စစ်တပ်
-
Oct- 2025 -7 Octoberသတင်း
နမ္မတူမြို့ကို စစ်တပ်က တစ်ပတ်အတွင်း ၃ ကြိမ်တိတိလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူများဘေးလွှတ်ရာတိမ်းရှောင်
ရှမ်းမြောက်ပိုင်း နမ္မတူမြို့ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံပြည်သူအများပိုင်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေပြည်သူတွေပြောပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ ဒီနေ့မနက် ၆ နာရီဝန်းကျင် နမ္မတူမြို့ ၊ ရပ်ကွက် (၈)ဘုန်းကြီးကျောင်းအဆောင်ကို စစ်ကောင်စီတပ်ထပ်မံဗုံးကြဲသွားတယ်လို့သိရပြီး ဒီကနေ့ဗုံးကြဲခံရမှုမှာ အရပ်သားထိခိုက်သေဆုံးမှုမရှိပေမယ့် ကျောင်းဆောင်တစ်ချို့ပျက်စီးသွားတယ်လို့ သိရပါတယ်။ “ဟိုရှေ့နေ့က ဗုံးကျခဲ့တဲ့နေရာ အထက်မှာဟုတ်တယ်။ ဘုန်းကြီးကျောင်းဆောင်တည့်တည့်ကျတယ်။ ဗုံးကြဲပြီးထိခိုက်ပျက်စီးသွားတဲ့ နေရာကို မဝင်ခိုင်ဘူး။ ပုံတွေလည်းမရိုက်ခိုင်းဘူး။ အခုဖုန်းလိုင်းတွေလည်း အကုန်ပိတ်ထားပေးတယ်။ နမ္မတူမြို့က တိတ်ဆိတ်သွားပြီ။ ဒေသခံတွေလည်း အကုန်ကြောက်ရွံ့ပြီး ထွက်ပြေးတိမ်းရှောင်ကုန်ပြီ။ လားရှိုးဆီ အများပိုင်းတိမ်းရှောင်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၂ ရက်နေ့ နမ္မတူမြို့ကို ပထမဆုံးအကြိမ် လေကြောင်းဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် စုစုပေါင်း ပြည်သူ ၄ ဦး သေဆုံးပြီး နောက်ထပ်ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာလ ၆ ရက်နေ့၊ အောက်တိုဘာလ ၇ ရက်နေ့…
Read More » -
2 Octoberသတင်း
အထိနာတဲ့ စစ်တပ် ခြေလျင်စစ်ကြောင်းပြန်ထိုးလာလို့ တိုက်ပွဲပြန်ဖြစ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ပြန်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့ အောက်တိုဘာလ ၂ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ “လမြန်ဘက်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ခြေလျင်နဲ့ ပြန်တက်လာလို့…
Read More » -
2 Octoberသတင်း
စစ်တပ်ကစေခိုင်းပြီး တိမ်းရှောင်ထားတဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူမှုတွေရှိနေ
ဖားကန့် ဆိုင်းတောင်ကျေးရွာအုပ်စု ဆန်းကြွယ်ကျေးရွာ တိုက်ပွဲကြောင့် တိမ်းရှောင်သွားကြတဲ့ ကျေးရွာပြည်သူတွေရဲ့ တန်းဖိုးရှိပစ္စည်းတွေကို စစ်တပ်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ ပူးပေါင်းပြီး ဖောက်ထွင်း ခိုးယူရောင်းချတာတွေလုပ်တယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဆန်းကြွယ်ပြည်သူတွေ ရွာထဲကနေ ထွက်ပြေးသွားပြီးနောက် စစ်တပ်က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ရွာထဲကို သွားလာခွင့်ပေးပြီးနောက် ပြည်သူတွေရဲ့…
Read More » -
Sep- 2025 -23 Septemberသတင်း
မြစ်ဆုံ – တန်ဖရဲလမ်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး သွားခွင့်ပိတ်ပင်နေ
မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံတစ်ဝိုက် စစ်ကောင်စီတပ်တွေက ဂိတ်တွေထပ်တိုးထားကာ စစ်ဆေးမှုတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ အဲဒီလမ်းပိုင်းနေ ပြည်သူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဝန်းကျင်ကစပြီး မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ မြစ်ဆုံတစ်ဝိုက်မှာ စစ်ကောင်စီတပ် ဂိတ်စခန်းတွေ ထပ်တိုးထားပြီး သွားလာခွင့်ကိုလည်း…
Read More » -
16 Septemberသတင်း
လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရာမှာ စစ်အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိပဲ လွတ်ပေးနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း စစ်တပ်၊ယာဉ်ထိန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်းဆီးရာမှာ အစိုးရဝန်ထမ်းတွေကို ဖမ်းဆီးခြင်းမရှိဘဲ လွတ်ပေးနေတာကြောင့် တရားမျှတမှုမရှိဘူးလို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေပြောဆိုနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကစပြီး မြစ်ကြီးနားမြို့အပါအဝင် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့အားလုံးနီးပါးမှာ စစ်တပ်၊ရဲ၊ ယာဉ်ထိန်းအဖွဲ့ပူးပေါင်းပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးတာ…
Read More » -
11 Septemberသတင်း
ခေါင်လန်ဖူးဒေသမှာ ပြည်သူ့စစ်တပ်က စစ်လက်နက်ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကိုအတင်းအဓ္ဓမစေခိုင်းနေ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ခေါင်လန်ဖူးဒေသတစ်လျှောက်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ၎င်းတို့ရဲ့ လက်နက်၊ခဲယမ်းအပါအဝင် ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကို အတင်းအဓ္ဓမ အထမ်းထမ်းခိုင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ လန်ဆယ်ကိုပြန်သိမ်းဖို့လို့ဆိုကာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးဒေသတွင်းနေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဒီလဆန်းပိုင်းကစပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။…
Read More » -
Aug- 2025 -21 Augustသတင်း
စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ် ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများရဲ့သဘောထားအမြင် ဘယ်လိုရှိလဲ
တစ်နိုင်ငံလုံးအတိုင်းတာနဲ့ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ရွေးကောက်ပွဲကျင်းပဖို့နဲ့ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ်တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းဆက်တိုက်ကြေညာလာပါတယ်။ စစ်ကောင်စီတပ်က ကြေညာတဲ့ ရွေးကောက်ပွဲမဲဆန္ဒနယ်တွေထဲမှာ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ထားတဲ့ မြေရှားထွက်ရှိရာ ချီဖွေ၊ဆော့လော်၊ပန်ဝါအပါအဝင် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ မိုးမောက်၊ မံစီ၊…
Read More » -
20 Augustသတင်း
စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့ဒေသက ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေရှိနေ
ရှမ်းမြောက်နဲ့ကချင်ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတစ်ချို့ကို စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့နောက် ပြည်သူတစ်ချို့လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်သူတွေရှိနေတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ်အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့အာဏာသိမ်းစစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့နယ်မြေတွေ၊ မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။ စစ်တပ်ထုတ်ပြန်ကြေညာလိုက်တဲ့အထဲမှာ…
Read More » -
14 Augustသတင်း
စစ်တပ် ပစ်လိုက်တဲ့ ဒရုန်းကြောင့် အရပ်သား ၅ ဦးထပ်မံ ထိခိုက်
ဖားကန့် ၊ ရှရော်ခ(Sharaw Hka) ကျေးရွာရှိ ရဝမ်ကုန်းမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီး ဒရုန်ထိမှန်ပြီး ဆယ်ကျော်သက် ကလေးငယ်တစ်ဦး နဲ့ အသက် ၅၀ ကျော် အမျိုးသား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့…
Read More » -
8 Augustသတင်း
စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး KBC ဘုရားကျောင်းဝင်းထဲကျပြီး စစ်ရှောင် တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ ယခုရက်ပိုင်းအတွင်း စစ်တပ်က စစ်မျက်နှာမဟုတ်တဲ့ နေရာတွေကို ပစ်မှတ်ထား ပစ်ခတ်နေတဲ့အတွက် အရပ်သားသေဆုံးမှုမြင့်တက်နေသလို ဩဂုတ်လ ၇ ရက်နေ့ တစ်ညထဲမှာပဲ လက်နက်ကြီးကျမှန်ပြီး စစ်ရှောင်တသေဆုံးကာ ၅ ဦးဏ်ရာရရှိခဲ့ပါတယ်။ မနေ့ည ၉ နာရီခွဲအချိန်…
Read More »









