ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တို့ကို ဒေသကာကွယ်ရေးတပ်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ဦးသေဆုံးကာ စစ်သား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Snake Eyes PDF မှသိရသည်။ ယမန်နေ့ နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် တပ်စွဲနေထိုင်သည့် နေရာသို့ Snake Eyes PDF နှင့် မဟာမိတ်များစုပေါင်းကာ အလှစ်အငိုက် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ "သူတို့တပ်စွဲထားတဲ့ရွာမှာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအခြေချနေထိုင်သည့် စခန်းကိုမေလ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်းသိရသည်။ မြန်မာ့တော်ဝင်နဂါးတပ်မတော်၊ မုံရွာပြည်သူကာကွယ်ရေးတပ်၊ ပုလဲနယ်တပ်ရင်း (၁) နှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နံနက်ပိုင်း ၁၁ နာရီမှ ညနေပိုင်း ၃နာရီခွဲအထိ သွားရောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂၀ ကျော်ထိခိုက်ကျဆုံးခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဘက်မှ တစ်ဦးကျဆုံးခဲ့ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကKNG သတင်းဌာနသို့ပြောသည်။ “တိုက်ပွဲကတော်တော်လည်းပြင်းထန်ခဲ့တယ်ဗျ။