တရုတ်နယ်စပ်
-
Nov- 2024 -19 Novemberသတင်း
မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို နှစ်ဖက်အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး မူဆယ်မြို့ထဲမှာ ကုန်စျေးနှုန်းတွေမြင့်တက်ကာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ “တရုတ်ဘက်က ကုန်ပစ္စည်းတွေကို မန့်ဝိန်းဂိတ်ကနေပဲ သယ်ယူခွင့်ပေးတော့မယ်။ ဆိုတော့ ကုန်သည်တွေအားလုံးကလည်း အဲဘက်ကနေဝင်ဖို့ ဦးတည် သွားစောင့်နေတာပေါ့။ ဒါပေမဲ့ မန့်ဝိန်းဂိတ်ကို မြန်မာဘက်က မဖွင့်ပေးသေးတာ။ အဝင်အထွက်လက်မခံသေးတာပေါ့။ အခု အခြေခံစားသောက်ကုန်တွေ အဝင်မရှိဖြတ်သန်းခွင့် မရနေတာကြောင့် မူဆယ်ထဲ စားသောက်ကုန်တွေပြတ်လာတယ်။ နာရေး၊ သာရေး အစီအစဉ်ကြီးတွေလုပ်ဖို့ ပြင်ဆင်ထားသူတွေလည်း တရုတ်ဘက်က ကုန်ပစ္စည်းတွေပဲအဓိက သုံးကြတာဆိုတော့ ငါးရှာတာတောင် မတွေ့တော့ဘူး။ အာလူးလိုက်ရှာနေသူတွေ၊ ဥနီလိုက်ရှာဝယ်တာတွေ ရှာဝယ်လို့ မရတော့တာကြောင့် ခက်နေကြတာတော်တော်များပဲ။ ဒီလိုပဲ ကြာကြာပိတ်နေရင်တော့ ဒီဘက်မှာ စားသောက်ကုန်တွေ ပိုခက်လာဖို့ပဲရှိတယ်”လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က အဓိက တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ခုဖြစ်တဲ့ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေ ပုံမှန်လည်ပတ်နေတဲ့အထဲ မန့်ဝိန်းဂိတ်ကိုပိတ်လိုက်ပြီး ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ကိုသာ ပုံမှန်ဖွင့်ထားတာဖြစ်ပါတယ်။ နန်းတော်–ဂျေဂေါင်ဂိတ်ကနေ လူပဲဖြတ်သန်းခွင့်ပြုထားပြီး ဆင်ဖြူဂိတ်ကနေတော့ အခြေခံစားသောက်ကုန်တွေလောက်သာ သယ်ယူပို့ဆောင်ခွင့်ပြုထားတာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်အာဏာပိုင်တွေဘက်က အခြေခံစားသောက်ကုန်ပစ္စည်းတွေသာ သယ်ယူခွင့်ရနေတဲ့ ဆင်ဖြူဂိတ်ကို ပိတ်လိုက်ကာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး မန့်ဝိန်းဂိတ်ကနေပဲ စားသောက်ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ ခုလို တရုတ်ဘက်ကနေ ဖွင့်ပေးပေမဲ့ မြန်မာဘက်က မန့်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားတဲ့အတွက် တရုတ်ဘက်ကနေဝင်လာမယ့် ကုန်တင်ကားတွေကို အဝင်မခံသေးတာကြောင့် ကုန်သည်တွေအတွက် အခက်ကြုံနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ နယ်စပ်ဂိတ် ၃ ခုစလုံးကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်လို့မရတာကြောင့် ကုန်သည်တွေအခက်ကြုံနေသလို မူဆယ်မြို့တွင်းမှာလည်း အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာနေပြီလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ “ဂျေဂေါင်ဂိတ်ကနေတော့ လူအဝင်အထွက်တွေလုပ်လို့ ရနေတယ်။ ကုန်ပစ္စည်းတွေပဲ သယ်ယူပို့ဆောင်ခွင့်မရတော့တာ။ တရုတ်ဘက်ကနေ အခြေခံစားသောက်ကုန်တွေ ဝင်လို့မရတော့တာ။ အဝတ်အစားတွေလည်း အသစ်ထုတ်တွေ တစ်ခုမှ ဝင်လို့မရဘူး။ မူဆယ်မှာ အခု စားသုံးဆီတော်တော်ခက်နေတယ်။ တစ်ပိဿာကို ၇၀,၀၀၀ ရောက်နေပြီ။ အစက ၃၀,၀၀၀ လောက်ပဲရှိတာကို အခုက ၇၀,၀၀၀ ရောက်နေပြီ”လို့ မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က ကုန်ပစ္စည်းသယ်ယူခွင့်ပြုထားတဲ့ ဆင်ဖြူဂိတ်နဲ့မန့်ဝိန်းဂိတ်ကို ပိတ်ထားတာကြောင့် ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်ခွင့်မရဘဲ နယ်စပ်ဂိတ်နားမှာ စောင့်ဆိုင်းနေတဲ့ ကုန်စိမ်းတင်ကားတွေမှာ ကုန်စိမ်းအားလုံးပျက်စီးပြီး အလကားဖြန့်ဝေလိုက်ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒေသခံတချို့ပြောပြချက်အရ အခုလို နယ်စပ်ဂိတ်တွေပိတ်ထားတာ တစ်ပတ်လောက်ကြာနိုင်မယ်လို့ ပြောဆိုနေတာတွေရှိသလို နယ်စပ်ဂိတ်တွေကို အချိန်ကြာကြာပိတ်ထားရင် ဒေသခံတွေနဲ့ ကုန်သည်တွေအတွက် ပိုမိုကျပ်တည်းလာမှာကိုလည်း စိုးရိမ်နေကြတယ်လို့လည်း ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
15 Novemberသတင်း
မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ
ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ KIA ပူးပေါင်းတပ် စင်ကြိုင်စခန်းကိုသိမ်းလိုက်ပြီး မြစ်ကြီးနား– ကံပိုင်တည်လမ်းပိုင်း ပုံမှန်သွားလာခွင့်ရပေမယ့် ကံပိုင်တည်မြို့ကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကံပိုင်တည်ကနေ မြစ်ကြီးနားဘက်ဆင်းမယ့် စက်သုံးဆီကားတွေ ထွက်ခွင့်မပေးပဲ ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့စ ဆီလက်ကျန်နည်းနေတဲ့ ဆီပန့်ဆိုင်တစ်ချို့အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ ဆီဆိုင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ပြောပါတယ်။ “ဆီစျေးက လောလောဆယ် တစ်လီတာ တစ်သောင်းဝန်းကျင်ရှိတယ် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် တချို့ဆိုင်ကြီးတွေက တစ်နေကုန်မဖွင့်ကြတော့ဘူး ဥပမာ ဒီနေ့ ပေပါ ၂၀ ဘဲရောင်းမယ်ဆိုရင် အဲဒါကုန်ရင် ဆိုင်ပိတ်ထားပြီ”လို့ ဆီအရောင်းဆိုင်နဲ့ရင်းနှီးသူတစ်ဦး ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ကနေ ဆီလက်ကျန်နည်းလို့ အကန့်သတ်နဲ့ရောင်းနေတဲ့ ဆီပန့်ဆိုင်တွေဟာ တိုင်းကျော်၊ ရွှေလှိုင်း၊ ဆဲဗင်းဟွာကျန်း၊ရွှေမြေတို့ဖြစ်တယ်လို့ သိရပြီး တစ်နေ့တာရောင်းချမယ့် ဆီပမာဏကိုကန့်သတ်ထားတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ခုလို စက်သုံးဆီဆိုင်ကြီးတွေ အကန့်သတ်နဲ့ရောင်းချလာတဲ့အတွက် လမ်းဘေးပုလင်းချိန်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ ပေးဝယ်နေရတယ်လို့ ရွှေစက်ရပ်ကွက်နေ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လမ်းဘေးဆိုင်တွေမှာတော့ မနေ့ကမေးတာ တစ်ပုလင်းကို ၁၂၀၀၀ တဲ့ဒါတောင်အပြည့်မပါဘူး ဆီပန့်တွေကလည်းပိတ်တဲ့ဆိုင်ပိတ်တယ်တချို့ဆိုင်လေး နေ့တဝက်လောက်ပဲ ဖွင့်တယ် ဒါတောင် 95 မရဘူး ဆိုင်တိုင်း 92 ကြီးတွေပဲ”လို့ ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ မြို့တွင်း စက်သုံးဆီစျေး 92 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) လမ်းဘေးပုလင်းချိန် တစ်လီတာ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) နဲ့ ဒီဇယ် တစ်လီတာ ကျပ် ၉၅၀၀ (ကိုးထောင့်ငါးရာ) အထိရှိပြီး ၂ လအတွင်း စက်သုံးဆီစျေး တစ်ဆ တက်လာတာလို့ မြစ်ကြီးနားမြို့နေပြည်သူတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့အပါ ကချင်တစ်ပြည်နယ်လုံးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို မန္တလေးဘက်ကနေလည်းတင်သွင်းသလို တရုတ်ပြည်ထဲကနေတစ်ဆင့် တင်သွင်းတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကိုင်း– ကချင်အစပ် အင်းတော်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး – မြစ်ကြီးနားမိန်းလမ်းမကြီး ပိတ်သွားခဲ့ပြီး ဆီတင်ကားကြီးအဝင်မရှိတော့ပဲ ရပ်တန့်နေတာဖြစ်ပါတယ်။ အလားတူဘဲ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကံပိုင်တည်ဂိတ်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဆီကားဝင်ခွင့်မပေးသလို လွယ်ဂျယ်ဂိတ်ကိုတော့ တရုတ်ဘက်ကပိတ်လိုက်တဲ့နောက် KIA ကလည်း တန်ပြန်ပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးစျေးတက်နေသလို တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း အဆမတန်စျေးတက်နေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Oct- 2024 -30 Octoberသတင်း
ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားသာဝင်ထွက်ခွင့်ပြုနေ
ကချင်အထူးဒေသ (၁) ဖီမော်မြို့နယ် နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပိတ်ဆို့လိုက်ပြီး ကုန်စည်စီးဆင်းမှုမရှိတော့ပေမဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားတွေတော့ အဝင်အထွက်ရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်အတွင်း ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက် မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေအကြား ပန်ဝါမြို့ကို KIA က သိမ်းပိုက်လိုက်တဲ့နောက်မှာတော့ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အတော်များများကိုပိတ်လိုက်တာဖြစ်ပါတယ်။ “နယ်စပ်ဂိတ်ကနေတော့ ကျနော်တို့ဆီကိုဘာပစ္စည်းမှမဝင်တော့ဘူး ဒါပေမဲ့ တရုတ်ဘက်ကနေတော့ ကားတွေဝင်တယ်။ ကျောက်ဖြူသည်တဲ့ကားတွေပေါ့ သူတို့တော့အဝင်အထွက်လုပ်နေတယ်။ ကျနော်တို့ ဆီပဲ ဘာမှကိုမဝင်တော့တာ။ ပန်ဝါသိမ်းပြီးတစ်ခြားမြို့တွေ နယ်စပ်ဂိတ်ပိတ်သွားပေမဲ့ ကျနော်တို့ဆီမှာ ပစ္စည်းတွေဝင်သေးတာဟုတ်တယ်။ ”လို့ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့နယ်စပ်ဂိတ်ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အထိကုန်စည်စီးဆင်းမှုတွေရှိနေခဲ့ပြီး တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းနဲ့ သံသတ္တုလုပ်ငန်းတွေ လည်ပတ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ဖီမော်မြို့ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ပစ္စည်းအဝင်တွေကိုရပ်တန့်လိုက်တာဖြစ်ပြီး လက်ရှိတော့ တရုတ်ဘက်ကကုန်ပစ္စည်းအဝင်တွေကို အားကိုးနေရတဲ့ ဒေသခံတွေကတော့ အခက်ကြုံလာရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အခက်အခဲတော့နည်းနည်းစကြုံလာရတာပေါ့။ ဆီဈေးတွေလည်း တရုတ်ငွေနဲ့ဆိုအရင်က တစ်လီတာကို ၁၅ ယွမ် ဒီရက်ပိုင်းတော့ ၂၀ ယွမ်ဖြစ်သွားတယ်။ဒါကတော့ရွာတွေမှာပေါ့ မြို့ပေါ်မှာတော့ဈေးနည်းနည်း သက်သာနေသေးတယ်။ ကုန်ဈေးနှုန်းကတော့မတက်သေးဘူး အခုတော့သိပ်မသိသာသေးဘူးပေါ့။ ”လို့ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။ KIA ထိန်းချုပ်မှုအောက် တရုတ်–မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်ရှိပါတယ်။ အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့ ကံပိုင်တည်မြို့ နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကန့်ဖာဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာလို့သိရပါတယ်။ ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာလို့ဒေသခံတွေကပြောပါတယ်။
Read More » -
24 Octoberသတင်း
တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက်
မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက် မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ၊စားသုံးကုန်နဲ့ လူသုံးကုန်၊အခြေခံစားသောက်ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တရုတ်ဘက်ကလာတဲ့ပစ္စည်းတွေတက်တာပါ အခုလောလောဆယ် ဒီဇယ်၊ ဓာတ်ဆီလည်းတရုတ်ကပဲဝင်တာလေး မနေ့ကထိတော့ ၆၀၀၀ ကနေ ဒီနေ့ ၇၀၀၀၊ ၈၀၀၀ အထိတက်သွားတယ်။ ကြက်ဥလည်းဈေးတက်တယ်၊အာလူးတို့ဈေးတက်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ တရုတ်နယ်စပ်ဂိတ် မပိတ်ခင် ဓာတ်ဆီတစ်လီတာ ၆၀၀၀ (ခြောက်ထောင်) သာရှိပေမယ့် ဒီနေ့ တစ်လီတာ ၈၀၀၀ (ရှစ်ထောင်)၊ ကြက်ဥ တစ်လုံး ၈၀၀ (ရှစ်ရာ) ကနေ ၁၀၀၀ (တစ်ထောင်) ကျပ်၊ အားလူး ၁၀၀၀၀ (တစ်သောင်း) ကနေ ၁၃၀၀၀၊ (တစ်သောင်းသုံးထောင်)ကျပ် ၊ လက်ဖက်ခြောက်တစ်ထုတ် ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ကနေ ၂၀၀၀ (နှစ်ထောင်) ဈေးတက်သွားပြီး အချိန်နဲ့အမျှ ဈေးတက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။ “လောလောဆယ်တော့မပိတ်သေးဘူး နောက် လေးငါးဆယ်ရက်လောက်အေးဆေးရောင်းလို့ရတယ်။ ဆီလက်ကျန်က လမ်းဒီထက်ပိုကြာကြာပိတ်သွားရင်တော့ဆီလက်ကျန်ကုန်ပြီပိတ်ရမှာ အခုကတရုတ်ဆီပဲရောင်းနေရတာကိုး”လို့ ဆီပန့်အရောင်းဆိုင်တစ်မှအရောင်းဝန်ထမ်းတစ်ဦးရပြောပါတယ်။ မန္တလေး–မြစ်ကြီးနားလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် နယ်လုံးမှာသုံးနေတဲ့စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ဆီတွေဖြစ်ပြီးနယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေးအဆမတန်မြင့်တက်တာ၊ စက်သုံးဆီပြတ်လပ်တာမှုတွေဖြစ်လာမှာကိုမြစ်ကြီးနားမြို့ခံတွေအထူးစိုးရိမ်နေကြပါတယ်။ ကချင်ပြည်နယ်ထဲက မြန်မာ–တရုတ်နယ်စပ်ဂိတ်သုံးခုကို ပန်ဝါမြို့သိမ်းတိုက်ပွဲ အပြီးမှာပဲ တရုတ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jun- 2024 -5 Juneသတင်း
စက်သုံးဆီသယ်ယူနေတဲ့ ရှိန်းခေါင်လမ်း စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ် ၂ ခုမှာ ဂိတ်ကြေးအလွန်များတာကြောင့် ဆီစျေးမြင့်တက်နေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွက် တရုတ်ပြည်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေ ဓာတ်ဆီတွေသယ်ယူလို့ရနေပြီဖြစ်ပေမယ့် စစ်ကောင်စီနဲ့ပြည်သူ့စစ်ဂိတ်မှာ အခွန်ကောက်ခံနေတာကြောင့် ဓာတ်ဆီစျေးတွေဆက်လက်မြင့်တက်နေတယ်လို့သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာကြောင့် ပြတ်လပ်နေတဲ့ ဓာတ်ဆီတစ်မျိုးထဲကို ပြီးခဲ့တဲ့အပတ်ကတည်းက တရုတ်ပြည်ထဲကနေ ရှိန်းခေါင်နယ်စပ် လမ်းကြောင်းအတိုင်း သယ်ယူနိုင်ပေမယ့် စစ်တပ်နဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေထိုင်ထားတဲ့ ရီဒမ်းကြိုးတံတားဂိတ်နဲ့…
Read More » -
Apr- 2024 -9 Aprilသတင်း
KIA သတိပေးထားတဲ့နောက်ဆုံးရက်မတိုင်မှီ လွယ်ဂျယ်စစ်တပ်တရုတ်သို့ထွက်ပြေး
“စစ်သားတွေကို မနေ့ကနောက်ဆုံးထွက်ဖို့ သတိပေးထားတယ်။ မထွက်ရင် ပစ်မယ်ဆိုပြီး KIA က အင်အားတွေ ထပ်တိုးထားပြီးတော့ ဝိုင်းရံထားတာဟုတ်တယ်။ သူတို့ဘက်ကလည်း ကြောက်လာလို့ထင်တယ်။ မနေ့ညက အကုန်ထွက်သွားကြပြီ”လို့ပြောပါတယ်။
Read More » -
2 Aprilသတင်း
တရုတ်ဖိအားပေးနေတဲ့ကြား လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်
“ဒီထဲမှာရှိတဲ့ အစိုးရယန္တရားလည်ပတ်နေတဲ့ တာဝန်ရှိတဲ့သူတွေက အားလုံးနီးပါး ဗန်းမော်ဘက်ကို ရောက်သွားကြပြီ။ သိရသလောက်က KIA နဲ့ ညှိနှိုင်းပြီးတော့ ထွက်သွားကြတာတဲ့။ မနေ့က ကျနော်သူငယ်တစ်ယောက်က ဗန်းမော်ဘက်ကိုသွားတာ ဒီက ဝန်းထမ်းတစ်ချို့ကို ဗန်းမော်မှာတွေ့လိုတောင် အံ့ဩနေတာတဲ့”လို့ပြောပါတယ်။
Read More » -
1 Aprilသတင်း
လွယ်ဂျယ်ဒေသခံတွေကို ၂ ရက်အတွင်းမှာ တိမ်းရှောင်ကြဖို့ KIA ပြောဆိုထား
တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ၂ ရက်အတွင်း ယာယီရွှေ့ပြောင်းခိုင်းထားတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်တွေက မတ်လ ၂၇၊ ၂၈ နှစ်ရက်အတွင်း လွယ်ဂျယ်မြို့ကို ဝိုင်းရံထားတဲ့ ယော်ယုံဘွမ့်(Yaw Yung…
Read More » -
Mar- 2024 -28 Marchသတင်း
သက်တမ်းကြာ လွယ်ဂျယ် ယော်ယုံ(Yaw Yung)နဲ့ မဒါ(Mada) တပ်စခန်း ၂ခုကို KIA သိမ်းပိုက်
တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်(Loije)မြို့ကို ထိန်းချုပ်ထားတဲ့ ယော်ယုံဘွမ့် (Yaw Yung Bum) နဲ့ မဒါးဘွမ့် (Mada Bum) စစ်ကောင်စီတပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၂၈ ရက်နေ့ ဒီကနေ့မှာ…
Read More » -
Jul- 2023 -19 Julyသတင်း
နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီအသစ်ထုတ်းပေးမှု ပိတ်ထားဆဲဖြစ်ပြီး ပွဲစားတွေကို ၁၀ သိန်းအထက် ပေးဆောင်နေရ
ကချင် – တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှာ နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီ အသစ်လုပ်ပေးတာကိုပိတ်ထားပြီး ပွဲစားကနေတစ်ဆင့် ကျပ်ငွေ ၁၀ သိန်းအထက် ပေးဆောင်မှသာ သွားလာခွင့်ရရှိနေတဲ့အတွက် ပိတ်ဆို့နေတဲ့ခရီးသည်ပြည်သူများ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စာအုပ်က ရမလား ရမလားဆိုပြီးစောင့်နေကြတာ လကျော်ရှိလာတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့မစောင့်နိုင်တဲ့…
Read More »









