စစ်ဆေးရေးဂိတ်
-
Jan- 2024 -19 Januaryသတင်း
ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂တပ်ရင်း၊ အထက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်အပြင် ငဘတ်ကြီးကျေးရွာ ရဲစခန်းအပါ စုစုပေါင်း ၄ နေရာစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြို့လှ– KPDF နဲ့ ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနက် ၄နာရီလောက်ကတည်းကပြင်ဆင်ပြီးမှမနက် ၅နာရိီထိုးတော့ အဖွဲ့တွေခွဲပြီး ငါးနေရာကို ဝင်ပစ်ခဲ့တယ် အထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံဘက်ကို လေးလုံးလေးလုံးစီပစ်ထည့်လိုက်တယ် တပ်ထဲကိုလည်း ၂လုံး ပစ်ထည့်လိုက်တာ။ အခု ပြာယာတွေခတ်နေကြတယ်လို့ ကြားသိရတယ်”လို့ ပြောပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ရာမှာတော့ ပဒ်ိန်လက်လုပ်သေနတ်တွေအသုံးပြုပြီးတော့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေနဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်ရင်းထဲကို ၂လုံးစီ၊ ဘငတ်ကြီးရဲစခန်းကို ၂လုံးနဲ့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံကို ၄လုံးစီ နဲ့တစ်ပြိုင်နက်တည်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ရွှေကူနယ်မှာ စစ်ကောင်စီတပ်က ခုရက်ပိုင်း ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံဘက်စစ်ရေးလှုပ်ရှားလာနေတာတွေရှိတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိမရှိကိုတော့စုံစမ်းနေဆဲလို့သိရပါတယ်။ “ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့များ) က ဒီဘက်ကိုထွက်ချင်သလိုထွက်ချင်သလိုလာလုပ်နေလို့သွားပစ်တာပါ အဝေးထိန်းနဲ့ပစ်တာဆိုတော့ အထိအခိုက်ရတော့မသိရသေးဘူးအတည်ပြုတုန်း”လို့ အထက်မှာဖော်ပြပါ ရွှေကူနယ် LPDF တာဝန်ရှိသူကဆက်ပြောပါတယ်။ ဒီနေ့မနက် တစ်ချိန်တည်းမှာ နေရာစုံပစ်ခတ်သံတွေကြားခဲ့တာကြောင့်ရွှေကူမြို့ခံပြည်သူအချို့လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကဆ်ိုပါတယ်။ “မနက်က အိပ်ကောင်းတုန်းမှာ တဒုံးဒုံးနဲ့ကြားလိုက်တော့လန့်သွားတာပါ့ မြို့ကိုများဝင်သိမ်းနေပြီလားပေါ့ ဟိုဘက်အမှတ် ၂ ရပ်ကွက်ထိဝင်လာပြီးမှတောင်ပစ်သွားတာတဲ့ ပြေးတော့မပြေးကြဘူး ခနနဲ့ငြိမ်သွားတယ်လေး”လို့ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦး ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်ရှိတဲ့နေရာတွေ ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြားမှာ ရွှေကူ ခမရ ၆၀၂ တပ်ရင်းနဲ့ ခလရ ၅၆ တပ်ရင်းတို့ကနေ ရွှေကူမြို့အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို လက်နက်ကြီးလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေနဲ့ ငဘတ်ကြီးရဲစခန်း၊ ကျောက်ကြီးရဲစခန်းတွေကို KIAတပ်ရင်း ၅ ၊KPDF၊LPDF တပ်တွေက အရင်ကလည်း မကြာခနဒရုန်းနဲ့ဝင်ရောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw
Read More » -
15 Januaryသတင်း
လုံးခင်းကျေးရွာ အဝင်စစ်ဆေးရေးဂိတ်မှာ ယမ်းကား သုံးဆီးဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ယမ်းကားသုံးဆီးဖမ်းဆီးခံရတယ်လို့ လုံးခင်းမှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ လုံးခင်းကျေးရွာအဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ယမ်းချက်စစ်ရေးဂိတ်မှာ ဇန္နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ လုံးခင်းကျေးရွာဘက်ကိုဝင်လာတဲ့ ယမ်းကားသုံးစီးစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းဘက်ကိုအဝင်ပေါ့ဘယ်ကလာတာလည်းတော့မသိရဘူး ၁၂ ဘီးကားကြီးပဲ သုံးစီးဟုတ်တယ်။ ကုမ္ပဏီက ယမ်းကားတွေဖြစ်ဖို့များတယ် တခြားကတော့မဟုတ်လောက်ဘူး”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ယမ်းကားသုံးစီးနဲ့အတူ ကားကမားတွေနဲ့ ကားနောက်လိုက်တွေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကုမ္မဏီပိုင်ယမ်းကားဟုတ်မဟုတ်ကို KNGက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာတော့ လက်ရှိ ဖားကန့်ဝှေခါတစ်လျှောက်စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ချိန်ဖြစ်တာမို့ ဒီယမ်းကား ၃ စီးဟာ KIA,PDF တွေရဲ့ကားဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် ဖားကန့် KPDF တပ်ဖွဲ့ာတာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်ကဖမ်းဆီးထားတဲ့ ယမ်းတင်ကားက သူတို့ဟာမဟုတ်ဘူးလို့ပြောပါတယ်။ “ကျွန်တော်တို့ဘက်ကတော့မဟုတ်ဘူးဗျ ကုမ္ပဏီတစ်ခုခုရဲ့ယမ်းကားပဲ ဖြစ်ဖို့များပါတယ်”လို့ ဖားကန့် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လုံးခင်းမှာလက်ရှိ ယမ်းချမ်းစစ်ဆေးရေးဂိတ်နဲ့ နှစ်မျက်နှာဘုရားရှေ့စစ်ဆေးရေးဂိတ်နှစ်ခုသာကျန်ရှိတော့ပြီးအဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာအရပ်သားတွေနဲ့ခရီးသည်၊ကုန်ကားတွေကိုအစစ်အဆေးတင်းကြပ်ထားတယ်လို့သိရပါတယ်။ ဖားကန့်မြို့အဝင်မှာရှိတဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့က ရုပ်သိမ်းခဲ့ ပြီး အဲ့ဒီစစ်ဆေးရေးဂိတ်မှာထိုင်တဲ့စစ်သားတွေဟာ လက်ရှိ ယမ်းချက်ဂိတ်မှာပူးပေါင်းပြီးဂိတ်ထိုင်နေတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Dec- 2023 -28 Decemberသတင်း
ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း
ကချင်ပြည်နယ် ဖားကန်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့သိရပါတယ်။ ဖားကန့်ဒေသမှာစစ်ကောင်စီတပ်က ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ ဖားကန့်မြို့ဝင်မြို့ထွက်နေရာက စစ်ဆေးရေးဂိတ်၊ လုံးခင်းဘက်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်က စစ်ဆေးရေးဂိတ်တွေ အောက်တိုဘာလကစပြီး ရုတ်သိမ်းသွားပြီဖြစ်တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပုံမှန်စစ်ဆေးနေကြနေရာတွေမှာအခုအစစ်အဆေးမရှိတာကြာပြီဗျ။သူတို့တွေငြိမ်နေတာကြာပြီ…
Read More » -
Nov- 2022 -14 Novemberသတင်း
ဖမ်းဆီးခံထားသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီက ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေ
အင်းတော်မြို့တွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီမှ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း အင်းတော် ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့ အင်းတော်…
Read More » -
Aug- 2022 -27 AugustCovid-19
ဝမ်တိန်မြို့တွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် ကုန်တင်ကား အဝင်အထွက်ကို ယာယီရပ်ဆိုင်း
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်းစန်းကျော့ နှင့် ထိစပ်နေသည့် တရုတ်ဘက်ဝမ်တိန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်း ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦး တွေ့ ရရှိခဲ့သဖြင့် ဝမ်တိန်အတွင်းရှိ စစ်ဆေးရေးဂိတ်မှ ကုန်တင်ကားအဝင်အထွက်ကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ…
Read More » -
May- 2022 -28 Mayသတင်း
မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း
ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် နမ့်စီးအောင်ကြားလမ်းပိုင်း ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ အားလုံး ပြန်ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ မိုးညှင်း နှင့် နမ့်စီးအောင် လမ်းပိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ…
Read More » -
Nov- 2021 -1 Novemberသတင်း
နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ် မီးရှို့ ဖျက်ဆီးခံရ
ပူတာအိုခရိုင် နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုကို ယမန်နေ့ည (အောက်တိုဘာလ ၃၁ရက်) ၁၂ နာရီ ဝန်းကျင်ခန့်တွင် တစ်စစီ မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။ ကျန်မာရေးအပါအဝင် စုပေါင်းဂိတ်တစ်ခုဖြစ်သော အဆိုပါစခန်းကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သွားရောက် မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု နောင်မွန်ဒေသခံတစ်ဦးက…
Read More »