တအာင်းတပ်

  • Jul- 2024 -
    17 July
    သတင်း

    အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ

    စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ကိုးကန့်တပ်မတော် MNDAA ဘက်က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်အဝင်မုခ်ဦးအထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ မနေ့ကညပိုင်း ၈ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့နယ် နားမခေါ်ရပ်ကွက် လမ်းသွယ် ၄ မှာ လက်နက်ကြီး စထိမှန်ခဲ့လို့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားတစ် ယောက်ထိခိုက် ဒဏ်ရာရှိခဲ့ပါသေးတယ်။ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကထုတ်ပြန်ချက်ထဲမှာဆိုရင် နောင်ချိုမြို့နယ် ဘန့်ဘွေးနဲ့ ရေဝင်ရွာတွေမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ သဲခေါ်ရွာနားက TNLA ရဲ့တပ်စခန်းကိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ နတ်တောင်အနီးတစ်ဝှိုက်နဲ့ နောင်ပိန်ရွာ တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့နဲ့ စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာရင်တော့ ပြန်လည်ခုခံနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • Jun- 2024 -
    26 June
    သတင်း

    နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ

    ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ နောင်ချိုမြို့ထဲကို  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၅ ရက် မနေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို  သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ နောင်ချိုပြည်သူတစ်ဦးက Kachin News Group KNG သတင်းဌာနကို ပြောပါတယ်။ “စစ်ကောင်စီတပ်စခန်းကြီးတွေရှိ နေသေးတာကြောင့် သိမ်းပြီလို့ပြောပေမဲ့ အားလုံးမဟုတ်သေးဘူး။ မြို့တွင်းက ဌာနဆိုင်ရာတွေမှာ နေရာယူထားတာလောက် ပဲရှိသေးတယ်။ TNLA နဲ့ PDF တွေ မြို့တွင်းဝင်လာတာနဲ့ ဌာနဆိုင်ရာအသီးသီးကသူတွေ တချို့ထွက်ပြေးသူကထွက်ပြေးနဲ့ အားလုံးရှောင်သွားတာကြောင့်အခုမြို့ထဲကိုတော့ ဝင်ရောက်နေရာယူထားနိုင်ပြီ” လို့ နောင်ချိုတစ်ဝိုက်ဒေသကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ နောင်ချို့မြို့ထဲရှိ မြို့နယ်ရုံး ၊ရဲစခန်း၊ စည်ပင်၊  မိုးဇလရုံး ၊ စစ်မှုထမ်းဟောင်းရုံး၊ မီးသတ်ရုံးနဲ့ ပြည်သူ့ဆေးရုံစတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအားလုံးကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နေရာယူထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ နောင်ချိုမြို့ထဲက စစ်ကောင်စီတပ်စခန်း ခမရ ၁၁၄၊ ခမရ ၁၁၅ နဲ့ ခမရ ၁၁၇ စတဲ့ စစ်ကောင်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။  ဇွန်လ ၂၅ မနေ့က မနက်အစောပိုင်းကစပြီး ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ နဲ့ မိုးကုတ်စတဲ့မြို့တွေမှာ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF တပ်ပေါင်းစုတွေ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။ မိုးကုတ်ဘက်မှာတော့ မြို့ပြင်နေရာတချို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကျောက်မဲနဲ့ သီပေါမြို့နားတဝိုက်မှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဇွန်လ ၂၆ ရက် ဒီမနက်အထိတော့ မြို့ကြီးနဲ့ စစ်ကောင်စီစခန်းသိမ်းတာတွေ သတင်းမရရှိသေးဘူးလို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ “တိုက်ပွဲကတော့ ကျမတို့ထုတ်ပြန်ထားတဲ့အတိုင်း တိုက်ပွဲပြင်းထန်နေတယ်။ အဲလိုမျိုးစခန်းသိမ်းတာတော့ ကျမတို့ဆီမှာ သတင်းမရသေးဘူး။တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ကြားသိရတယ်။” လို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးကပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့သိရပြီး အတိအကျတော့ မသိရှိရပါဘူး။ နောင်ချိုမှာလက်ရှိ စစ်ကောင်စီဘက်က ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် မြို့တွင်းအိမ်အစောင့်အဖြစ် ကျန်နေတဲ့ ဒေသခံတွေနဲ့ချိတ်ဆက်နိုင်ဖို့လည်း ခက်ခဲနေဆဲဖြစ်သလို နောက်ဆုံးရရှိထားတဲ့သတင်းအရ ဒေသခံအားလုံးနီးပါးတော့ လားရှိုး – ကျောက်ဂူလမ်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ပြင်ဦးလွင် – နောင်ချို– လားရှိုးလမ်းပိုင်းလက်ရှိချိန် ဖြတ်သန်းသွားလာလို့မရပဲ လားရှိုး – တောင်ကြီးဘက်လမ်းကနေ မန္တလေးအသွားအလာလုပ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရှမ်းမြောက်မှာ တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မဟာမိတ် ၃ ဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချူပ်ချူပ်ဆိုထားပေမဲ့ စစ်ကောင်စီဘက်က တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ရှိတဲ့ တပ်စခန်းတွေနဲ့ မြို့နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာကြောင့် ပြန်လည်ခုခံခြင်းအားဖြင့် အခုလို တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်တယ်လို့ TNLA ဘက်က ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 5 June
    သတင်း

    ဂါလိုင်ရွာမှာ ကျောင်းမဖွင့်ဖို့ TNLA တားမြစ်နေတဲ့ကြားက ကျောင်းသားမိဘများကျောင်းစဖွင့်နိုင်ပြီ

    ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာ(Galeng ) အလယ်တန်းကျောင်းမှာ တအာင်းတပ် TNLA တပ်စွဲလိုက်ပြီး ကျောင်းမဖွင့်ဖို့တားဆီးပိတ်ပင်နေတဲ့ကြားက ဒေသခံကျောင်းသားမိဘတွေက ကျောင်းစတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။ ဂါလိုင်ကျေးရွာက KIO အစိုးရအောက် ဖွင့်လှစ်သင်ကြားနေတဲ့ အလယ်တန်းကျောင်းကို TNLA က ကျောင်းနာမည်စရင်းကောက်ခံခွင့်မပေးပဲ ကျောင်းတံခါပိတ်ထားလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်…

    Read More »
  • Mar- 2024 -
    6 March
    သတင်း

    TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့ ညမထွက်ရအမိန့်ရုတ်သိမ်း

    စစ်ကောင်စီက စစ်အုပ်ချူပ်ရေးကြေညာထားတဲ့ မြို့တွေအပါအဝင် TNLA ထိန်းချူပ်ထားတဲ့ မြို့ ၇ မြို့ကို ညမထွက်ရအမိန့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။ လက်ရှိ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိန်းချူပ်နေပြီဖြစ်တဲ့ မြို့ ၇ မြို့ကို…

    Read More »
  • Feb- 2024 -
    28 February
    သတင်း

    ခိုမုန်းဆေးရုံမှာ တပ်စွဲနေရာယူထားတဲ့ MNDAA တပ်ဖွဲ့အနေနဲ့ ဖယ်ရှားပေးဖို့ ဒေသခံများတောင်းဆို

    ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာက အများပြည်သူအသုံးပြု‌နေတဲ့ဆေးရုံမှာ တပ်ချနေရာယူထားကြတဲ့ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့တွေအနေနဲ့ ဆေးရုံက‌နေဖယ်ပေးဖို့တောင်းဆိုနေတယ်လို့ ဒေသခံ‌ တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာရှိ ဆေးရုံအဆောက်အဦးမှာ TNLA…

    Read More »
Back to top button