သတင်း
ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း

ကချင်ပြည်နယ် ဖားကန်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့ သိရပါတယ်။
ဖားကန့်ဒေသမှာစစ်ကောင်စီတပ်က ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ ဖားကန့်မြို့ဝင်မြို့ထွက်နေရာက စစ်ဆေးရေးဂိတ်၊ လုံးခင်းဘက်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်က စစ်ဆေးရေးဂိတ်တွေ အောက်တိုဘာလကစပြီး ရုတ်သိမ်းသွားပြီဖြစ်တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။
“ပုံမှန်စစ်ဆေးနေကြနေရာတွေမှာ အခုအစစ်အဆေးမရှိတာကြာပြီဗျ။သူတို့ တွေငြိမ်နေတာကြာပြီ အပြင်ကိုမထွက်လာကြတော့တာ သူတို့ရဲ့တပ်ပြင်ကအင်အားတွေကို တပ်တွင်းမှာစုပြီး တပ်တွင်းအောင်းနေတာကြပြီ။ အရင်ဆို ရဲစခန်းရှေ့တို့၊ကျောက်စိမ်းတော င်တံတားပေါ်တို့မှာဆိုပုံမှန် စစ်တယ်လေး အခုတော့အဲ့တာတွေမရှိတာကြာပြီ”လို့ အထက်ပါအမျိုးသားကပြောပါတယ်။
ပုံမှန်အားဖြင့်စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့မရဲစခန်းရှေ့၊ ဖားကန့်မြို့တွင်းက ကျောက်စိမ်းတောင်တံတား၊ ဖားကန့်၊လုံးခင်းကြားက ပန်းတင်တံတားနဲ့ဆိုင်းတောင်ကျေး ရွာအထွက်က ဒေသအခေါ်( ဆိုင်းတောင်တံတားထိပ်) စတဲ့နေရာတွေမှာ တားမြစ်စစ်ဆေးတာတွေပြုလုပ်တာရှိ ပေမယ့် လွန်ခဲ့တဲ့ ၂ လ လောက်ကတည်းကနေ အဲ့ဒီစစ်ဆေးရေးပြုလုပ်ကျနေရာတွေ မှာအစစ်အဆေးလုံးဝမရှိတော့တာဖြစ် တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“အခုတော့ငြိမ်နေတယ်ဗျ သူတို့ဘက်ကလှုပ်လှုပ်ရှားလည်း မရှိတော့ဘူးအရင်ဆိုရင် ဆိုင်းတောင်တံတားထိပ်မှာ မနက်ကနေ ညထိဆင်းဆင်းပြီးစစ်တာဆေးတာရှိ တယ်အခုတော့မရှိတော့တာကြာပါပြီ”လို့ ဆိုင်းတောင်ကျေးရွာနေအမျိုးသား တစ်ဦးက ပြောပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေဟာ စစ်ကောင်စီတပ်နဲ့ရဲတွေပူးပေါင်း စစ်ဆေးတဲ့နေရာတွေဖြစ်ပြီး အထိုင်ဂိတ်ချပြီးစစ်ဆေးတာမျိုး မဟုတ်ပဲ မနက် ၈နာရီ ကနေ ညနေ ၆နာရီအချိန်ထိ အချိန်ပိုင်းစစ်ဆေးတဲ့စစ်ဆေးရေး ဂိတ်တွေဖြစ်ပါတယ်။
“အကိုတို့အနေနဲ့သုံးသပ်ချက်ကတေ ာ့ဒါပြည်သူလူထုရဲ့နွေဦးတော်လှ န်ရေးထိရောက်လာမှုကြောင့်ပါပဲ သူတို့အနေနဲ့လည်းအခြေအနေကိုသုံ းသပ်ပြီးသဘောပေါက်လာပုံရတယ် အခုတော့အရင်ကလိုနှောက်ယှက်တာဘာ ဘာလည်းမရှိတော့သလိုညဘက်ယမ်းသမ်း ပစ်ခတ်တာတွေလည်းမရှိတော့ပါဘူး”လို့ ဖားကန့်ဒေသခံတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးကသုံးသပ်ပြောဆို ပါတယ်။
လက်ရှိဖားကန့်မြို့နယ်ထဲမှာတော့ စစ်ကောင်စီဂိတ်အနေနဲ့ နန့်ယားဂိတ်၊ လုံးခင်း နှစ်မျက်နာဘုရားရှေ့စစ်ဆေးရေးဂိ တ် စတဲ့စစ်ဆေးရေးဂိတ်တွေပဲရှိတော့ တယ်လို့သိရပါတယ်။
အလားတူ ဖားကန့်မြို့အဝင်က စုပေါင်းစစ်ဆေးရေးဂိတ်တစ်ခုဖြစ် တဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကော င်စီတပ်က နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှတိုက်ပွဲ မဖြစ်ပဲရုတ်သိမ်းသွားတာဖြစ်ပါ တယ်။
By – Zaw Zaw