တိုက်ပွဲ

  • Apr- 2025 -
    8 April
    သတင်း

    အင်းတော်မြို့ကို ၈ လနီးပါးအကြာမှာအပြီးသတ်သိမ်းပိုက်

    ကချင်အစပ် စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးကို မနေ့က ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုအတည်ပြုပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈ လနီးပါးကြာမြင့်ခဲ့ပြီး အရင်းနှီးကြီးခဲ့တဲ့တိုက်ပွဲဖြစ်သလို တစ်ဖက်မှာ…

    Read More »
  • 3 April
    သတင်း

    ဝါရာဇွပ်ကျေးရွာမှာ ပြည်သူ့စစ်နဲ့ KIA တိုက်ပွဲထပ်ဖြစ်နေ

    ကချင်ပြည်နယ် တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဝါရာဇွပ်ကျေးရွာအဝင်အထွက် ရွာထိပ်ပိုင်းမှာ KIA တပ်တွေ ဝါးတားဂိတ်ထားပြီး ထပ်မံတပ်စွဲလာတဲ့အတွက် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က…

    Read More »
  • 3 April
    သတင်း

    ဟုမ္မလင်းနယ်မှာ တိုက်ပွဲမဖြစ်ပဲ စစ်ကောင်စိီတပ်က ဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းနဲ့‌ဗုံးကြဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အဟုမ္မလင်းမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ပုရစ်ကျေးရွာနဲ့ဖါနိုင်းကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက KNG…

    Read More »
  • 3 April
    သတင်း

    အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်တပ်က ကချင်မှာ တိုက်ပွဲဖော်ဆောင်နေတယ်လို့ KIO ပြော

    အာဏာသိမ်းစစ်တပ်က ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ကချင်ပြည်နယ်ထဲက မြို့နယ်တစ်ချို့မှာ လေကြောင်းအပြင် ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။ အပစ်ရပ်ကြောင်း ထုတ်ပြန်လိုက်တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ဒီကနေ့ ၃ ရက်နေ့အထိ ဗန်းမော်၊ အင်းတော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ လေကြောင်းနဲ့…

    Read More »
  • 2 April
    သတင်းထီးချိုင့်

    အင်းတော်တိုက်ပွဲ စစ်တပ်ကနှစ်ရက်ဆက်တ်ိုက်လေကြောင်းအသုံးပြုတိုက်ခိုက်‌

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက်လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ မနေ့က ဧပြီလ ၁ ရက်နေ့မနက်ပိုင်းကစလို့ နှစ်ဖက်တပ်တွေအင်းတော်မြို့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူအနီးတစ်ဝှိုက်မှာ တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်ကောင်စီတပ်က…

    Read More »
  • Mar- 2025 -
    26 March
    သတင်း

    လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ထိန်းချုပ်ဖို့ ပြည်သူ့စစ် နဲ့ စစ်ကောင်စီတပ် ကြိုးပမ်းလာ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ဖားကန့်လမ်းပေါ်က ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့အတွက် ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပြီး လဝါးကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့် သွားလမ်းပေါ်က နန့်ယား(Namya)၊ နန့်တိန်(Namting) ကျေးရွာတွေအပါ ဖားကန့်လမ်းတစ်လျှောက်ကို KIA…

    Read More »
  • 19 March
    သတင်း

    အင်းတော်ကြီးဒေသမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိုက်ပွဲ ဖြစ်လာမှာကိုဒေသခံတွေစိုးရိမ်နေ

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသထဲမှာ KIA ပူးပေါင်းတပ်တွေ နဲ့ SNA စစ်ကောင်စီတပ် နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေရကြောင်း သိရပါတယ်။ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ချောင်းဝ၊ဝှေလုံကျေးရွာတွေဘက်က​နေ မိုင်းနောင်၊…

    Read More »
  • 17 March
    သတင်း

    ကသာတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုအရှင်ဖမ်းမိပြီး နှစ်ဖက်ကျဆုံးမှုတွေလည်းရှိခဲ့

    စစ်ကိုင်းတိုင်း‌ဒေသကြီး ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်ကျဆုံးမှုတွေရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်းအရှင်ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ကနေ မတ်လ ၁၆ ရက်နေ့ မနေ့က နေ့လည်…

    Read More »
  • 11 March
    သတင်း

    ဗန်းမော်မှာ စစ်တပ်ဒရုန်း ၇ လုံး KIA ပစ်ချနိုင်ခဲ့ပြီး စကခ ၂၁ မှာ တိုက်ပွဲဆက်ဖြစ်နေ

    နှစ်လအကြာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ ဗန်းမော်မြို့လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ဘက်ကနေ အပြင်အထန်ခုခံတိုက်ခိုက်နေတဲ့ ဒရုန်း ၇ စီး ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပစ်ချပေးလိုက်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ ဗန်းမော် စကခ (၂၁) တပ်ရင်းမှာ မတ်လ ၈ ရက်နေ့စပြီး စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်တပ် တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး ၁၀ ရက်နေ့ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းလက်နက်ကြီးတွေကို ပစ်ချပေးနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ “ဟုတ်ပါတယ်။ ၆ လုံးနဲ့ ၇ လုံးကြားမှာ ပစ်ချနိုင်ခဲ့တယ်။ ကျနော်တို့ တွေ့တာကတော့ ၆ လုံးရှိတယ်”လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ခုခံတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ဒရုန်းလက်နက်ကြီး ၇ စီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တဲ့အတွက် စကခ (၂၁) တပ်ရင်းပတ်ပတ်လည်မှာ ဒီကနေ့ ၁၁ ရက်နေ့ အထိ နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ သံချပ်ကာတပ်၊ အမြောက်တပ် ၃၆၆ ၊ လေယာဉ်ကွင်းနေရာတွေကို ဇန်နဝါရီလကုန်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်ထားပြီးတော့ လက်ရှိမှာ စကခ (၂၁) နေရာကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် KIA ဘက်ကနေ ဗန်းမော်တက္ကသိုလ်ဝင်းနေရာနဲ့ ခလရ ၄၇ တပ်ရင်းနေရာရှိတဲ့ လမ်းကြောင်းတွေလည်း ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဆက်သိရပါတယ်။ လက်ရှိ ဗန်းမော်တိုက်ပွဲ ပြင်းထန်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “ဒရုန်း ၇ လုံးပစ်ချနိုင်တာနဲ့ သတင်းကအသေးစိတ်မသိရသေးပါဘူး။ စကခ ၂၁ နေရာမှာ ပြင်းပြင်းထန်ထန်ပြန်ဖြစ်နေတာက ၃ ရက်လောက်ရှိလာပြီ။ ခါတိုင်းထက်ပိုပြင်းထန် တယ်လို့တော့ပြောလို့ရပါတယ်”လို့ပြောပါတယ်။ စစ်ကောင်စီဘက်ကနေ တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာ လေကြောင်းနဲ့ မရေတွက်နိုင်လောက်အောင် ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ မတ်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းပစ်ချနိုင်တာနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံတဲ့ Telegram Channal တွေမှာကတော့ ‘ရန်သူဘက်က မိမိတို့ရဲ့ ဒရုန်း ၉ ခုကို ပစ်ချပေးလိုက်တယ်။ ဒရုန်းတွေ အလုပ်မဖြစ်တော့ဘူး’လို့ ရေးသားဖော်ပြထားတာကိုလည်း မြင်တွေ့ရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 10 March
    သတင်း

    တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုံရှာယာန်ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်တာတွေရှိနေ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ကျေးရွာနေပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားအင်အားအလုံးအရင်းနဲ့တပ်စွဲထားတဲ့ လုံရှာယာန်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့သတင်းဟာ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဒေသခံတွေကြားပျံ့နှံ့နေတဲ့အတွက် လုံရှာယာန်ကနေ ပူတာအိုမြို့ဘက်ကြိုတင်တိမ်းရှောင်တာတွေလုပ်နေကြတယ်လို့ ပူတာအိုမြို့ပေါ်တိမ်းရှောင်လာတဲ့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဒီတစ်ခေါက်ကသေချာမယ်ထင်တယ် လုံရှာယန်တိုက်မယ်ဆိုတာတော့ ကြားနေရတာကြာပြီ။ ဒါပေမယ့် ကလေးတွေစာမေးပွဲမပြီးသေးလို့မတိုက်သေးတာ ကလေးတွေစာမေးပွဲပြီးရင်တော့တိုက်မယ်ဆိုပြီးသတင်းထွက်နေတော့ အခုစာမေးပွဲ ပြီးကြပြီလေ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ကြိုတင်တိမ်းရှောင်တာကောင်းတယ်ဆိုပြီး မြို့ပေါ်ကိုရောက်လာတာမိသားစုလိုက်”လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ အခြေခံစာသင်ကျောင်းစားမေးပွဲပြီးတာနဲ့ လုံရှာယာန်ရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး…

    Read More »
Back to top button