,
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မူးကမ်းကြီးနှင့် ဆူးတပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် အဖွဲ့ ၄ခုခွဲပြီး ပြည်သူများ၏ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ ယမန်နေ့ နံနက်ပိုင်း ၁၁နာရီဝန်းကျင်မှစကာ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာမှ မူးကမ်းကြီး နှင့် ဆူးတပ်ရွာသို့ ဝင်ရောက်လာခဲ့ပြီး ညနေ ၄နာရီဝန်းကျင်တွင် ကျေးရွာအတွင်း စတင်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။ "မူးကမ်းကြီးရော ဆူးတပ်ဆိုတဲ့ရွာရောပေါ့။ ကျနော်တို့ကတော့ မူးကမ်းကြီးဆူးတပ်လို့တွဲခေါ်ပါတယ်။ ရွာချင်းကပ်လျှက်ပေါ့။ ပထမကမူးကမ်းကြီးကုန်းသာဘက်ကိုစရှို့တယ်။ အခုကဆူးတပ်ဘက်ကို
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သာဂရကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှီု့ဖျက်ဆီးခဲ့ပြီးနောက် ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ ၃ရက်နေ့ ညပိုင်းက အင်အား ၁၅၀ ကျော်ခန့်ဖြင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် သာဂရကျေးရွာအတွင်းသို့ တပ်စွဲနေထိုင်နေပြီး ယနေ့နံနက် ၇ နာရီခန့်မှ စတင်ကာကျေးရွာအတွင်းရှိလူနေအိမ် များကိုစတင်မီးရှို့ဖျက်ဆီးနေပြီး လတ်တလော သာဂရကျေးရွာအပါအဝင် ကျေးရွာရွာ ၅ ရွာမှ ပြည်သူ သုံးထောင် ကျော်သည် စစ်ကောင်စီတပ်၏