တိုက်ပွဲသတင်း

စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြောရှိ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်နေရာ  ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။

နောက်ဆုံးအခြေအနေက သူတို့ရဲ့ အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။  ရက်နေ့ကစပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ။ ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မတ်လ ၇ ရက်နေ့ သိမ်းဆည်းရမိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ချို့

KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းကြီးတွေကတော့  ခယာဘွမ် (Hkaya bum) နောင်ရာဇိန်ခန်(Naura Zinghkang) ဖွန်းပရန်ဘွမ် (Hpun pyen bum)  အင်တပ်ဘွမ် (Ntap Bum) ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap)  လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum) ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းတွေအပါအဝင် ပန်စွန်တပ်စခန်း၊ ခလားကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စတဲ့စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက်ထားနိုင်တဲ့အခြေအနေရှိကြောင်း သိရပါတယ်။

လက်ရှိ လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်း  တောင်ကုန်းတစ်ကြော စစ်တပ်စခန်းအများပိုင်းကို KIA သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနဲ့ စခန်းငယ်တချို့ကျန်ရှိသေးကာ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

အကြီးဆုံး ဘွမ်ရေဘွမ်စခန်း ကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြော လုံရော့ (Lungrawk) တပ်စခန်းတွေကျန်တယ်။ သူ့ရဲ့ ရှေ့တန်းစခန်းတော်တော်များကျန်တယ်။ အဲ့လို တပ်စခန်းကြီးတွေ ကျန်နေသေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

KIA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဒေါ့ဖုန်းယန် ဟန်းဂိုင်ဘွမ့် ခလရ ၁၄၂ တပ်စခန်း

ပြီးခဲ့တဲ့ မတ်လ  ရက် မနက်အစောပိုင်းကပြီး မြစ်ကြီးနား – ဗန်းမော်ကားမတစ်ကြောရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ လိုင်ဇာမြို့ကို အမြဲလက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KIA ဘက်က တပ်ပေါင်းစုတွေ တစ်ပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်နေ့မနက်ထိ  ရက်အတွင်းက အခြေအနေဖြစ်ပါတယ်။

လက်ရှိ ရွှေညောင်ပင်နဲ့ အောင်မြေ  ကြားမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်ကလည်း ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ဘက်က လက်နက်ကြီးတွေ ဆက်တိုက်ပစ်ကူနေကြောင်း ဒေသခံတွေ ပြောပါတယ်။

အဲ့ဒါအပြင် စစ်တပ်က နေ့တိုင်းလေကြောင်းကနေ အပြင်းအထန် လာရောက်ပစ်ခတ် ဗုံးကြဲတာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အောင်မြေ   အောင်မြေ  ကျေးရွာတွေမှာ စစ်ကောင်စီက ရွာသားတွေကို ထွက်ပြေးခွင့်မပေးပဲ လူသားဒိုင်းပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာပဲ စုထားတာကြောင့် ဒေသခံပြည်သူအမြောက်အများ ပိတ်မိနေတာလည်း ရှိပါတယ်။

လက်ရှိ လိုင်ဇာမြို့အနီးတဝိုက် သာမက ဖားကန့်ဒေသ တာမခန်၊ နမ့်မော် နဲ့ ဆိုင်းတောင်ဆိပ်မူစတဲ့ ကျေးရွာတစ်ကြောင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့ မနက်ကတော့ ဖားကန့်၊ တာမခန်စစ်တပ်စခန်းကို KIA အပြီးစီးသိမ်းပိုက်လိုက်ပြီး လက်ရှိ ဆိုင်းတောင်ဘက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဆွမ်ပရာဘွမ်ဒေသဘက်လည်း KIA က စစ်တပ်စခန်းတွေထိုးစစ်ဆင်တိုက်ခိုက်နေရာ မလိယန်စစ်တပ်စခန်းကိုတော့ မတ်လ  ရက်နေ့က သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

လက်ရှိ ဖားကန့်နဲ့ ဆွမ်ပရာဘွမ်ဒေသတွေအပါအဝင် ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နဲ့ မံစီဒေသခံတွေတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာနယ်မြေတွေဘက် လမ်းကြောတွေလည်း ပိတ်ထားတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button