သတင်း

မြစ်ကြီးနားမြို့‌ပေါ် ရပ်ကွက်တစ်ချို့ စည်းမဲ့ကမ်းမဲ့အမှိုက်များစွန့်ပစ်တာပိုများလာ

မြစ်ကြီးနားမြို့ တပ်ကုန်း၊စီတာပူရပ်ကွက် လယ်ကွင်းတစ်လျှောက် စွန့်ပစ်အမှိုက်တွေကို များလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြစ်ကြီးနားမြို့ တပ်ကုန်းစီတာပူလမ်း လယ်ကွင်း အနောက်လမ်းဘက်မှာ အမှိုက်ပစ်ဖို့သတ်မှတ်ထားတဲ့‌နေရာမှာမပစ်ဘဲ စည်းမဲ့ကမ်းမဲ့စွန့်ပစ်တဲ့အပြင် အမှိုက်တွေကိုလည်း မီးရှို့တာတွေလုပ်နေတယ်လို့ စီတာပူရပ်ကွက်နေ အမျိုးသမီးတစ်ယောက်ကပြောပါတယ်။

ကျွန်မ အဲ့လမ်းကို ဖြတ်လာတဲ့အချိန်ဆို မီးရှို့နေတာတွေ့တယ်၊ မီးခိုးအရမ်းထွက်လို့ သွားလို့တောင်မရဘူး လမ်းလည်း ဘာမှမတွေ့ရဘူးလို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ခံတွေပြောချက်အရ အာဏာမသိမ်းခင် နည်းစနစ်မှန် အမှိုက်ပစ်တာတွေ လုပ်တာမျိုးရှိ ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ်ကျော်လောက်ကနေ စနစ်တွေ ပြန်ပျက်လာခဲ့တာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ယောက်က ပြောပါတယ်။

အခုလို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်အမှိုက်တွေ မရှိအောင် တစ်ဦးတစ်ယောက်ချင်းစီမှာတာဝန်ရှိတာဖြစ်ပြီး အသိပညာပေးတာတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်သူ တစ်ယောက်က ကို အခုလိုပြောပါတယ်။

အဓိကကတော့ ပလက်စတစ်တွေသုံးတာများလာတယ်၊ ပြီးတော့ ဒီဟာတွေနဲ့ ပက်သတ်ပြီး ဉပဒေတွေလည်းမရှိဘူး၊ အသိပညာပေးတာတွေလည်းမရှိဘူး၊ ကျောင်းတွေမှာ၊ ဘုရားကျောင်းတွေမှာကအစ စွန့်ပစ်အမှိုက် ပလက်စတစ်တွေနဲ့ ပက်သတ်ပြီး အသိပညာပေးတာတွေလည်း လုပ်သင့်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ပလက်စတစ် အမှိုက်စွန့်ပစ်တာနဲ့ ပက်သတ်ပြီး စီမံခန့်ခွဲမှုတွေ မရှိတာတွေ၊ မိမိအမှိုက်ကို တာဝန်ယူမှုမရှိတာတွေ၊ အစိုးရ စည်ပင်တွေဘက်က စနစ်တကျလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ပလက်စတစ် အမှိုက်တွေကြောင့် လေထုညစ်ညမ်းမှုတွေ၊ မြေဆီလွှာပျက်စီးမှုတွေကြောင့် လယ်ယာစိုက်ခင်းမဖြစ်ထွန်းတာတွေကို ပြည်သူတွေအနေနဲ့ နေ့စဉ်နေ့အမျှခံစားနေရကြတာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button