စီတာပူရပ်ကွက်
-
Feb- 2026 -25 Februaryသတင်း
မြစ်ကြီးနားမြို့တွင်း စည်းကမ်းမဲ့မောင်းနေတဲ့သဲကျောက်ကားတွေကို ကြပ်မတ်ပေးဖို့ပြည်သူတွေတောင်းဆို
မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့ ကားကြီးတွေစည်းကမ်းမဲ့မောင်းနှင်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာကြပ်မတ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။ လက်ရှိမှာ စီတာပူ၊ စက်မှုဇုန်၊ မန်ခိန် စတဲ့ ရပ်ကွက်တွေနဲ့ နီးတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ“မြစ်ကြောင်းရှင်းလင်းရေးစီမံကိန်း” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သဲကျောက်တွေ တူးဖော်ပြီး တုံဖုန်းကားတွေနဲ့ နေ့စဉ်သယ်ယူနေကြတာ ဖြစ်ပါတယ်။ မြို့ခံတွေပြောတာက ဒီသဲကျောက်တင်တဲ့ကားတွေဟာ အမိုးနဲ့ဖုံးအုပ်ထားခြင်းလည်းမရှိတဲ့အတွက် သဲကျောက်ကားဖြတ်မောင်းလာတဲ့လမ်းတစ်လျှောက် ရေ၊ဖုံ၊သဲများလွှင့်စင်နေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ သွားလာဖို့ခက်ခဲတာ ယာဉ်လမ်းကြောင်းပိတ်ဆို့တာတွေလည်းကြုံနေရတယ်လို့ သိရပါတယ်။ “ကားတွေက အကြီးကြီးတွေ ဖြစ်တယ် ဖုန်မှုန့်ကလည်း များတယ်။ ကျောက်ခဲတွေ လွှင့်စင်လာတော့ ကလေးတွေ ကျောင်းပို့ကျောင်းကြိုအချိန်ဆို ပိုပြီး စိုးရိမ်ရတယ်။ အချိန်သတ်မှတ်ပြီး လုပ်ပေးရင် ကောင်းမယ်လို့ ထင်တယ်” လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးပြောပါတယ်။ သဲကျောက်ကားတွေက တစ်နေ့ကို ပျမ်းမျှ အစီးတစ်ရာကျော် ရှိတယ်လို့ သိရပြီး လမ်းတစ်လျှောက် ကားကြီးတွေ ပြည့်နေတဲ့အတွက် သာမန်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေ သွားလာရတာ ပိုခက်ခဲလာနေတယ်လို့ သူက ဆက်ပြောပါတယ် တစ်ဖက်မှာလည်း ကားမောင်းသူတွေကို တစ်ခေါက်ကိုတစ်သောင်းနှုန်းပေးနေတာကြောင့် အခေါက်ရေများများရဖို့ အလျင်အမြန် မောင်းနေကြတဲ့အတွက် လမ်းပိတ်ဆို့တာ၊ ကျောက်စတွေ လွှင့်စင်တာတွေကြုံနေရတယ်လို့ မြို့ခံတွေပြောပါတယ်။ နောက်ဆက်တွဲအနေနဲ့ လမ်းဘေးစားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေမှာ ဖုန်မှုန့်တွေ ထူထပ်နေပြီး စီးပွားရေးလည်း ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ကားကြီးတွေ မောင်းနေတဲ့ လမ်းတွေကို စည်ပင်ကရေဖြန်းပေးရမယ်။ ဒါ သူတို့တာဝန်ပဲ အခု စီတာပူဘက်မှာ ဖုန်တွေ အရမ်းများနေတာက တာဝန်ရှိသူတွေ အလုပ်မသေချာလုပ်လို့ဖြစ်တာ” လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ထိရောက်တဲ့အရေးယူခြင်းမရှိပဲ အခြေနေပိုဆိုးလာနေတယ်လို့လည်း ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ သဲကျောက်သယ်ယူမှုတွေက ၂၀၂၆ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီအောက် ကချင်ပြည်နယ်အစိုးရက ရေကြီးရေလျှံမှု ကာကွယ်ဖို့ဆိုပြီး ဗလမင်းထင်တံတားအောက်က သဲကျောက်တွေ စတင်တူးဖော်ရာကနေ ဖြစ်လာတာလို့ သိရပါတယ်။ ခုလိုသဲကျောက်ကားတွေကြောင့် ၂၀၂၀ ဝန်းကျင်က ပြုပြင်ထားတာကြောင့် မြို့တွင်းလမ်းတွေပျက်စီးမှု မများသေးပေမယ့် မြို့ပတ်လမ်းနဲ့ မြို့ပြင်လမ်းတွေမှာတော့ ပျက်စီးနေပြီး ပြန်လည်ပြုပြင်တာ မရှိသေးဘူးလို့ သိရပါတယ်။ သဲကျောက်သယ်ရာမှာ သာမန်တုံဖုန်းကားတွေအပြင် ဖားကန့်ဘက်မှာ အသုံးပြုတဲ့ ဝိတ်ကြီးတုံဖုန်းကားတွေကိုပါ အသုံးပြုနေပြီး ဝန်ပိုသယ်ယူတာကြောင့် လမ်းတွေ ပိုပျက်စီးလာနေတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပဲ တူးဖော်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးက ခြံအလွတ်တစ်နေရာနဲ့ စီတာပူဂျပန်တံတားနား မြေအလွတ်တွေမှာ စုပုံထားပြီး ခြံဝင်းခတ်ကာ ရွှေကျင်လုပ်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဗလမင်းထင်တံတားအောက်မှာ ရွှေတူးဖော်မှုတွေကို မနှစ်ကစတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ “ရေကြီးကာကွယ်ရေး” ခေါင်းစဉ်နဲ့ ပိုပြီး ပေါ်ပေါ်တင်တင် လုပ်လာကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ သဲသောင်တွေကို တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်လာကာ မြို့ရေကြီးမှုကနေ ကာကွယ်နိုင်မယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယခင်အစိုးရခေတ်တွေမှာ ဗလမင်းထင်တံတားအနီးနဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှုတွေကို တားမြစ်ထားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစပြီး တူးဖော်မှုတွေ ပိုများလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၅ မိုးရာသီတုန်းကတော့ မြစ်ရေကြီးမှုကြောင့် ခနရပ်နားခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ အရှိန်မြင့် ပြန်လည်တူးဖော်နေကြတယ်လို့ သိရပါတယ်။ By –…
Read More » -
Sep- 2025 -22 Septemberသတင်း
အမျိုးသမီးအဆောင်ဓါးပြဝင်တိုက်တဲ့ ရဲတပ်သားတစ်ဦး သေနတ်နဲ့အတူဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် (၁) အမျိုးသမီးဘော်ဒါဆောင်တစ်ခုမှာ ဓါးပြဝင်တိုက်တာအပြင် အမျိုးသမီးငယ် တွေကိုမဖွယ်မရာပြုလုပ်ဖို့ကြိုးစားတဲ့ ရဲတပ်သားတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးမိတယ်လို့ အဆောင်နဲ့နီးစပ်သူတွေ ပြောပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၁ ရက် ည ၁၂ နာရီဝန်းကျင်…
Read More » -
Jul- 2024 -29 Julyသတင်း
ဖမ်းဆီးခံရတဲ့ စီတာပူနှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာနဲ့လူငယ်ခေါင်းဆောင်လွတ်မြောက်လာ
ကချင်ပြည်နယ် မြစ်ကြီးနား စီတာပူရပ်ကွက်မှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော် KBC ကသိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆရာဆွတ်အောင်ကို စစ်တပ် ဖမ်းဆီးသွာားပေမယ့် ၂၄ နာရီမပြည့်ခင်ပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၆ ရက်နေ့ စစ်ကောင်စီတပ်တွေဟာ စီတာပူကချင်နှစ်ခြင်းအသင်းတော် အမှုတော်ဆောင်တွေဖြစ်တဲ့ သိက္ခာတော်ရ သင်းအုပ်ဆရာဂျုံးခေါင်နဲ့လူငယ်ခေါင်းဆောင်ဆရာဆွတ်အောင် ၂ ဦးကို နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းမှပြန်လွတ်ပေးလိုက်ပြီဖြစ်တယ်လို့ မြစ်ကြီးနားကနေ ရန်ကုန်ကို ခေတ္တရောက်နေတဲ့မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။ “၂၄ နာရီမပြည့်ခင် ပြန်လွတ်ပေးလာတယ် ကျနော်တို့ကြာားရသလောက်တော့ စီတာပူနှစ်ခြင်းအသင်းတော်မှာ ဖမ်းမခံရခင် ရှေ့အပတ်မှာ တိုက်ပွဲဖြစ်လာရင် အသင်းသူ၊သားတွေကို ဘယ်လိုရှောင်ကြမလဲဆိုပြီးပြောထားတဲ့ကိစ္စကြောင့်လို့တော့ ပြောတယ်။ အသေးစိတ်တော့မသိရဘူး”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်နေ့မှာလည်း ဝိုင်းမော်မြို့ ဝူယန်ပြည်သူ့စစ်စခန်းအနီး ဘက်ဟိုးနဲ့ ကတုတ်ကျင်းတူးဖော်နေတဲ့ ဗီဒီယိုဖိုင်ရိုက်ကူးခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဝူယန် KBC သိက္ခာတော်ရ သင်းအုပ်ဆရာတစ်ဦးကို စစ်ကောင်စီနဲ့ပြည်သူ့စစ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပါသေးတယ်။ ခုလို စစ်တပ်က ဘာသာရေးလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာ၊ဘာသာရေးဆရာတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့် ၂၀၂၃ ခုနှစ် မေလ ၁ရက်နေ့က ထုတ်ဝေတဲ့ USCIRF ရဲ့ ၂၀၂၃ ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံကို တရုတ်၊ ကျူးဘား၊ အီရစ်ထရီးယား၊ အီရန်၊ နီကာရာဂွာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံတွေနဲ့အတူ အထူးစိုးရိမ်ရတဲ့နိုင်ငံများ ( Countries of Particular Concern- CPC )စာရင်းထဲမှာ ထည်သွင်းသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီနိုင်ငံတွေက အစိုးရတွေဟာ ဘာသာရေးနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ချိုးဖောက်မှုတွေကို ကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် အခြားသူတွေ ချိုးဖောက်တာကို မျက်ကွယ်ပြုထားတာတွေ လုပ်ဆောင်နေတယ်လို့ USCIRF ရဲ့ ကြေညာချက်မှာ ဖော်ပြထားတဲ့အပြင် USCIRF ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာထဲမှာ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၇ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမယ့်၊ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာ ဆန့်ကျင်သူတွေကို ဖိနှိပ်တာ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ By – CJ
Read More » -
Apr- 2024 -4 Aprilသတင်း
မြစ်ကြီးနားမြို့မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရ အမျိုးသားဖြစ်သူ ပွဲချင်းပြီးတစ်ဦးသေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ဇနီးမောင်နှံနှစ်ဦးသေနတ်နဲ့ပစ်ခံရပြီး အမျိုးသားဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမြစ်ကြီးနားမြို့အဖွဲ့မှ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဧပြီလ ၄ ရက်နေ့ ဒီနေ့မနက် ၅နာရီခွဲဝန်းကျင် စီတာပူရပ်ကွက် နယ်မြေ (၈) ဟာရူး(HARU)စားသောက်ဆိုင် လမ်းဆုံတစ်နေရာမှာဆိုင်ကယ်စီးလာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဇနီးမောင်နှံနှစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နဲ့ ပစ်သွားတာဖြစ်တယ်လို့ စီတာပူရပ်ကွက်နေ ပြည်သူတွေဆီကနေ သိရပါတယ်။ “သေနတ်သံ လေးငါးချက်ကြားပြီး အပြင်ကို ထွက်ကြည့်ကြတော့ ဆိုင်ကယ်နဲ့လဲနေတာပေါ့ ဘယ်သူတွေပစ်သွားမှန်းသေချာတော့ မသိလိုက်ဘူး မမြင်လိုက်ဘူးပေါ့”လို့ ဆိုပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ ဇနီးမောင်နှံမှာ အမျိုးသားဖြစ်သူကတော့ ပွဲချင်ပြီးသေဆုံးသွားပြီး အမျိုးသမီးကတော့အသက်ရှင်နေဆဲဖြစ်ပြီး ထိခိုက်ဒဏ်ရာတော့ပြင်းထန်စွာရရှိထားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမြို့အဖွဲ့မှ အဖွဲဝင်တစ်ဦးကခုလိုပြောပြပါတယ်။ “သေသွားတဲ့ အမျိုးသားကတော့လည်ပင်းနဲ့ပါးမှာပစ်ခံရတယ် အမျိုးသမီးကတော့ ဘယ်ဘက်ရင်အုံမှာတစ်ချက် ပြီးတော့ဘယ်ဘက် နံရိုးအထက်မှာနှစ်ချက်စုစုပေါင်းသုံးချက်ပစ်ခံထားရတယ်”လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သေဆုံးသွားတဲ့ အမျိုးသားကိုတော့ မြစ်ကြီးနားရင်ခွဲရုံကို ပို့ဆောင်ထားပြီး အမျိုးသမီးကိုတော့ မြစ်ကြီးနားဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ သေနတ်ပစ်ခံရတဲ့ ဇနီးမောင်နှံဟာ စီတာပူရပ်ကွက်မှာအိမ်ငှားနေတာဖြစ်ပြီး စိုက်ခင်းသွားတဲ့လမ်းမှာ အပစ်ခံရတာဖြစ်နိုင်တယ်လို့ စီတာပူရပ်ကွက်က ပြည်သူတစ်ချို့ကပြောဆိုနေတာတွေရှိပေမယ့် လူမှုကယ်ဆယ်ရေးအသင်းတွေဆီကိုတော့လူနာရှင်တွေဘက်က ဆက်သွယ်လာခြင်းတော့မရှိသေးဘူးလို့ ဆိုပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ တုန်းကလည်း အသက်၂၅ နှစ်အရွယ် ကိုလဖိုင်ဇော်လီအောင်(Zau Li Awng)က စီတာပူရပ်ကွက်၊ အထ(၅)ကျောင်းကြား NLD ရုံးအကျော် လမ်းဆုံတစ်နေရာမှာ ကားရပ်ပြီး ဆေးလိပ်သောက်နေချိန် အသက် ၃၀ ဝန်းကျင်ရှိတဲ့ အသားညိုညို ထောင်းထောင်းမောင်းမောင်း လူ ၄ ယောက်ကဓားထောက်ပြီး ကားနဲ့ ငွေသားသိန်း၈၀ကျော်ကို ဓားပြတိုက်သွားခဲ့တာဘဲ ဖြစ်ပါတယ်။ By – Hope
Read More » -
Feb- 2024 -8 Februaryသတင်း
မြစ်ကြီးနားမှာ ကားတစ်စီးနဲ့ ငွေသားသိန်း ၈၀ ကျော် ဓါးပြတိုက်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကို ဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့် ကားပိုင်ရှင်အမျိုးသားဖြစ်တဲ့…
Read More » -
Jan- 2024 -31 Januaryသတင်း
မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တစ်ချို့ စည်းမဲ့ကမ်းမဲ့အမှိုက်များစွန့်ပစ်တာပိုများလာ
“ကျွန်မ အဲ့လမ်းကို ဖြတ်လာတဲ့အချိန်ဆို မီးရှို့နေတာတွေ့တယ်၊ မီးခိုးအရမ်းထွက်လို့ သွားလို့တောင်မရဘူး လမ်းလည်း ဘာမှမတွေ့ရဘူး”လို့ ပြောပါတယ်။
Read More » -
17 Januaryသတင်း
မြစ်ကြီးနားမှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမှာ ဒီကနေ့ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မြစ်ကြီးနား လူမှုကယ်ဆယ်ရေး အသင်း Myanmar Rescue (Kachin) ဆီကသိရပါတယ်။ အမျိုးသားတစ်ယောက်စီးလာတဲ့ ဆိုင်ကယ်နဲ့ နှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့…
Read More » -
15 Januaryသတင်း
ဝါယာရှော့ကြောင့် ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံးမီးလောင်
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ စီတာပူဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့မနက် ၅ နာရီဝန်းကျင်မှာ စီတာပူရပ်ကွက် နယ်မြေ ၃ မှာရှိတဲ့နေအိမ်တစ်လုံးဟာ အိမ်ရဲ့အောက်ထပ်မှာတွဲရပ်ဖွင့်ထားတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ရာကနေ မီးလောင်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အောက်ထပ်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ် ပြီးတော့ ကုန်စုံဆိုင်ဆိုတော့ ပစ္စည်းတွေလည်း အများကြီးဆိုတော့ အဲကနေလောင်တာပေါ့”လို့ ဆိုပါတယ်။ မီးစလောင်တဲ့ချိန်ဟာ ၄ နာရီ ၄၈ မိနစ်ဝန်းကျင်ကနေ စလောင်တာဖြစ်ပေမယ့် မီးသတ်ကားကတော့ ၅နာရီ ၂၀ မိနစ်ရောက်လာပြီး မနက် ၆ နာရီလောက်မှာ အပြီးသတ်မီးငြိမ်းနိုင်ခဲ့တာကြောင့် ပတ်ဝန်းကျင်နေအိမ်တွေမှာ ကူးစက်လောင်ကျွမ်းတာတွေမရှိဘူးလို့ သိရပါတယ်။ ကုန်စုံဆိုင်တွဲရပ်ဖွင့်ထားတဲ့ နေအိမ်မီးလောင်သွားပေမယ့် မိသားစုဝင်တွေကတော့ အချိန်မှီထွက်ခွာနိုင်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရရှိတဲ့ သူကတော့မရှိဘူးလို့ သူကခုလိုဆိုပါတယ်။ “လူတွေကတော့ အချိန်မှီရှောင်ခဲ့နိုင်လို့ ဘာမဖြစ်ဘူး အိမ်ကတော့ အကုန်ပါသွားတယ် တိုင်ဘဲကျန်တော့တယ်”လို့ သူကဆိုပါတယ်။ မြစ်ကြီးနား မြို့ ရပ်ဘူရပ်ကွက်မှာ ၂၀၂၃ ဒီဇင်ဘာလ ၂၀ရက်နေ့ကလည်း မီးလောင်ကျွမ်းမှုကြောင့် လူနေအိမ် ၄လုံးမီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။ By – Hope
Read More » -
Jun- 2022 -21 Juneသတင်း
မြစ်ကြီးနားတက္ကသိုလ်အနီး ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ တက္ကသိုလ်ကျောင်းအနီးတွင် ယနေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်ခန့်တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်သည် Crown ကားအမျိုးအစားမောင်းနင်းလာသည့် အမျိုးသားတစ်ဦးက လမ်းမနဘေးတွင် သွားနေသော ဆိုင်ကယ်နှစ်စီးအား ဝင်တိုက်ခဲ့ရာမှ…
Read More » -
Apr- 2022 -29 Aprilသတင်း
သော့ခတ်ထားသည့် နေအိမ်မှ ဆိုင်ကယ် ၂ စီး အခိုးခံရ
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်း သော့ခတ်ထားသည့် ဆိုင်ကယ်ယာဉ် ၂ စီး ယမန်နေ့ည ခိုးယူခံခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းကျင်ခန့်က နေအိမ်အတွင်း ဇာတ်သော့ခတ်ထားသည့်…
Read More »









