တိုက်ပွဲသတင်း

ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ

ဆွမ်ပရာဘွမ့်မြို့ပေါ်ရှိတဲ့ စစ်ကောင်စီတပ် ခလရ ၄၆ မြို့တွင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်နေသလို  ဖက်တပ် အပြန်အလှန် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့  ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။

မနေ့ကလည်း  ခေါက်  ခေါက်လောက်လာပစ်သွားတယ်။ ဒီကနေ့တော့ လေယာဉ်လာပစ်တာ  ထက်လောက်ရှိသွားပြီ။ သူကတစ်ခါလာပစ်ရင်    လုံးတစ်ပြိုင်နက်လာပစ်တာ။ ပြီးရင် ခဏအကြာဆိုရင် ပြန်လာပြီ။ လာပစ်တဲ့အချိန်တောင်မမှတ်မိတော့ဘူး။ လာပစ်တာကလည်း အရမ်းဝေးတယ်။ သိပ်မမြင်ရဘူး။ မြို့ပေါ်မှာက မနေ့ကနေ ပစ်နေကြတာ အခုအထိပစ်နေကြတုန်းလို့ပြောပါတယ်။

ဆွမ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲဟာ မတ်လ  ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြားမှာရက်  ရက်လောက် ပြန်လည်ငြိမ်သက်သွားပြီးတော့ မတ်လ ၁၄ ရက်နေ့ ညနေပိုင်းကနေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရဲစခန်းကိုတော့ မတ်လ  ရက်နေ့ စတင်တိုက်ခိုက်လာချိန်မှာ ရဲတပ်သား အားလုံးနီးပါခန့် အလံဖြူထောင် လက်နက်ချ KIA ဆီအလင်းဝင်သွားကြပြီး ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေကလည်း တိုက်ပွဲစတင်ဖြစ်ပွားတဲ့နေ့မှာတင် ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆွမ်ပရာဘွမ့်မြို့ထဲမှာ မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းတစ်ခုသာ ကျန်ရှိနေတာကြောင့် KIA က တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ အချိန်ဖြစ်တာကြောင့်  ဖက်တပ်ရဲ့ ထိခိုက်သေဆုံးမှုနဲ့ သိမ်းပိုက်ရရှိတဲ့ အခြေအနေကို အသေးစိတ်မသိရသေးပါဘူး။

တိုက်ခိုက်ခံနေရတဲ့ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းဟာ ဆွမ်ပရာဘွမ့်မြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်သလို ပူတာအို ခလရ ၄၆ တပ်ရင်းရဲ့ တပ်ခွဲ တစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် အဲဒီတပ်စခန်းဟာ ဆွမ်ပရာဘွမ့်မြို့တစ်ခုအတွက်သာမက ပူတာအိုဒေသအတွက်ပါ စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းဖြစ်ပါတယ်။

ဒါ့အပြင် KIA ပူးပေါင်းတပ်တွေက မတ်လ  ရက်နေ့မှာ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်း အပြင် ဆွမ်ပရာဘွမ့်နဲ့  မိုင်းလောက်အကွာမှာရှိတဲ့ ဒိန်ဝါရွမ်(Ding Wa Rum) နဲ့ မလိယန် အနီးတပ်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်း  ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အခုလို ဆွပ်ပရာဘွမ့်မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတာကြောင့် ပြည်သူတစ်ချို့ပိတ်မိနေပြီး ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ ဘုန်းကြီးဆရာတော်အပါအဝင် ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ကို ဒီကနေ့  မနက်ပိုင်းမှာပဲ တာဝန်ရှိသူတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မတ်လ  ရက်နေ့ကနေ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာရှိတဲ့ အိမ်ခြေ ၂၀၀ ကျော်က ဒေသခံ ထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြတာဖြစ်ပြီး တစ်ချို့မှာ ဆွမ်ပရာဘွမ့်မြို့အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြသလို တစ်ချို့ကတောတွင်းနေရာမှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေဟာ တိမ်းရှောင်တဲ့ ကာလ  ပတ်လောက်ကြာမြင့်လာပြီဖြစ်တဲ့အတွက် အစားအသောက်တွေပြတ်လပ်သွားပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

မြို့ထဲမှာ ဒီကနေ့အထိ ပိတ်နေတဲ့ သူတွေကို ကယ်ထုတ်ပေးနေရတယ်။ အစားအသောက်က ပြတ်လပ်လာတယ်။ ထွက်ပြေးတိမ်းရှောင်တုန်းက သယ်ယူလာတဲ့ အစားအသောက်တွေက ကုန်လာပြီ။ ဘယ်ကနေ သွားယူလို့လဲမရ။ ရရင်တောင် အခုချက်ချင်းပို့လို့ရတဲ့ နေရာလည်းမဟုတ် ခက်ခဲနေကြပြီလို့ပြောပါတယ်။

ဆွမ်ပရာဘွမ့်မြို့ဟာ မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ မတ်လ  ရက်နေ့ကနေ ကားလမ်းပိုင်းကို  ဖက်စစ်တပ်က သွားလာခွင့်ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားတာလည်းဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဆွမ်ပရာဘွမ့်ဒေသခံပြည်သူတွေက မြို့နဲ့အလှမ်းဝေးတဲ့ နေရာတွေမှာ တိမ်းရှောင်နေကြတဲ့အတွက် အလွယ်တကူ သွားရောက်သယ်ယူလို့မရနိုင်တဲ့ အခြေအနေမှာ အစားအသောက် ပြတ်လပ်လာတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ်နေရာအနှံ့မှာ မတ်လ  ရက်နေ့ကစပြီး မြစ်ကြီးနားဗန်းမော်လမ်း၊ ဖားကန့်၊ ဝိုင်းမော်၊ မြစ်ကြီးနားမြို့နယ်တွေမှာ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button