ဆင်ဘို

  • May- 2024 -
    8 May
    သတင်း

    ဆင်ဘိုသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီ ကသာမှာအင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေ

    စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ကသာမြို့ပြင်ကရွာတွေနဲ့ မြို့အစွန်ရပ်ကွက်တွေကို စစ်ကြောင်းထိုးနေတာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “သူတို့က မြို့ပတ်ဝန်းကျင်ကိုလှုပ်ရှားနေတာ ဒါ့ကြောင့်ဒီစစ်ကြောင်းတွေကိုပဲ ကျနော်တို့ကအာရုံစိုက်နေ တာ ဒီရက်ပိုင်းကို မြို့ပတ်ဝန်းကျင်မှာ အင်အားတော်တော်များတယ်ထွက်လာတာ မျက်မြင်တွေပြောတာက တော့ အင်အား ၂၀၀ ကျော်ရှိတယ်တဲ့ “လို့ပြောပါတယ်။ စစ်ကောင်စီတပ်က ပုံမှန်ဆိုရင် ကသာမြို့ပြင်တစ်လျှောက်စစ်ရေးလှုပ်ရှားတဲ့အခါ အင်အား ၈၀ ဝန်းကျင် လောက်နဲ့သာ စစ်ကြောင်းသွားလာနေပေမယ့် ဆင်ဘိုမြို့ကိုသိမ်းလိုက်တဲ့နောက်မှာတော့ သိသိသာသာအင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော စစ်ကောင်စီတပ်က ကသာမြို့နဲ့ ၃မိုင်ပတ်ဝန်းကျင်က နတ်ရေတွင်း၊ လမ်းခွ၊ ပင်းမလွှတ်၊ ဆင်အင်း၊ သုံးပုံး စတဲ့ ကျေးရွာတွေတစ်ဝှိုက်ကို စစ်ကြောင်းတွေထိုးနေတာလို့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ “ဆင်ဘိုတို့ဘာတို့ကျပြီးတာလဲပါမယ် ဒီရက်ပိုင်းက ဗန်းမော်တစ်ဝှိုက်ကလည်း စခန်းသိမ်းပွဲတွေ ရှိတယ် လေ ဒီလိုနယ်မြေအနေအထားကြောင့်လို့ပဲယူဆပါတယ် မြို့ရဲ့ခပ်လှမ်းလှမ်းကနေ ကာဖို့လုပ်တာလားပေါ့ သူတို့က ကုန်းကျတဲ့နေရာတွေကိုများတပ်စွဲမလားပေါ့ ကျနော်တို့ကလည်း သတိထားရတာပေါ့”လို့ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကသာမြို့ပြင်က ကျေးရွာတွေနဲ့ မြို့အစွန်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေပြီး ကာကွယ်ရေးတပ်ဘက်က လည်း ဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ ကသာမြို့တွင်းနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေကို အတင်းအဓမ္မခေါ်ယူပြီးတော့ စစ်မှုပြန်ထမ်း ခိုင်းတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။  မနေ့က မေလ ၆ ရက်နေ့ညပိုင်းမှာ ကသာမြို့ပေါ် အမှတ် ၁ ရဲစခန်းရှေ့မှာ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့သူကို သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပြီး ထိခိုက်မှုရှိမရှိကိုတော့ KNG က အတည်မပြုနိုင်သေးပါဘူး။ ကသာမြို့နယ်ဟာ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို  ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့မြို့နယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Apr- 2024 -
    29 April
    သတင်း

    ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ဗိုလ်မှူးကြီးနော်ဘူပြော

    မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုပါတယ်။ မြစ်ကြီးနား – ဗန်းမော် ရေကြောင်းလမ်းပေါ် ဧရာ၀တီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ စစ်ကောင်စီ ခလရ ၁၄၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်…

    Read More »
  • 26 April
    သတင်း

    လေယာဉ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆင်ဘို အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်း ၄…

    Read More »
  • Feb- 2024 -
    19 February
    သတင်း

    ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

    မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဆင်ဘိုမြို့တပ်စခန်းကို KIA,KPDF  ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀…

    Read More »
  • 12 February
    သတင်း

    ဆင်ဘိုမြို့ သိမ်းပိုက်ထားပေမယ့် တိုက်ပွဲပြင်းထန်နေဆဲ

    မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချူပ်ထားပြီး မြို့နဲ့ ၃ မိုင်အကွာရှိ စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို ဝိုင်းရံထားကာ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့…

    Read More »
Back to top button