာ ၃ ခုမှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်က မနေ့ကတစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကိုသိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဗန်းမော်မြို့– မံစီမြို့ကြားမှာရှိတဲ့ ခလရ ၄၇ တပ်ရင်း၊ ညောင်ပင်သာ၊ နမ်ဖာ၊  မံစီမြို့တွင်းတပ် ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၃၅၂ အပါအဝင် ဗန်းမော်တက္ကသိုလ်ဝင်း၊ မိုးမောက်သွားလမ်း ၃ မိုင်၊ ၄ မိုင် စတဲ့ နေရာအားလုံးကို KIA တပ်က တပြိုင်နက်ထိုးစစ်ဆင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစတင်ဖော်ဆောင်လိုက်တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ တပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးထာတဲ့ ကာကင်းစခန်းငယ် ၇ ခု သိမ်းပိုက်ရှင်းလင်းဆောင်ရွက်နိုက်ခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာလည်း တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ကသိမ်းတဲ့ထဲမှာ တပ်စခန်းအကြီးတွေတော့မပါဘူး။ ကာကင်းစခန်းအငယ်တွေလောက်ပဲသိမ်းတယ် ကားကင်းစခန်း ၇ ခုလောက်တော့ရှိမယ်။ ဗန်းမော်တက္ကသိုလ်အပါပေါ့လေ။ ဒီမနက်မှာလည်း အစေားကြီးကတည်းက တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ မံစီဘက်မှာလည်း ပြင်းပြင်းထန်ထန်ဖြစ်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်၊ မံစီ နဲ့ မိုးမောက် ၃ မိုင်၊ ၄ မိုင် စတဲ့ စစ်မျက်နှာ ၃ ခုမှာ ဒီနေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ နှစ်ဖက်တပ်အပြန်အလှန်တိုက်ပွဲပြင်းထန်နေသလို မြို့ပြင်နေရာတစ်ချို့မှာ လက်နက်ကြီးကျကွဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် KIA တပ်ဘက်က သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ ကာကင်းစခန်းတွေကို ရှင်းလင်းဆောင်ရွက်နေပြီး တပ်စခန်းကြီးတွေ ထပ်သိမ်းပိုက်ဖို့ တိုက်ပွဲဆက်ဖော်ဆောင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီအထိ မြို့တွင်းအထိ လက်နက်ကြီး၊လက်နက်ငယ်သံတွေ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲနေရာဘက်ကို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ တိုက်ပွဲစဖြစ်တဲ့ မနေ့က တစ်ရက်အတွင်း စစ်မျက်နှာ ၃ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၁၀ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပေမယ့် ထိခိုက်သေဆုံးမှုအသေးစိတ် သိရဖို့ ခက်ခဲနေပါတယ်။ ဗန်းမော်ဒေသခံပြည်သူအများပိုင်းက တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဘေးလွတ်ရာကို ရေကြောင်း၊ ကုန်းကြောင်း ရရာနည်းလမ်းနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပေမယ့် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေရဲ့ လမ်းပိတ်ဆို့ခံရမှု ကြုံတွေ့နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ဗန်းမော်ခရိုင်အဖြစ် မိုးမောက်၊ဗန်းမော်၊ မံစီ၊ရွှေကူမြို့နယ် ၄ ခုပါဝင်ပြီး မိုးမောက်မြို့နယ်ကို ဩဂုတ်လမှာသိမ်းပိုက်ထားပြီဖြစ်ပါတယ် ဒါ့အပြင် ဗန်းမော်မြို့က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အချက်ချာကျသလို သင်္ဘောဆိပ်ရာရှိရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Nov- 2024 -
    19 November
    သတင်း

    စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း

    စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး  စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။  စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို  KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို  နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ KIA ပူးပေါင်းတပ် ထိုးစစ်တိုက်ခိုက်နေတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နဲ့ ကချင်ပြည်နယ် ဆယ်ဇင်းကျေးရွာအကြားမှာရှိတဲ့ စခန်းတွေဖြစ်ပြီး အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) ထိန်းချုပ်နယ်မြေမှာရှိတာလည်းဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်းအသုံးပြုပြီး နေ့တိုင်းဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် KPDF တပ်သား ၂ ဦးကျဆုံးပြီး SNA ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ “တိုက်ပွဲတော့ တော်တော်လေးပြင်းတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကလည်း ကျတာရှိတယ်။ လပြည့်နေ့မှာဘဲတစ်ယောက်ကျထားတာ မနေ့ကလည်းတစ်ယောက်ထပ်ကျတယ်။ SNA ဘက်ကလည်း ကျတာများတယ်။လေယာဉ်ကို မနေ့ကလည်း ၂ ကြိမ်လာပစ်သွားတယ်”လို့ KPDF တစ်ဦး ပြောပါတယ်။ လတ်တလော KIA သိမ်းပိုက်လိုက်တဲ့ တပ်စခန်း ၅ ခုစလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်တပ်လက်အောက် ပျူစောထီးအဖွဲ့ပူးပေါင်းအထိုင်ချတဲ့ တပ်စခန်းတွေဖြစ်ပြီး အင်အား ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါဘူး။ ဟုမ္မလင်းမြို့နယ်နဲ့ဆယ်ဇင်းတစ်လျှောက် ဥရုချောင်းအရှေ့ခြမ်းနဲ့မာန်စိမ်းချောင်းဖျားရှိ SNA ပူးပေါင်းတပ်စခန်းကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ စတင်ထိုးစစ်ဆင်နေပြီး ခုဆိုရင် ၃ ပတ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ By – Zami

    Read More »
Back to top button