စစ်တပ်

  • သတင်းphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    အောင်းကုန်းကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟုဆို

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊အင်းတော်PDF တို့ကြား မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့  ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ အောင်းကုန်းကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇နှင့် တပ်မ ၈၈ပူးပေါင်း အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရွာသာရွာဘက်ကနေ အင်းတော်မြို့တွင်းဘက်ကိုတပ်ဆုတ်ခွာလာချိန် ကျောင်းသားတပ်နဲ့အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က အောင်းကုန်းကျေးရွာ ကြိုးကြာလွင်ပြင်ကွင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ  ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးထိခိုက်ကတော့အတိအကျတော့မသိရဘူးပေါ့နော်တာပေမယ့် စစ်သား…

    Read More »
  • သတင်းဓာတ်ပုံ-ဇူလိုင်၂၀ ဒီကနေ့ မနက်ပိုင်းထွက်ပြေးရေတဲ့ ခင်ဦးက စစ်ဘေးရှောင်များ(ခင်ဦး သတင်းမှန်ပြန်ကြားရေး)

    ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် ၅ ရက်အတွင်းမှာ ကလေးငယ် ၁ဦးအပါအဝင် ၄ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၈နာရီဝန်းကျင်မှာ ရေဦးမြို့တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခင်ဦးနယ် မူးသာရွာက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ရတဲ့ အတွက် ၅ရက်အတွင်း သေဆုံးသူ၄ဦးအထိရှိလာတာဖြစ်ပါတယ်။ “သူတို့ကရေဦးနဲ့အစပ် ခင်ဦးဘက်ကရွာတွေကို လက်နက်ကြီးနဲ့ရမ်း သမ်းပစ်ခတ်နေတာ…

    Read More »
  • သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    KIO ဌာနချူပ်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေ

    KIO ဌာနချူပ်ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီတပ်က ရှမ်းမြောက်လမ်းကြောင်းဘက်ကနေလည်း စစ်အင်အားတွေ ပို့ဆောင်နိုင်အောင် ကြိုးပမ်းနေတဲ့အတွက် နှစ်ဖက်စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတယ်လို့ ရှမ်းမြောက်ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကချင်ပြည်ဘက်ကို စစ်ကြောင်းထိုးနိုင်အောင် လားရှိုး-မူဆယ် ပြည်ထောင်စု အဝေးပြေးကားလမ်းမကြီးနဲ့ တောလမ်းတွေအသုံးပြုပြီး နမ့်ခမ်းမြို့နယ်ဘက်ကို အဓိကထားစစ်ရေး လှုပ်ရှားနေတာဖြစ်တယ်လို့ ကွတ်ခိုင်ဒေသတွင် လှုပ်ရှားနေတဲ့ KIO…

    Read More »
  • သတင်းဓာတ်ပုံ-ဇူလိုင်၁၈ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ခံနေရတဲ့ သာတကန်ရွာ

    လေကြောင်းတိုက်ခိုက်ခဲ့ရပြီးနောက် ရွှေဘိုမြိုနယ်က ဒေသခံထောင်ချီစစ်ရှောင်နေရ

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တကန်သာရွာကို စစ်တပ်က လေကြောင်းကနေပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၇လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး ဒေသခံထောင်ချီလည်း ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့က ဇူလိုင်၁၈ရက်နေ့ ညနေ ၆နာရီလောက်မှာ မုံရွာအနောက် မြောက်တိုင်း စစ်ဌာနချုပ်ကနေတက်လာတဲ့ Mi 35 ရဟတ်ယာဥ်နဲ့ ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “တကန်သာရွာကိုလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တာ အိမ် ၇လုံးလောက် မီးထဲပါသွားတယ် ဒေသခံ တစ်ဦးတော့ ခေါင်းနည်းနည်းထိတယ် စိုးရိမ်စရာတော့မရှိပါဘူး လက်ရှိတော့ ဒီအခြေနေတွေကြောင့်…

    Read More »
  • သတင်းPhoto - စစ်တပ်ကမီးရှို့ဖျက်စီးသွားတဲ့ ရွှေကူအရှေ့ဘက်ခြမ်းကကျေးရွာများ (Crd- Shwegu PDF)

    ပစ်မှတ်ထားတိုက်ခိုက်ခံနေရတဲ့ ရွှေကူမြို့အရှေ့ဘက်ခြမ်းဒေသ

    ရွှေကူမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ကျေးရွာတွေဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်က ကုန်းကြောင်း ၊ရေကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်ပစ်ခတ်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ဒေသဖြစ်ပါတယ်။ အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ဌက်တံတားရွာနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က  ဒုတပ်ရင်းမှုးအပါအဝင် ထိခိုက်သေဆုံးသူများပြီး အထိနာသွားခဲ့တဲ့နောက်ပိုင်း…

    Read More »
  • သတင်းPhoto- ဓာတ်ပုံ-ဇူလိုက်၁၃ရက်နေ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ လင်မယားနှစ်ဦ

    ကလေးမြို့နယ်မှာ လက်နက်ကြီးမှန်လို့ လင်မယားနှစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် စီးစံရွာကဒေသခံ လင်မယား ၂ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံဆီကနေ သိရပါတယ်။ မနေ့က ဇူလိုင် ၁၃ရက်နေ့ည ၉နာရီဝန်းကျင်မှာ ကလေးမြို့ပေါ်အမြောက်တပ်ကနေ လက်နက်ကြီး ၇လုံး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် စီးစံနဲ့စက္ကန့် ရွာတွေကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က မြို့ထဲကနေပစ်လိုက်တာ ကလေးမြို့နားက ရွာတွေကိုကျတာပေါ့စီးစံရွာကလင်မယားနှစ်ဦးပေါ့ နော် သူတို့အိမ်ပေါ်ကျတာ ဝမ်းဗိုက်ကိုမှန်တာဗိုက်ထဲကအူတွေတောင်မှထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတယ်” လို့ပြောပါတယ်။…

    Read More »
  • သတင်းphoto- အင်းတော်မြို့အဝင်ဆိုင်းဘုတ်

    အင်းတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတွေဆီကနေ ရွှေ ၂ ကျပ်သားနှင့် ငွေသားသိန်း ၇၀ လုယူသွား

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ရွာသာရွာထဲဝင်ရောက်လာတဲ့ စစ်ကြောင်စီ စစ်ကြောင်းဟာ ဒေသခံတွေဆီကနေ ငွေသားသိန်း ၇၀ နှင့် ရွှေ ၂ ကျပ်သား ကိုလုယူသွားတယ်လို့ ရွာသာရွာဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ လဆန်းပိုင်းကတည်းက အင်းတော်နယ်မှာရောက်နေတဲ့ရက်နေ့ တပ်မ ၈၈နှင့် တပ်မ ၇၇ အင်အား ၈၀ ကျော်ပါတဲ့စစ်ကြောင်းဟာ…

    Read More »
  • သတင်းPhoto- ဝက်လက်မြို့အဝင် ဆိုင်းဘုတ်

    ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ဝက်လက်နယ်‌တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ကြောင်းဝင်လာတဲ့အချိန် သာလိုင်းရွာအရောက်မှာ ပြည်သူတစ်ချို့လည်းပြေးကြတစ်ချို့ကြလည်း မပြေးကြဘူးပေါ့ဗျာ အဲ့မှာသူတို့နဲ့ပက်ပင်းတိုးပြီး သူတို့ရှေ့ပြေး တယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့သဘောပေါ့ ပစ်တာကတော့ရည်ရွယ် ချက်ရှိရှိကိုပစ်တာပါ“ လို့ပြောပါတယ်။ ပစ်သတ်ခံခဲ့ရသူဟာ သာလိုင်းကျေးရွာဒေသခံ အသက်၆၀နှစ်အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီးတော့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်မှာပဲ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း သဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။…

    Read More »
  • သတင်းPhoto-ကားမိုင်းမြို့အဝင်ဆိုင်းဘုတ်

    ကားမိုင်းအနီး တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

    ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေစဉ် ကားလမ်းတိုင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်ကစပြီး ကားမိုင်း၊လဝါးလမ်း အင်ဘရော့် လမ်းဆုံမှာ စစ်တပ်နဲ့ KIA ကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားနေချိန် ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ ကားမိုင်းဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကားမိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက် ၁ နာရီလောက်ကြာတယ် အချင်းချင်းတိုက်ပွဲဖြစ်နေတာ။ အဲ့တာနဲ့ ကားမိုင်းက ပြည်သူတစ်ယောက်ဆိုင်ကယ်လာတာ တိုက်ပွဲဖြစ်နေစဉ်ဖြတ်လာလို့ လက်နက် ထိပြီးသေသွားတယ်”လို့ ပြောပါတယ်။…

    Read More »
  • သတင်းPhoto; ဒီကနေ့ ဇူလိုင်၁၀ရက်နေ့မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ရေမြက်ကျေးရွာ

    ရေဦးနယ် ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းအနီးကို လေကြောင်းကတိုက်ခိုက်

    စစ်ကိုင်းတိုင်း ရေဦးနယ် ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်း၁၀နာရီလောက်မှာ လေကြောင်းကနေဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့်ထိခိုက်ပျက်ဆီးမူတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်မှာ ရေမြက်ကျေးရွာပေါ်ကို ပေါင် ၅၀၀ ဗုံး၃လုံးကြဲချတယ်စက်လက်နက်တွေနဲ့လည်းရွာပတ်ပတ်လည်ကိုဝဲပြီးပစ်သွားတယ်ဗျ။ ထိခိုက်မူကတော့ဘုန်းကြီးကျောင်းက စေတီတော်က ထီးတော်ပြုတ်ကျသွားတယ်ဆင်းတုတော် ၅ ဆူထက်မနည်းပျက်ဆီးသွားတယ် စာသင်ကျောင်းလည်း အနည်းငယ်ထိခိုက်သွား တယ် အရပ်သား ကျဆုံးမူတော့မတွေ့ရသေးပါဘူး”ဟု ကိုထူးခန့်ကပြောပါတယ်။ ဂျက်ဖိုက်တာ၂စီးဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဓမ္မာရုံအနီးကျရောက်ခဲ့တဲ့တစ်လုံးကတော့ ပေါက်ကွဲခဲ့ခြင်းမရှိဘူးလို့ သူကဆက်ပြောပါတယ်။လက်ရှိအခြေနေတွေကြောင့် ရေမြက်ကျေးရွာနဲ့အနီးတစ်ဝှိုက်က ဒေသခံတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေကပြောပါတယ်။…

    Read More »
Back to top button