တန်ဖရဲ

  • Oct- 2025 -
    23 October
    သတင်း

    ပူတာအို – မြစ်ကြီးနားကားလမ်း ရက်အကန့်သတ်မရှိပိတ်

    ကချင်ပြည်နယ် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းကို စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်ကပိတ်ထားကြောင်းသိရပါတယ်။ ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်တဲ့ ပူတာအို – မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက် ပိုင်းကနေစပြီး မြစ်ကြီးနားမြို့နယ် နောင်နန်းရွာအထက်…

    Read More »
  • 8 October
    သတင်း

    မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအစစ်အဆေးပိိုမိုတင်းကြပ်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းက စစ်ကောက်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ မြစ်ဆုံအထက် တန်ဖရဲဂိတ်နဲ့ ပူတာအိုမြို့နယ်ထဲက လုံရှာယန်၊ မူလာရှီးဒီဂိတ်တွေမှာ အခုနောက်ပိုင်းအစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့ ယင်းလမ်းပိုင်းမှာပုံမှန်သွားလာနေတဲ့ ပြည်သူတစ်ဦးပြောပါတယ်။ “အခုနောက်ပိုင်းက ကားနဲ့ခရီးသွားမယ်ဆိုလည်း သတိထားပြီးသွားလာတာကောင်းတယ် တခါတလေဖုန်းတွေစစ်ချင်စစ်တယ် ပိုဆိုးတာကမှတ်ပုံတင်အရမ်းစစ်လာတယ် လေယာဉ်စီးဖို့မှတ်ပုံတင်မရှိလို့ကားနဲ့သွားတာလုပ်လို့မရဘူးပိုစစ်တယ်မှတ်ပုံတင်မပါလို့မရဘူး”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနားမြို့အထွက် တန်ဖရဲဂိတ်နဲ့ပူတာအိုမြို့အထွက် မူလာရှီးဒီဂိတ်တွေမှာပိုမိုအစစ်အဆေးများပြီး သက်ကြီးပိုင်းတွေမှတ်ပုံတင်မပါလာရင်ညှိနှိုင်းပြောဆိုလို့ရပေမယ့် လူလတ်ပိုင်းတွေ မှတ်ပုံတင်မပါလာရင်ဒဏ်ငွေဆောင်ရတာ၊လှည့်ပြန်ခိုင်းတာတွေရှိနေကြောင်းသိရပါတယ်။ ဒီစစ်ဆေးရေးဂိတ်အားလုံးဟာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းကတည်းက အစစ်အဆေးပိုမိုတင်းကြပ်လာတာလို့သိရပြီး ကုန်ကားတွေပစ္စည်းဖောက်စစ်တာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။ “ဂျက်ဖာတွေဆိုရင်ဖောက်စစ်တယ် အိတ်ဆိုလည်းဖွင့်စစ်တယ် တစ်နာရီ၊တစ်ခါတစ်လေ နာရီဝက်လောက်ကြာတယ်ခါတိုင်းအဲ့လောက်ကြီးမစစ်ဘူး”လို့ ပူတာအိုမြို့ခံတစ်ဦးပြောပါတယ်။ အခုလိုကုန်ကားတွေမှာပါတဲ့ပစ္စည်းတွေကိုစစ်ဆေးတာ ခရီးသည်တွေကိုအသေးစိပ်စစ်ဆေးတာတွေကြောင့် လမ်းခရီးကြန့်ကြာတာမျိုးလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။ ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ်ဧပြီလ မတိုင်မှီအထိ ပုံမှန်အတိုင်းသွားလာလို့ရပေမယ့် ၂၀၂၄ ခုနှစ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့နောက် အစစ်အဆေးပိုမိုတင်းကြပ်လာတာ၊ကားလမ်းဖြင့်လူငယ်တွေခရီးသွားလာခွင့်တားမြစ်ခံရတာတွေရှိလာပါတယ်။ လက်ရှိမှာတော့ပူတာအိုမြစ်ကြီးနားလမ်းပိုင်းထဲမှာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားတဲ့နေရာတွေရှိသလို KIA နဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတဲ့ နေရာလည်းရှိနေပါတယ်။ မြစ်ကြီးနားမြို့နဲ့ မိုင်ပေါင်း ၂၁၈ မိုင်ရှိတဲ့ ပူတာအိုမြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပူတာအိုခရိုင်ထဲက မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစတဲ့မြို့နယ်တွေဟာ မြစ်ကြီးနားကနေတဆင့်ပူတာအိုကိုတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အားထားနေရတာဖြစ်ပါတယ်။…

    Read More »
  • Sep- 2025 -
    23 September
    သတင်း

    မြစ်ဆုံ – တန်ဖရဲလမ်း စစ်တပ်က လုံခြုံရေးတင်းကြပ်ထားပြီး သွားခွင့်ပိတ်ပင်နေ

    မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံတစ်ဝိုက် စစ်ကောင်စီတပ်တွေက ဂိတ်တွေထပ်တိုးထားကာ စစ်ဆေးမှုတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ အဲဒီလမ်းပိုင်းနေ ပြည်သူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဝန်းကျင်ကစပြီး မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာ မြစ်ဆုံတစ်ဝိုက်မှာ စစ်ကောင်စီတပ် ဂိတ်စခန်းတွေ ထပ်တိုးထားပြီး သွားလာခွင့်ကိုလည်း…

    Read More »
  • Feb- 2025 -
    3 February
    သတင်း

    တန်ဖရဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်ခိုင်ဘွမ့်ဘက် ပြန်ထွက်ခွာ

    မြစ်ကြီးနားမြို့နယ်၊ တန်ဖရဲကျေးရွာမှာ စစ်အင်အားတိုးချဲ့ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အင်ခိုင်ဘွမ့် တောင်တက်လမ်းဘက်ကို စစ်ကြောင်းပြန်လည် ထွက်ခွာသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်အင်အား ၁၀၀ ကျော်ခန့် ပါရှိတဲ့ စစ်ကား ၃ စီး တန်ဖရဲကျေးရွာ…

    Read More »
  • Feb- 2024 -
    1 February
    သတင်း

    မြစ်ဆုံ တန်ဖရဲချောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား လုပ်ငန်းရှင်တစ်ချို့ရွှေတူးဖို့ပြင်ဆင်နေ

    “တန်ဖရဲချောင်းရှိလို့ တန်ဖရဲရွာဖြစ်လာတယ်။ တန်ဖရဲချောင်းနဲ့မြစ် ဆုံရာမှာ အခုရွှေတူးဖို့လုပ်နေတယ်။ ရွာသားတချို့စုပေါင်းပြီး ဒီသမိုင်းဝင်နေရာမှာ ရွှေမတူးဖို့ ကန့်ကွက်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လက်မခံဘူး။ လုပ်ငန်းရှင်တွေဘက်က ရွာကိုယ်စားလှယ်တစ်ယောက်ရှာပြီး ရွာသားတချို့ရဲ့လက်မှတ်လိုက်ယူပြီး KIA ဆီ တင်ပြတယ်။ ဟိုဘက်ကလည်း ရွာသားတွေလက်ခံရင်တော့ တူးကြတော့ဆိုပြီး…

    Read More »
  • Sep- 2023 -
    25 September
    သတင်း

    ဆွမ်ပရာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ် ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်

    မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမ တန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ စစ်အင်အားဖြည့်တင်းပြီး ရွာအဝင်အထွက်မှာ တပ်စွဲနေရာယူထားတဲ့အပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန်ဖရဲ -ကျိန်ခရန် – ဝိုင်ရှီ – ဖုန်အင်ယန် စတဲ့လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၄ ရက်က စပြီး အခုလို လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ တန်ဖရဲကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။…

    Read More »
  • 22 September
    သတင်း

    တန်ဖရဲဂိတ်မှာ လူငယ် ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

    မြစ်ကြီးနားမြို့နယ် တန်ဖရဲကျေးရွာဂိတ်မှာ စစ်ကောင်စီတပ်တွေဟာ ပူတာအိုဘက်ကနေဆင်းလာတဲ့ ခရီးသည်တွေထဲက လူငယ် ၁၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ မြစ်ကြီးနားကနေ ပူတာအိုဘက်ကို တက်တဲ့ခရီးသည်တွေကို စစ်တပ်က ပူတာအိုဘက် ဆက်မသွားခိုင်းတာကြောင့်…

    Read More »
  • Dec- 2020 -
    10 December
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်အတွင်း မြေဧက ၄၀၀၀ ကျော်ကို CF သတ်မှတ်ပေးရန် တန်ဖရဲဒေသခံများ တောင်းဆို

    မြစ်ဆုံရေကာတာစီမံကိန်းကြောင့် အောင်မြင်သာကျေးရွာသို့ အတင်းရွှေ့ပြောင်းခံထားရသောဒေသခံများသည် ယခင်တန်ဖရဲကျေးရွာအနီး အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ် ဧရိယာအတွင်းက မြေဧက ၄၀၀၀ ကျော်ကို ဒေသပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်း (CF) သတ်မှတ်ပေးရန် လျှောက်ထားသည်ဟု သိရသည်။ ၂၀၁၄ ခုနှစ်ကတည်းက စတင်အကောင်ထည်ဖော်လာသော အင်ခိုင်ဘွမ် အမျိုးသား…

    Read More »
Back to top button