တပ်စခန်းသိမ်းပိုက်

  • Mar- 2024 -
    15 March
    သတင်း

    ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ

    ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

    Read More »
  • 14 March
    သတင်း

    ဖားကန့်မှာ ၂ လအတွင်း စစ်တပ်စခန်း ၅ ခုအထက် KIA သိမ်းပိုက်

    ဖားကန့်ဒေသမှာ သက်တမ်းကြာမြင့်ပြီး အခိုင်မာတပ်စွဲထားတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက နှစ်ဆန်းပိုင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ လအတွင်းမှာပဲ တပ်စခန်း ၅ ခု အထက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀…

    Read More »
  • 12 March
    သတင်း

    ကသိုဏ်းတောင်(Kasen Bum)တပ်စခန်းကို KIA က အပြီးသတ်ရှင်းလင်း

    KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တာမခံတပ်စခန်းသိမ်းပိုက်အပြီး မတ်လ ၁၁ နေ့ ညနေပိုင်းပိုင်းလောက်မှာ ကသိုဏ်းတောင်တပ်စခန်းကို ထပ်မံပိတ်ဆို့တိုက်ခိုက်လာချိန်မှာဘဲ စစ်ကောင်စီတပ်သားတွေက တပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က KNG ကို ပြောပါတယ်။

    Read More »
  • 11 March
    သတင်း

    စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်နေရာ ၃ ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။ “နောက်ဆုံးအခြေအနေက သူတို့ရဲ့ အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။ ၇ ရက်နေ့ကစပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ။” ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းကြီးတွေကတော့  ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းတွေအပါအဝင် ပန်စွန်တပ်စခန်း၊ ခလားကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စတဲ့စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက်ထားနိုင်တဲ့အခြေအနေရှိကြောင်း သိရပါတယ်။ လက်ရှိ လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်း ၊ တောင်ကုန်းတစ်ကြော စစ်တပ်စခန်းအများပိုင်းကို KIA သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနဲ့ စခန်းငယ်တချို့ကျန်ရှိသေးကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “အကြီးဆုံး ဘွမ်ရေဘွမ်စခန်း ကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြော လုံရော့ (Lungrawk) တပ်စခန်းတွေကျန်တယ်။ သူ့ရဲ့ ရှေ့တန်းစခန်းတော်တော်များကျန်တယ်။ အဲ့လို တပ်စခန်းကြီးတွေ ကျန်နေသေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက် မနက်အစောပိုင်းကပြီး မြစ်ကြီးနား – ဗန်းမော်ကားမတစ်ကြောရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ လိုင်ဇာမြို့ကို အမြဲလက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တပ်ပေါင်းစုတွေ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့မနက်ထိ ၃ ရက်အတွင်းက အခြေအနေဖြစ်ပါတယ်။ လက်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ ၁ ကြားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူနေကြောင်း ဒေသခံတွေ ပြောပါတယ်။ အဲ့ဒါအပြင် စစ်တပ်က နေ့တိုင်းလေကြောင်းကနေ အပြင်းအထန် လာရောက်ပစ်ခတ် ဗုံးကြဲတာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ အောင်မြေ ၁ ၊ အောင်မြေ ၂ ကျေးရွာတွေမှာ စစ်ကောင်စီက ရွာသားတွေကို ထွက်ပြေးခွင့်မပေးပဲ လူသားဒိုင်းပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာပဲ စုထားတာကြောင့် ဒေသခံပြည်သူအမြောက်အများ ပိတ်မိနေတာလည်း ရှိပါတယ်။…

    Read More »
  • 7 March
    သတင်း

    ဖွန်းပရန်ဘွမ့် စစ်ကောင်စီတပ်စခန်းအပါအဝင် ရှေ့တန်းစခန်းပေါင်း ၁၀ ခု KIA တိုက်ခိုက်သိမ်းပိုက်

    “မနက် ၆ နာရီကနေ စတိုက်တယ်။ နေ့လည်ပိုင်းခဏငြိမ်ပြီး ညနေပိုင်းကနေ ပြန်တိုက်တာ လိုင်ဇာနဲ့အနီးဆုံး ဖွန်ပြန်ဘွမ်(Hpunpyen bum) ကို သိမ်းလိုက်ပြီပြောတယ်။ ပြီးတော့ ဘွမ်ရေဘွမ်၊ ခယာဘွမ်၊ ရှဒန်ပါ စသဖြင့် နေရာတိုင်းက တပ်ရင်းတွေရဲ့ ရှေ့တန်းစခန်းပေါ့ ကာကရိန်းPost စုစုပေါင်း ၁၀ ခုလောက်တော့သိမ်းလိုက်ပြီ” ဟုဗိုလ်မှူးကြီးနော်ဘူက ညနေ ၅ နာရီခွဲမှာ KNG ကချင်သတင်းဌာနကိုပြောပါတယ်။

    Read More »
Back to top button