တိုက်ခိုက်သိမ်းပိုက်

  • Dec- 2023 -
    15 December
    သတင်း

    ရွှေမင်းပြည်သူ့စစ်စခန်းနှစ်ခုကို  KIA ,PDF တစ်ပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်

    မြစ်ကြီးနား နဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ရွှေမင်း လီဆူပြည်သူ့စစ်တပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာလ ၁၅ ရက် မနက် ၆နာရီလောက်ကနေစပြီး တာလောကြီးကျေးရွာမှာ အထိုင်ချထားတဲ့ ပြည်သူ့စစ်တပ်စခန်းနေရာနဲ့ ရွှေညောင်ရွာအနီးမှာရှိတဲ့ ဘော်ဆာဒီးရွာ တပ်စခန်းငယ်တစ်ခုကိုလည်း တစ်ပြိုင်ထဲဝင်ရောက်တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ယောက်က ပြောပါတယ်။ “တာလောကြီးစခန်းကတော့…

    Read More »
  • Nov- 2023 -
    27 November
    သတင်း

    မူဆယ် လုံခန်စစ်တပ်စခန်းကို MNDAA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်နဲ့ နမ့်တောင်းကျေးရွာကြားမှာရှိတဲ့ လုံခန်စစ်ကောင်စီ တပ်စခန်းကို ကိုးကန့် MNDAA သိမ်းပိုက်လိုက်ပြီလို့ မူဆယ်ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီလုံခန်စစ်ကောင်စီတပ်စခန်းကို  နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး  ကိုးကန့် MNDAA နဲ့ မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၂ ရက်မြောက်နေ့နိုဝင်ဘာ ၂၆ ညနေပိုင်းမှာတော့ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း  The Kokang သတင်း page ကထုတ်ပြန်ထားသလို ဒေသခံတစ်ဦး ကလည်း အခုလို ပြောပါတယ်။ “မနေ့ကတော့ ကျမတို့ မုံးပေါ်သွားလမ်း နမ့်တောင်းမရောက်ခင် လုံခန်ရွာအလွန် တောင်ကုန်းမှာ စစ်တပ်စခန်းတစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကိုတော့ မနေ့က ကိုးကန့်တွေ သိမ်းပိုက်လိုက်ပြဆိုတော့မနေ့ည ၁၀၅ မိုင်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဝင်ရောက်လာသလိုပဲ။အဲ့ဒါနဲ့ မူဆယ်မြို့အထွက် စစ်တပ်က တစ်ညလုံး လက်နက်ကြီးနဲ့ ပစ်နေတာ။ ကျမတို့ တစ်ညလုံးတောင်မအိပ်ဘူး သတိနဲ့ပဲနေနေတယ်။” လို့ မူဆယ်ဒေသခံအမျိုးသမီးက ပြောပါတယ်။  လုံခန်စစ်တပ်စခန်းဟာ မူဆယ်ကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်မောင်း ရတဲ့အကွာမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး မူဆယ်နဲ့ မုံးပေါ်ကြား ဒေသတဝိုက်ကို အဓိကချူပ်ကိုင်ထားတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။   အဲ့ဒီတပ်စခန်းကို လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာ ၂၆ မနေ့ည ၁၀ နာရီကနေ ၁၂ နာရီလောက်ထိ လေယာဉ် ၄ စီးနဲ့ ၁၀၅ မိုင်အကျော် လုံခန်ရွာနီးတစ်ဝိုက် ဗုံးကြဲခဲ့တဲ့အတွက် ၁၀၅ မိုင်က အသက် ၂၀အရွယ် လူငယ်တစ်ဦး လက်နက်ထိမှန် သေဆုံးသွားပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးက ကားကြီးကွင်းအနီးတစ်လျှောက်ကိုလည်း စစ်တပ်က လေကြောင်းနဲ့ ပစ်ခတ်တာတွေကြောင့် ကုန်ကားတချို့ ထိခိုက်ပျက်စီးသွားတာ ရှိသလို ဆိုင်ခန်းတချို့အပါအဝင်…

    Read More »
  • 15 November
    သတင်း

    ကောလင်းမြို့ကို KIA,PDF တွေထိန်းချုပ်ထားဆဲဖြစ်ပြီး ပြည်သူတစ်ချို့မြို့ထဲပြန်ဝင်နိုင်နေပြီလို့ဆို

    စစ်ကိုင်း – ကချင်အစပ်က ကောလင်းမြို့နယ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ကောလင်းမြို့ထဲ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်သလို ဈေးဆိုင်တွေလည်းပြန်လည်ဖွင့်လှစ်လည်ပတ်နေပြီလို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ကောလင်းမြို့အတွင်း ပြည်သူတွေပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး…

    Read More »
Back to top button