စစ်ရေး
-
Jan- 2026 -21 Januaryသတင်း
စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် နန်းမားမြို့အနီးဝန်းကျင် ကျေးရွာတစ်ချို့စတင်တိမ်းရှောင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့အနီး စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူတွေစတင်တိမ်းရှောင်နေကြပြီလို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၁၉ ရက်ည တစ်ကြိမ်၊ ဇန်နဝါရီ၂၀ ရက်နေ့လည် ၁၂ နာရီတစ်ကြိမ် နန်းမားမြို့ လက်ပံတန်းဘက်ကို Y8 လေယာဉ်တစ်စီးပ်ဗုံးကြဲသွားတယ်လို့ နန်းမားဒေသခံတွေဆိုပါတယ်။ ဒါကြောင့် လက်ပံတန်း၊ဘုရားကြီးကွင်းကျေးရွာနေ ပြည်သူတစ်ချို့မိုးညှင်းမြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မြို့ပေါ်ကြဲတာမဟုတ်ဘူး မနေ့က ဟိုပင်နန့်ရင်းဖက်လည်းလာကြဲတယ် ဟိုပင်ပြီးတော့ မိုးညှင်းအနီးက နန်းမားလက်ပံတန်းဖက်လည်းလာကြဲလို့ အဲနီးကလူတွေကတော့ ထိတ်လန့်နေကြတယ်။ တစ်ချို့က ဒီမိုးညှင်းမြို့ထဲ စပြီးရှောင်လာကြပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့ ညနေ ၃ နာရီဝန်းကျင်အထိ စစ်တပ်ရဲ့ Y8 လေယာဉ်တစ်စီးဟာ မိုးညှင်းမြို့အနီးဆက်ပျံဝဲခဲ့တဲ့အတွက် မိုးညှင်းမြို့ပေါ်နေပြည်သူတွေလည်း စိုးရိမ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ နန်းမားမြို့နယ် လက်ပံတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလမှာလည်း စစ်တပ်အင်အား ၂၀၀ ဝန်းကျင် ရွာအတွင်းဝင်ရောက်တပ်စွဲနေထိုင်နေမှုကြောင့် လက်ပံတန်းကျေးရွာနှင့်ကြာကြီးကွင်းကျေးရွာဒေသခံများ ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒေသခံများနေရပ်ပြန်ပြီးနေထိုင်ခဲ့ကြပေမယ့် မကြာခနဆိုသလို နန်းမားမြို့အနီးဝန်းကျင် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်စွာနေထိုင်ကြရတာဖြစ်ပါတယ်။ “နေလို့အဆင်မပြေတော့ဘူး ခနနပစ်ကြ ခတ်ကြတာလေ ဟိုတစ်ခါလည်း ရဲစခန်းလာပစ်တယ်။ ပြီးတော့ မနေ့ကလည်း ရွာအနီးတစ်လုံးလာကျတယ်။ ထိခိုက်တာတော့မသိရဘူး ခုတစ်ချို့က ရှောင်နေကြပြီ”လို့…
Read More » -
Jul- 2025 -25 Julyသတင်း
ဖားကန့်ကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ် လေကြောင်းအပြင် မြေပြင်လမ်းပိုင်းပိတ်ဆို့မှုအပြင်းအထန်လုပ်ဆောင်နေ
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကစလို့ စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသတစ်ခုလုံးကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် ဝေဟင်လေကြောင်းအကူနဲ့အဆက် မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး တန်ပြန်ထိုးစစ်ဆင်နေတာ ခုဆိုနှစ်လကျော်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။
Read More » -
Dec- 2024 -12 Decemberသတင်း
ဗန်းမော်မြို့ပေါ် ရပ်ကွက်အများစု KIA ထိန်းချုပ်ထားနိုင်ပြီလို့ဆို
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ရှိလာချိန် မြို့ပေါ်ရပ်ကွက်အများပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့အတွက် မြို့ရဲ့ပတ်ပတ်လည်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့ဦးတည်နေတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ တစ်ပတ် ကျော် ၉ ရက်မြောက်နေ့အထိရှိလာပြီဖြစ်ပြီး ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အစိုးရရုံးရှိရာ ရပ်ကွက်အားလုံးနီးပါး KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီလို့ ဗန်းမော်KUG/KPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “မြို့ထဲကိုဝင်ထားတဲ့အဖွဲ့တွေကတော့ စခန်းတော်တော်များများကိုသူတို့သိမ်းထားပါတယ်။ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ပေါ့။ တပ်စွဲထားတဲ့ နေရာ တော်တော်များများကိုလည်းသိမ်းထားနိုင်တယ်။ စခန်းအရေ အတွက်ကတော့ ၁၂ ခုလောက်သိမ်းထားနိုင်တယ်ပေါ့လေ။ အခုကတော့ ဗန်းမော်မြို့ စကခ ၂၁ နဲ့ ခလရ ၄၇ ကလွဲရင် မြို့ထဲနေရာတော်တော်များများကိုထိန်းထားပြီလို့ပြောလို့ရပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ပြင်မှာရှိတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်ကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီး ခလရ ၄၇ ကိုဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့တွင်းထဲက အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ ၄၇ တို့လို စစ်ကောင်စီအထိုင်ချရာ တပ်တွေနဲ့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး အဲ့ဒီအနီးတစ်ဝှိုက်ကရပ်ကွက်တွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တာတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့အပြင် ဗန်းမော်တက္ကသိုလ်၊ ၂မိုင်၊ ၃–၄မိုင်နဲ့ ၅–၆မိုင်၊ မံစီမြို့နယ်ထဲမှာကျန်နေတဲ့ ခမရ ၆၀၁၊၃၁၉ နဲ့ ၃၅၂ တို့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ အခုလို နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြို့တွင်းရပ်ကွက်နေရာတစ်ချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေပြီး ရဲစခန်း၊ထွေအုပ်ရုံးအပါအဝင်၊ စံကိုယ်ပိုင် အထက်တန်းကျောင်း၊ Friendship Hotel၊ ၂ မိုင်အနီးတစ်ဝှိုက်ကနေအိမ်တစ်ချို့နဲ့ ခွန်သာရပ်ကွက်ကနေအိမ်တွေမှာ မီးလောင် ပျက်ဆီးမှုတွေရှိနေတာလို့ သိရပါတယ်။ တစ်ဖက်မှာ ဒေသခံတွေဟာလည်းတိုက်ပွဲဖြစ်ပြီး ၂ ရက်လောက်အကြာ ဒီဇင်ဘာ ၆ ရက်နေ့လောက်ကစပြီး မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီး အများစုက မန္တလေးလိုမြို့ကြီးအပါအဝင် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းက ကျေးရွာတွေ၊ ကသာ၊ရွှေကူ၊ စင်းခမ်း နဲ့ ဘေးလွှတ်ရာ တောတောင်တွေထဲဦးတည်ထွက်ပြေးနေကြရပြီး အဘက်ဘက်ကအကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ “အဓိကလိုအပ်တာ စားနပ်ရိက္ခာတွေနဲ့အဝတ်အထည်၊ဆေးဝါးတွေလိုအပ်တယ်။ တစ်ချို့ရပ်ကွက်မှာက လက်နက်ကြီးကျလာတော့ ချက်ချင်းထပြေးရတာရှိတယ် အဲတော့ ဘာမှမပါလာဘူးလေ”လို့ ဗန်းမော်ကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁) အခြေစိုက်ရာ မြို့ဖြစ်သလို ခလရ(၂၃၆)၊ ခလရ(၄၇)နှင့် အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်းငါးရင်းလောက် အခြေစိုက်ထားသည့် တပ်မြို့ဖြစ် ပြီး စစ်ရေးအရအင်မတန်အရေးပါတဲ့မြို့လို့စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။ တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ မိုင် ၅၀ ခန့်အကွာမှာပဲရှိတဲ့ စစ်ရေးအရအင်မတန်အရေးပါတဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ဖို့ဦးတည်နေချိန်မှာပဲ တရုတ်နိုင်ငံအစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ဒီဇင်ဘာလ ၉ ရက်နေ့ကဖြေကြားခဲ့ပါတယ်။ လက်ရှိတော့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့နဲ့ တွေ့ဆုံဖို့ရောက်ရှိနေပြီလို့သိရပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အခြေနေအသေးအစိတ်ကို KNG က မသိရသေးပါဘူး။ ဒီအရေးပါတဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် အာရက္ခ တပ်တော် AA၊ ကျောင်းသားတပ်မတော် ABSDF၊ ကူကီးအမျိုးသားများတပ်မတော်၊ KIA ဂေါ်ရခါး တပ်ရင်း နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့က ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။ By – အမိုး
Read More » -
Nov- 2024 -18 Novemberစစ်ရေး
အရပ်သားပြည်သူနဲ့ ဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်က ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတယ်လို့ KIO ပြော
အာဏာသိမ်းစစ်တပ်အနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ နေရာဒေသက အရပ်သားပြည်သူ နဲ့ ဘာသာရေးကျောင်းနေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပိုပြီးတော့ အလှမ်းဝေးသွားစေမှာဖြစ်တယ်လို့ KIO ပြောဆိုလိုက်ပါတယ်။ အဖပ်ဖက်ကနေစစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုကျူးလွန်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့…
Read More » -
Oct- 2024 -22 Octoberသတင်း
BGF စခန်းတွေကို အချိန်တိုအတွင်းသိမ်းနိုင်တာဟာ KIA ရဲ့ စစ်ရေး၊နိုင်ငံရေးကို နားလည်သဘောပေါက်လာတာကြောင့်ဖြစ်တယ်လို့ KIO ပြော
ကံပိုင်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်အပါအဝင် BGF စခန်းသိမ်းပိုက်မှုမြန်ဆန်လာတာဟာ KIA ရဲ့နိုင်ငံရေး၊စစ်ရေးကို BGF တပ်အနေနဲ့ နားလည်သဘောပေါက်လာတဲ့အတွက်ဖြစ်တယ်လို့ KIO ပြောပါတယ်။ ကံပိုင်တည်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာကို KIA ပူးပေါင်းတပ်ဘက်က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ခုလိုနယ်ခြားစောင့်တပ်တွေရဲ့ ၁၀၀၃ တပ်ရင်းဌာနချုပ်နေရာအပါအဝင် BGF စခန်းတွေအချိန်တိုအတွင်းသိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “စခန်းကိုတော့ မနေ့ ညနေ ၅ နာရီလောက်မှာ သိမ်းပိုက်လိုက်တယ်။ တိုက်ပွဲက ဘယ်အချိန်လောက်မှာ စဖြစ်တာလဲတော့မသိဘူး။ စခန်းသိမ်းတာမကြာလိုက်ဘူး အဓိကတော့ BGF ၁၀၀၃ တပ်ရင်းဌာနချုပ်ဖြစ်တယ်။ အဲမှာက ကျနော်တို့ လူမျိုးချင်းတူတဲ့ အဖွဲ့တွေရှိတဲ့ တပ်ရင်းနေရာဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း KIO/KIA ရဲ့ နိုင်ငံရေး၊ စစ်ရေးကို နားလည်သဘောပေါက်ပြီးတော့ တိုက်ပွဲက အရမ်းကြီးခုခံတိုက်ခိုက်တာတွေသိပ်မလုပ်ဘဲ အမြန်သိမ်းပိုက်လိုက်တယ်လို့ပဲမြင်ပါတယ်”လို့ ပြောပါတယ်။ နယ်ခြားစောင့်တပ်တွေဟာ KIO/KIA ရဲ့ လက်ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေကို နားလည်သဘောပေါက်ရုံတင်မကပဲ လူမျိုးအချင်းအချင်း ခိုက်ရန်မလိုလားတဲ့အတွက်လည်း အချိန်အကြာကြီးခုခံတိုက်ခိုက်တာမလုပ်တဲ့အတွက် အမြန်ဆုံးသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေမြို့၊ အောက်တိုဘာလ ၁၅ ရက်နေ့ ၁၀၀၂ လုပီတပ်ရင်းဌာနချုပ်၊ အောက်တိုဘာလ ၁၉ ရက်မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါမြို့သိမ်းလိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ ကံပိုင်တည်မြို့အနီး စင်ကြိုင် ၁၀၀၃ တပ်ရင်း အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ စင်ကြိုင်ကျေးရွာရှိ ၁၀၀၃ တပ်ရင်းဌာချုပ်မသိမ်းခင် ရှေ့တန်းကာကင်းစခန်းတွေဖြစ်တဲ့ လဖိုင် (Lahpai) ဝေါ့ချုံး (Waw Hkyung) ၊ မဂါး(Maga) စတဲ့စခန်းတွေကို KIA ဘက်က အောက်တိုဘာလ ၁၆ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်ရာ အောက်တိုဘာလ ၂၁ ရက်သိမ်းပိုက်နိုင်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၂၂ ရက်နေ့ သိမ်းပိုက်ထားတဲ့ အမှတ် ၁၀၀၃ တပ်ရင်းနေရာဟာ နှစ်ပေါင်းကြာရှည်စွာ ကံပိုင်တည်ဒေသအတွင်း ဘိန်းစိုက်ပျိုးရေးအတွက်လည်း အဓိက လုံခြုံရေးယူထားပေးတဲ့ နယ်ခြားစောင့်တပ်ရင်းတစ်ခုဖြစ်သလို စစ်ရေးဗျူဟာအရလည်း အလွန်အရေးပါတဲ့ တပ်ရင်းနေရာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “ဒီနယ်ခြားစောင့်တပ်ရင်းက ကန်ပိုင်တည်သွားလမ်းနဲ့ မြို့နေရာကို အဓိက ကာကွယ်ပေးထားတဲ့ တပ်ရင်းဖြစ်တယ်။ ပြီးရင် နောက်တစ်ခုက အဲဒီဒေသမှာ ဘိန်းအရမ်းစိုက်ကြတယ်။ စင်ကြိုင်၊ ဝေါ့ခရုန်း(Waw Hkyung) ၊ မဂါး(Maga) တစ်ကြောပတ်ပတ်လည်လည် ဘိန်းစိုက်တဲ့ နေရာတွေပဲ။ အဲဒီ ဘိန်းစိုက်ပျိုးတဲ့ ပြည်သူတွေကိုလည်း လုံခြုံရေးပေးနေတဲ့ တပ်လည်းဖြစ်တယ်”လို့ပြောပါတယ်။ အဲဒီဒေသတစ်ခုလုံကို ယခင်က KIO/KIA က ဦးဆောင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး(Pat Jasan Magam)လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် ထိရောက်မှုမရှိဘဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အလွန်ခက်ခဲတဲ့ နေရာဒေသတွေဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ဝန်းကျင်ကတည်းမှာ KIA အဖွဲ့တွေ အဲဒီဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်းနေရာတွေကို လိုက်လံ ခုတ်ထွင်ရှင်းလင်းချိန်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်တာတွေ၊ Pat Jasan အဖွဲ့တွေကိုလည်း မိုင်းနဲ့ ချိန်ပစ်ဖောက်ခွဲခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဆက်သိရပါတယ်။ ဒါကြောင့် KIA ပူးပေါင်းတပ်တွေဟာ ဆဒုံးနဲ့ ကန်ပိုင်တည်ကြားက စင်ကြိုင် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်လိုက်တာဟာ စစ်ရေးအရတင်မဟုတ်ဘဲ ကံပိုင်တည်ဒေသအတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးတဲ့ လုပ်ငန်းတွေကိုပါ တားဆီးလာနိုင်တော့မှာဖြစ်တယ်လို့ ပြည်သူတစ်ချို့ သုံးသပ်ပြောဆိုနေကြပါတယ်။ စင်ကြိုင် နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် KIA ရဲ့ စစ်ဆင်ရေးက ကံပိုင်တည်မြို့ အနီးတဝိုက်မှာ ရောက်ရှိနေသလို တိုက်ပွဲတွေလည်းဆက်ဖြစ်နေပါတယ်။ ကံပိုင်တည်မြို့ပေါ်မှာ တိုက်ပွဲတွေ မဖော်ဆောင်ဖို့အတွက်လည်း တာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေရှိနေတယ်လို့ သိရပြီးတော့ တစ်ချို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဒီရက်ပိုင်းအတွင်းမှာတင် ကံပိုင်တည်မြို့ကိုပါ ထပ်သိမ်းလာနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။…
Read More » -
Sep- 2024 -25 Septemberသတင်း
ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ပူတာအိုခရိုင်အခြေစိုက် ခလရ ၁၃၇ တပ်နဲ့ ၄၆ တပ်ကစစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပူတာအိုPDF နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “၁၃၇ နဲ့နီးစပ်တဲ့လူတွေပြောတာတော့ ဆွမ်ပရာဘွမ့်ကိုသူတို့ပြန်သိမ်းမယ်တဲ့ ဘယ်လမှာဆိုတာတော့အသိအကျမသိရဘူး နှစ်မကုန်ခင်ပြန်သိမ်းဖို့ရှိတယ်လို့တော့သတင်းထွက်နေတယ်။ ပြီးတော့သူတို့ဘက်ကစစ်ရေးပြင်ဆင်တာတွေကြည့်ရင်တော့မကြာလောက်ဘူးအခုတောင်ည ညဆိုစစ်ကားတွေသွားသွား လာလာရှိတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းကနေ စစ်အင်အားတွေကို လေကြောင်းနဲ့ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ့်မြို့ကြားထဲက လုံရှာယာန်၊ ဖက်မာစတဲ့ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ပို့ဆောင်ထားတယ်လို့သိရပါတယ်။ “စစ်သားတွေတော့အခုထပ်မပို့လာတော့ဘူး ပြီးခဲ့တဲ့ ၇ လပိုင်းကတော့ အောက်ပိုင်းကနေ စစ်ရယာဥ်နဲ့အများကြီးလာချတယ်။ ပြီးတော့ ခရီးသည်တင်တဲ့လေယာဥ်နဲ့လည်း ပူတာအိုထဲလာချတယ်အရပ်သားပုံစံနဲ့ အခုကတပ်ဖြန့်ထားပြီလေး နေရာတိုင်းမှာ”လို့ပူတာအို မြို့ လေယာဉ် ကွင်းရပ်ကွက်နေအမျိုးသား တစ်ဦးကပြောပါတယ်။ ဒါ့အပြင် အရင်ကတပ်စွန့်ခွာခဲ့တဲ့ထဝါဒမ်းထောက်ပို့တပ်ထဲမှာလည်းအင်အားအများအပြားနဲ့တပ်ပြန်ထိုင်နေတယ်လို့သိရပါတယ်။ ဆွမ်ပရာဘွမ်မြို့သိမ်းခံရပြီးတဲ့နောက် ပူတာအိုအခြေစိုက် တန်ဂူးတန်ပြည်သူ့စစ်တပ်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းပြီး ဆွမ်ပရာဘွမ်ကိုပြန်သိမ်းဖို့မကြာခနစစ်ကြောင်းထိုးခဲ့ပေမယ့် KIA၊KPDF ပူးပေါင်းတပ်ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ “သူတို့ကတော့ခနခနသွားနေတာပဲ စစ်ကားတွေနဲ့ လွန်ခဲ့တဲ့ ၇လပိုင်းအထိပေါ့ သူတို့အထိနာပြီးပြန်ပြန်ဆုတ်လာတာပဲ အခုအဲ့ဘက်ကိုစစ်ကြောင်းမထိုးပဲငြိမ်နေတာ ဒီတစ်ခေါက်ကအင်အားအလုံးအရင်းနဲ့ပြန်ထိုးဖို့ဆိုပြီးပြင်ဆင်နေတာတဲ့”လို့ပူတာအိုမြို့ခံတစ်ဦးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ပြန်သိမ်းမယ့်သတင်းဟာ လက်ရှိပူတာအို ဒေသခံတွေကြားမှာလည်းကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့နေတာကြောင့် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ပူတာအိုမြို့လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဆွမ်ပရာဘွမ်ပြန်သိမ်းမယ်လို့တော့သတင်းထွက်နေတာပဲ တစ်လလောက်ရှိပြီဘယ်နေ့လဲတော့မသိဘူး တိုက်ပွဲဖြစ်ရင်လမ်းကပိတ်ကုန်စျေးကကြီးအုံးမှာတွေးပြီးစိုးရိမ်နေရတယ်တချို့တော့ကြိုတင်ပြီးဆီတွေ၊ဆန်တွေလှောင်ထားကြတယ်ပိုက်ဆံရှိတဲ့သူတွေပေါ့”လို့ အသက် ၃၂ နှစ်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ပူတာအိုဒေသအတွက်တစ်ခုတည်းသောကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတာကြောင့် တိုက်ပွဲဖြစ်ရင်ကားလမ်းပိတ်သွားမှာဖြစ်တာကြောင့် ပူတာအိုဒေသခံတွေအထူးစိုးရိမ်နေရပြီး တစ်ချို့က စားနပ်ရိက္ခာတွေ၊စက်သုံးဆီတွေကြိုတင်စုဆောင်းတာမျိုးရှိနေတယ်လို့သိရပါတယ်။ KIA၊KPDF ပူးပေါင်းတပ်တွေဟာ ဆွမ်းပရာဘွမ်မြို့ကို သိမ်းပိုက်ဖို့ ဒီနှစ် မတ်လပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ရာမေလမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာစစ်ရေးပြင်းထန်ပြီး မြို့တွေ၊ရွာတွေနဲ့ ရှေ့တန်းစခန်းအများအပြားဆုံးရှုံးနေတဲ့စစ်ကောင်စီဟာ ကချင်တစ်ပြည်နယ်လူံးကို ဇွန်လ ၂၁ ရက်နေ့ကစ ဖုန်း အင်အာနက်လိုင်းတွေအားလုံးဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုပြန်သိမ်းမယ့် ရန်နိုင်မင်းစစ်ဆင်ရေးအမည်နဲ့တစ်နိုင်ငံလုံးအဆင့် စစ်ရေးစတင်လှုပ်ရှားနေတယ်လို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူက KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ဘက် ချင်းတွင်းမြစ်ဖျားနှင့် မလိခမြစ်တို့အကြား …
Read More » -
13 Septemberသတင်း
KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ
“တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။
Read More » -
Aug- 2024 -29 Augustသတင်း
ဝိုင်းမော် စန်းကားကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ KIA တပ်တို့စစ်ရေးတင်းမာ
မတ်လ ၇ ရက်နေ့စပြီး တိုက်ပွဲပြင်းထန်လာတဲ့ ဝိုင်းမော်မြို့နယ်တွင်း ကျေးရွာတစ်ချို့မှာ စစ်တပ်က စစ်အင်အားဖြည့် စစ်ရေးလှုပ်ရှားနေတဲ့အထဲ စန်းကားကျေးရွာအုပ်စုလည်းပါဝင်ပါတယ်။
Read More » -
13 Augustအင်တာဗျူး
ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ
ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။
Read More » -
12 Augustအင်တာဗျူး
တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်
ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။
Read More »









