စစ်ကြောင်းထိုး

  • Aug- 2025 -
    14 August
    သတင်း

    ကားမိုင်း-နန့်ယားကြား တိုက်ပွဲပြင်းထန်နေ

    ဖားကန့်ကို ဦးတည်ပြီး စစ်ကြောင်းထပ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကြောင်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်း ၊ မိုးကောင်းမြို့နယ် ဘက်ကနေ စစ်အင်အား…

    Read More »
  • Jul- 2025 -
    3 July
    သတင်း

    ဒုတိယအကြိမ် စစ်ကြောင်းထိုးပြီး ဖားကန့်ဗျူဟာမှူးအပြောင်းလဲလုပ်လိုက်ပြီလို့သိရ

    ဖားကန့်ဒေသကို ဒုတိယအကြိမ် ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ကားမိုင်း – ဖားကန့်လမ်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ တပ်စွဲနေရာယူထားပြီး လုံခြုံရေးရယူကာ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့သိရပါတယ်။ ဖားကန့် တပ်မ ၃၃ ၊ တပ်မမှူးအသစ်ခန့်အပ်နိုင်ဖို့ စစ်ကောင်စီတပ်တွေဟာ ဇွန်လ ၂၀ ရက်နေ့ စတင်ပြီး ကားမိုင်းဘက်ကနေ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အင်အားအများအပြားနဲ့ စစ်အင်အား ၁၅၀ ခန့်က ထပ်မံစစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြန်တက်လာတဲ့ စစ်ကြောင်းတွေက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ နန့်တိန့် စတဲ့ ကျေးရွာတစ်လျှောက် စစ်အင်အားအများအပြားချထားပြီးတော့ ဖားကန့်ဗျူဟာမှူးအသစ်ပြောင်းလိုက်တယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုအသစ်ပြောင်းလိုက်တဲ့ ဗျူဟာမှူးအသစ်က ကားလမ်းကနေအတိုင်းပဲ တက်လာတာ။ မနေ့ကတောင် ဖားကန့်ဘက်ကို ရောက်သွားပြီလို့ သတင်းရပါတယ်။ အခုဒီမှာ စစ်ကြောင်းပြန်ထိုးတာတဲ့ စစ်ကြောင်းတွေက လုံခြုံရေးယူပေးကြတာဟုတ်တယ်။ အင်အားကတော့ များလို့လေ ခန့်မှန်းရတော့ခက်တယ်။ ကျေးရွာတစ်လျှောက်မှာရှိကြတယ်ဆိုတော့လေ”လို့ပြောပါတယ်။ ဖားကန့် ဗျူဟာမှူးအသစ်ကို လေကြောင်းနဲ့ ပို့ဆောင်ပေးဖို့ အန္တရာယ်များတဲ့အတွက် အခုလို ကားမိုင်း – ဖားကန့် လမ်းကိုပဲ လုံခြုံရေးတင်းကြပ်ထားကာ ပို့ဆောင်လိုက်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ ဖားကန့် ဗျူဟာမှူးအသစ်ခန့်အပ် ခံရတဲ့သူက မိုးကောင်း စကခ(၃) ၊ စကခမှူး ဗိုလ်မှူးကြီး ဇော်ဝင်းဆိုသူဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီကနေ သိရပါပေမယ့် KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တပ်မမှူးအပြောင်းအလဲဖြစ်တာနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာ  အသစ်ရောက်လာတဲ့ တပ်မမှူးက ဖားကန့် ယမ်းချက်စက်ရုံကနေ ၆ ဘီးကား ၂ စီးအပါ အိမ်စီးကား ၂ စီးနဲ့ ၁၀ နာရီဝန်းကျင်လောက်မှာ ဖားကန့် တပ်မကုန်းဆီ ဝင်ရောက်သွားပြီလို့ ဖားကန့် ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဖားကန့် ဗျူဟာမှူးအဟောင်းဖြစ်တဲ့ တပ်မမှူး ဗိုလ်မှူးချုပ်ခ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ လာရောက် တင်ဆောင်သွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။…

    Read More »
  • Jun- 2025 -
    26 June
    သတင်း

    ဖားကန့်မှာ စစ်‌ရေးအရအချက်ချာကျတဲ့ တောင်ကုန်းနှစ်ခုရဖို့စစ်တပ်ကြိုးပမ်းနေ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို လက်နက်ကြီး လှမ်းထောက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် အမြင့်ဆုံးတောင်ကုန်းတွေဖြစ်တဲ့ လမောင်ကုန်း(Lamawng Bum) နဲ့ မော်မောကုန်း(Mawmau Bum) နှစ်နေရာကို ပြန်ရဖို့ စစ်ကောင်စီတပ် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဖားကန့်မှာ မေလကုန်းပိုင်းကနေ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့…

    Read More »
  • 19 June
    သတင်း

    စစ်ကောင်စီတပ် ဖားကန့်မြို့သို့ ထိုးဖောက်ဝင်ရောက်လာပြီးနောက် အရပ်သားသေဆုံးမှု နဲ့ ဒဏ်ရာ ရရှိမှု များပြားလာ

    ဖားကန့်မြို့သို့ စစ်ကောင်စီတပ် စစ်ကြောင်း ပထမဆုံး ထိုးဖောက်ဝင်ရောက်သွားတဲ့ ရက်သတ္တပတ် နှစ်ပတ်ကျော်အတွင်းမှာ အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။ လဝါး – ကားမိုင်း…

    Read More »
  • 16 June
    သတင်း

    မှော်ဝမ်းကလေးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရပါက ကျေးရွာပျက်စီးသွားမယ်လို့ ခြိမ်းခြောက်နေ

    စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မှော်ဝမ်းကလေး ဘုရားဝင်းနဲ့ မီတာ ၃၀၀ အကွာလောက်မှာရှိနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ခတ်တာတွေမလုပ်ဖို့နဲ့ ပစ်ခတ်လာပါက ကျေးရွာပျက်စီးသွားမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

    Read More »
  • May- 2025 -
    29 May
    သတင်း

    လုံးခင်း ကျေးရွာတိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရရှိမှု များပြား

    ဖားကန့် လုံးခင်းကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရမှုမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သားတချို့ ထိခိုက် သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၈ ရက်နေ့ မနေ့က မနက်ပိုင်း လုံးခင်းကျေးရွာ ရိန်းဘိုးမိုဘိုင်း ဆိုင်ရှေ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သလို ကျေးရွာအတွင်း…

    Read More »
  • 28 May
    သတင်း

    ဖားကန့်မြို့နေရာ ၃ ခုမှာ တိုက်ပွဲပြင်းထန်

    ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်အချိန် ဖားကန့် ဗျူဟာကုန်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထွက်ခွာခဲ့ရာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့အတွက် ၃ နေရာလောက်မှာ…

    Read More »
  • 27 May
    သတင်း

    စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့အဝင်ထိရောက်ရှိနေပြီဖြစ်တဲ့အတွက် ကျေးရွာတစ်ချို့ကိုတိမ်းရှောင်ဖို့ KIA သတိပေးပြောဆို

    ဖားကန့်မြို့ပေါ်ဘက်ကို စစ်ကောင်စီတပ် စစ်အင်အား ရာနဲ့ချီရောက်ရှိလာတဲ့အတွက် ဖားကန့်မြို့အဝင်ဝမှာရှိတဲ့ လယ်ပြင်နဲ့ ဖန်ခါးကုန်း ကျေးရွာနေ ဒေသခံပြည်သူတွေကို လုံခြုံရေးအရ ယာယီတိမ်းထားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကနေ  ဖားကန့်ဘက်ကို စစ်အင်အား ၅၀၀ ဝန်းကျင်ခန့် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်အဖွဲ့တွေဟာ မေလ ၂၆ ရက်နေ့ ဖားကန့်မြို့နဲ့ နီးကပ်တဲ့ ယမ်းချက်ရုံနဲ့ လယ်ပြင်၊ ဖန်ခါးကုန်းကျေးရွာဘက်ခြမ်းကို ရောက်ရှိသွားပြီး တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် အရပ်သားပြည်သူတွေ မထိခိုက်ရအောင် ကြိုတင် တိမ်းရှောင်ထားခိုင်းတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “KIA ဘက်ကနေ ရှောင်ထားခိုင်းတယ် လယ်ပြင် အနီးတဝိုက်ရှိတဲ့ ပြည်သူတွေကို တိမ်းရှောင်ဖို့ ပြောထားတယ်။ တစ်ချို့က တိမ်းရှောင်နေကြတဲ့ ပြည်သူတွေရှိသလို မရှောင်ဘဲ ရှိနေကြတဲ့ ပြည်သူတွေလည်းရှိပါတယ်။ စစ်ကြောင်းတွေ ဝင်လာရင်တော့ ဘာပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်လာနိုင်ခြေရှိလို့ ရှောင်ခိုင်တဲ့ သဘောလို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ စစ်အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဖားကန့်မြို့အဝင် ယမ်းချက်ရုံနဲ့ လယ်ပြင်ကျေးရွာထဲကို မေလ ၂၆ နေ့ ည ၉ နာရီဝန်းကျင်ခန့် ဝင်ရောက်သွားခဲ့ပြီးတော့ လက်ရှိမှာ လယ်ပြင်နဲ့ ဖန်ခါးကုန်း အနီးတဝိုက် စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။ “စစ်ကြောင်းတွေက မနေ့ည ၉ နာရီလောက်ကနေ ယမ်းချက်စက်ရုံ တပ်ထဲကို တဖြေးဖြေးနဲ့ ဝင်သွားကြပြီ။ ပြီးရင် မနေ့ထဲမှာပဲ မဇွပ်ယန်ထောင်ရှိတဲ့ဘက်ကို လူအပြည့်အတင်တဲ့ ကား ၆ စီးဝင်သွားကြတယ်တဲ့။ အခုက လောလောဆယ်က ယမ်းချက်စက်ရုံလည်း အကျယ်ကြီးဆိုတော့ အဲထဲမှာပဲ နေရာယူနေကြတာလား။ အဲဒီလမ်းပိုင်ကလည်း ပြီးခဲ့တဲ့ ဧပြီလလောက်ကနေ ဘယ်သမှ မဖြတ်ကြတော့ဘူး။ အဲ့ကြောင့် ပြည်သူတွေကြည့်ရင် စစ်ကြောင်းသွားလာတာကို သိပ်မသိသာဘူး”လို့ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့အနီးကို ရောက်သွားပြီဖြစ်တဲ့ စစ်ကြောင်းတွေက ဖားကန့်မြို့အဝင် စစ်ကောင်စီတပ်ရဲ့ ယမ်းချက်စက်ရုံနဲ့ လယ်ပြင်ကျေးရွာ တဝိုက်မှာ ရောက်ရှိနေကြပြီလို့ ဒေသခံတွေဆီကနေ သိရပေမယ့် ဒီကနေ့ မေလ ၂၇ ရက်နေ့ မှာ နှစ်ဖက်စစ်တပ် စစ်ရေးတင်းမာမှုဖြစ်နေတဲ့ စစ်ရေးအခြေအနေကတော့ အသေးစိတ်မသိရှိရသေးတာလည်းဖြစ်ပါတယ်။ အခုလို စစ်ကောင်စီစစ်ကြောင်းတွေ ဖားကန့်မြို့ထဲကို ဦးတည်ပြီး ရောက်ရှိလာပါက မမျှော်မှန်းနိုင်တဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်လာမှာသေချာတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားပါတယ်။ ဒါကြောင့် ဖားကန့်မြို့အနီးတဝိုက် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာနိုင်တဲ့ ကျေးရွာတစ်ချို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ယာယီတိမ်းရှောင်ကြဖို့ သတိပေးပြောဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်းကနေ ဖားကန့်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတွေ မေလ ၂၃ ရက်နေ့မှာ ပျားအုံနဲ့ နန့်တိန့်ကျေးရွာအရောက် KIA ပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေရာနေက စစ်ကြောင်း ၃ ခုခွဲပြီး လမ်းကြောင်းပျောက်သွားတာလို့ သိရပါတယ်။ မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတော့ ဖားကန့်မြို့နဲ့ ၅ မိုင်၊ ၆ မိုင် နေရာတွေကို ကျော်တက်လာနိုင်ခဲ့ပြီး ဖားကန့်မြို့နဲ့ အနီးကပ်ဆုံး မြို့အဝင်ဝကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ နန့်တိန့်ကျေးရွာအရောက်မှာ စစ်ကြောင်း ၃ ခုခွဲပြီး စစ်ကြောင်းပျောက်သွားတဲ့အတွက် KIA ဘက်က စစ်ကြောင်း ၃ ခုစလုံးကို ထိထိရောက်ရောက် ခုခံမကာကွယ်နိုင်ခဲ့တဲ့အတွက် စစ်ကြောင်းက ဖားကန့်မြို့အနီးဆုံးနေရာကို ရောက်ရှိသွားတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၃ရက်နေ့နောက်ပိုင်း ဖားကန့်ဒေသကို စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် မအူပင်၊ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ တံတားညီနောင် စတဲ့ကျေးရွာ လမ်းကြောင်းတစ်လျှောက်မှာ KIA တပ်တွေ တစ်လဝန်းကျင်ခန့်အထိ ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 26 May
    သတင်း

    ကားမိုင်းလမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ ဖားကန့်မြို့အဝင်ဝ အထိ ရောက်ရှိလာ

    တစ်လခန့်အကြာ ဖားကန့်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက မေလ ၂၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကြောင်း ၃ ခုခွဲပြီး ဖားကန့်မြို့အဝင်ဝနားအထိ ရောက်ရှိသွားပြီလို့ သိရပါတယ်။ ကားမိုင်းဘက်ကနေ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့…

    Read More »
  • 19 May
    သတင်း

    ဖားကန့်ဘက် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူပိုင်ပစ္စည်း ခိုးယူနေ

    ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေက နန့်ယားကျေးရွာရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး အိမ်တွင်းရှိ တန်ဖိုးရှိ ပစ္စည်းတွေကို ကားအကြီးတွေနဲ့ ခိုးယူသယ်ထုတ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေက KIA သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာမှာ ဧပြီလဆန်းပိုင်းမှာ ဝင်ရောက်နိုင်ခဲ့ပြီးတော့ ယခုရက်ပိုင်းအတွင်းမှာ…

    Read More »
Back to top button