တိုက်ပွဲသတင်း

တရုတ်ဖိအားပေးနေတဲ့ကြား လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်

မြန်မာ– တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကိုမပစ်ဖို့ တရုတ်အစိုးရဖိအားပေးပြောဆိုနေပေမယ့် လွယ်ဂျယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ  ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ရှင်းလင်းပြီး သိမ်းပိုက်ထားပြီလို့ လွယ်ဂျယ်ဒေသခံတွေဆီကနေ သိရပါတယ်။

ရဲစခန်းကိုတော့ ဒီမနက်မှဝင်တာ စခန်းထဲမှာ ရဲတပ်သား  ယောက်တွေ့တယ်။ စခန်းစောင့်ထင်တယ်။ မထွက်ပြေးနဲ့လို့ပြောတာ တစ်ယောက်က အဲမှာတင်ဆုံးသွားတယ်လို့ပြောတယ် တစ်ယောက်က ထွက်သွားတယ်တဲ့။ အခုရဲစခန်းကိုတော့ သိမ်းထားပြီလိုပြောလို့ရပြီလို့ လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

လွယ်ဂျယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာမတ်လ ၂၉ ရက်နေ့နောက်ပိုင်း ရဲတပ်စခန်းကိုစွန့်ခွာပြီး မြို့တွင်းမှာကျန်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပူးပေါင်းသွားပြီးနောက် ရဲစခန်းမှာတော့စခန်းစောင့်အဖြစ် ရဲတပ််််ဖွဲ့တစ်ချို့သာကျန်ရှိနေချိန် ဒီကနေ့ မနက်ပိုင်းမှာ KIA တပ်တွေက ဝင်ရောက်ထိန်းချုပ်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် လွယ်ဂျယ်မြို့အတွင်း စစ်ကောင်စီလက်အောက်မှာလည်ပတ်နေတဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးလည်း ရပ်တန့်သွားပြီး ထွေအုပ်၊ လဝက၊ စရဖ စတဲ့ ဌာနအသီးသီးက တာဝန်ရှိသူတွေကလည်း ဗန်းမော်ဘက်ကို ရွှေ့ပြောင်းထားကြတယ်လို့ လွယ်ဂျယ်ဒေသခံအမျိုးသားက ဆက်ပြောပြတယ်။

ဒီထဲမှာရှိတဲ့ အစိုးရယန္တရားလည်ပတ်နေတဲ့ တာဝန်ရှိတဲ့သူတွေက အားလုံးနီးပါး ဗန်းမော်ဘက်ကို ရောက်သွားကြပြီ။ သိရသလောက်က KIA နဲ့ ညှိနှိုင်းပြီးတော့ ထွက်သွားကြတာတဲ့။ မနေ့က ကျနော်သူငယ်တစ်ယောက်က ဗန်းမော်ဘက်ကိုသွားတာ ဒီက ဝန်းထမ်းတစ်ချို့ကို ဗန်းမော်မှာတွေ့လိုတောင် အံ့ဩနေတာတဲ့လို့ပြောပါတယ်။

KIA တပ်က လွယ်ဂျယ်မြို့ပတ်ပတ်လည်ကို မတ်လ ၂၉ ရက်နေ့နောက်ပိုင်း ဝိုင်းရံပိတ်ဆို့ထားနိုင်ပြီဖြစ်ပေမယ့် တရုတ်ဘက်ကဖိအားတွေရှိနေတာကြောင့် ဒီကနေ့မှ ရဲစခန်းထဲကိုဝင်ရောက်ပြီး ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။

လက်ရှိ လွယ်ဂျယ်မြို့ထဲမှာ စစ်ကောင်စီတပ်စခန်း  ခုဖြစ်တဲ့ မိုင်ဂျာယန်သွားလမ်း ပြည်သူ့ဆေးရုံကြီးအနီး လုံခြုံရေးတပ်စခန်းငယ်တစ်ခုနဲ့ ရပ်ကွက်(ထဲမှာ လွယ်ဂျယ်မြို့ကို ထိန်းချုပ်ထားတဲ့ တပ်စခန်းအကြီးတစ်ခု၊ စုစုပေါင်း  ခုသာကျန်ရှိနေတယ်လို့ သိရပါတယ်။

KIA တပ်တွေက လွယ်ဂျယ်မြို့ကိုသိမ်းဖို့ မတ်လ ၂၉ ရက်နေ့နောက်ပိုင်း မြို့ထဲကတပ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ငြိမ်းချမ်းစွာတပ်ဆုတ်သွားဖို့ သတိပေးပြောဆိုထားပေမယ့် ဒီကနေ့ ဧပြီလ  ရက်နေ့အထိ ထွက်ခွာသွားတာမျိုးမရှိဘဲ တပ်တွင်းမှာရှိနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတစ်ချို့ဟာ အရပ်ဝတ်နဲ့ လွယ်ဂျယ်မြို့ပေါ် တည်းခိုခန်း၊ ဟိုတယ်နဲ့ လူနေအိမ်တွေမှာ ပြည်သူလူထုကို အကာကွယ်ယူပြီး ပုန်းရှောင်နေကြတယ်လို့လည်း လွယ်ဂျယ်ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့မှ ဧပြီလဆန်း  ရက်နေ့အထိ လွယ်ဂျယ်ဒေသခံအားလုံးကို KIA က မြို့တွင်းကနေ တိမ်းရှောင်ကြဖို့ ပြောဆိုထားတာကြောင့် လွယ်ဂျယ်ဒေသခံအများပိုင်းက တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ကြတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လွယ်ဂျယ်ဒေသခံတွေက  ရက်လောက်ကြာမြင့်လာတဲ့အထိ KIA ဘက်က မြို့တွင်းကျန်ရှိနေတဲ့ စစ်တပ်စခန်းတွေကို ဝင်ရောက်သိမ်းဆည်းခြင်းမလုပ်သေးတဲ့အပေါ်မှာ ဒေသခံပြည်သူတစ်ချို့က မေးခွန်းထုတ်နေကြပါတယ်။

အခုလို လွယ်ဂျယ်မြို့ကို KIA သိမ်းပိုက်ဖို့ ကျန့်ကြာနေတဲ့အပေါ်မှာတစ်ခုက နှစ်နိုင်ငံအစိုးရ သဘောတူပြီးဖွင့်ထားတဲ့ နယ်စပ်ဂိတ်ဖြစ်တဲ့အတွက်စဉ်စားနေကြတာ ဟုတ်မယ်ထင်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

KIA က လွယ်ဂျယ်မြို့ကို သိမ်းပိုက်ဖို့ ကြိုစားနေပေမယ့် တစ်ဖက်မှာတရုတ်အစိုးရက နယ်စပ်တစ်လျှောက်ပစ်ခတ်တာတွေ မလုပ်ဖို့ဖိအားပေး ပြောဆိုထားတာကြောင့် ဧပြီလ  ရက်နေ့အထိ လွယ်ဂျယ်မြို့ကို KIA က အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာဖြစ်နေတယ်လို့ သိရပါတယ်။

လွယ်ဂျယ်မြို့မှာ လက်နက်သံမထွက်ပေးဖို့ တရုတ်အစိုးရက ရက်ပိုင်းအတွင်းမှာပဲ KIO/KIA အဖွဲ့တွေနဲ့ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးမှုရှိခဲ့တယ်လို့လွယ်ဂျယ်ဒေသခံတွေထံမှ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်လွယ်ဂျယ်လမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ဗျူဟာမြောက်စခန်းတွေဖြစ်တဲ့ စိန်လုံစခန်း၊ယော်ယုံစခန်းအပါအဝင် ရှေ့တန်းစခန်းငယ်အများအပြားကို KIA တပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button