စစ်ရေးသတင်း

ဆင်ဘိုသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီ ကသာမှာအင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေ

စစ်ကိုင်း နဲ့ ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ကသာမြို့ပြင်ကရွာတွေနဲ့ မြို့အစွန်ရပ်ကွက်တွေကို စစ်ကြောင်းထိုးနေတာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

သူတို့က မြို့ပတ်ဝန်းကျင်ကိုလှုပ်ရှားနေတာ ဒါ့ကြောင့်ဒီစစ်ကြောင်းတွေကိုပဲ ကျနော်တို့ကအာရုံစိုက်နေ တာ ဒီရက်ပိုင်းကို မြို့ပတ်ဝန်းကျင်မှာ အင်အားတော်တော်များတယ်ထွက်လာတာ မျက်မြင်တွေပြောတာက တော့ အင်အား ၂၀၀ ကျော်ရှိတယ်တဲ့ “လို့ပြောပါတယ်။

စစ်ကောင်စီတပ်က ပုံမှန်ဆိုရင် ကသာမြို့ပြင်တစ်လျှောက်စစ်ရေးလှုပ်ရှားတဲ့အခါ အင်အား ၈၀ ဝန်းကျင် လောက်နဲ့သာ စစ်ကြောင်းသွားလာနေပေမယ့် ဆင်ဘိုမြို့ကိုသိမ်းလိုက်တဲ့နောက်မှာတော့ သိသိသာသာအင်အားဖြည့်ပြီး စစ်ရေးလှုပ်ရှားလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော စစ်ကောင်စီတပ်က ကသာမြို့နဲ့ ၃မိုင်ပတ်ဝန်းကျင်က နတ်ရေတွင်း၊ လမ်းခွ၊ ပင်းမလွှတ်၊ ဆင်အင်း၊ သုံးပုံး စတဲ့ ကျေးရွာတွေတစ်ဝှိုက်ကို စစ်ကြောင်းတွေထိုးနေတာလို့ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

ဆင်ဘိုတို့ဘာတို့ကျပြီးတာလဲပါမယ် ဒီရက်ပိုင်းက ဗန်းမော်တစ်ဝှိုက်ကလည်း စခန်းသိမ်းပွဲတွေ ရှိတယ် လေ ဒီလိုနယ်မြေအနေအထားကြောင့်လို့ပဲယူဆပါတယ် မြို့ရဲ့ခပ်လှမ်းလှမ်းကနေ ကာဖို့လုပ်တာလားပေါ့ သူတို့က ကုန်းကျတဲ့နေရာတွေကိုများတပ်စွဲမလားပေါ့ ကျနော်တို့ကလည်း သတိထားရတာပေါ့လို့ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ကသာမြို့ပြင်က ကျေးရွာတွေနဲ့ မြို့အစွန်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေပြီး ကာကွယ်ရေးတပ်ဘက်က လည်း ဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ ကသာမြို့တွင်းနေထိုင်တဲ့ စစ်မှုထမ်းဟောင်းတွေကို အတင်းအဓမ္မခေါ်ယူပြီးတော့ စစ်မှုပြန်ထမ်း ခိုင်းတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။

 မနေ့က မေလ  ရက်နေ့ညပိုင်းမှာ ကသာမြို့ပေါ် အမှတ်  ရဲစခန်းရှေ့မှာ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့သူကို သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပြီး ထိခိုက်မှုရှိမရှိကိုတော့ KNG က အတည်မပြုနိုင်သေးပါဘူး။

ကသာမြို့နယ်ဟာ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို  ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတဲ့မြို့နယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီးဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button