တိုက်ပွဲ

  • Feb- 2025 -
    17 February
    သတင်း

    အင်းတော် ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်းတစ်ခုကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲမှာ နှစ်ဖက်တပ် ကျဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၄ နာရီဝန်းကျင်လောက်ကစ စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ထားရတဲ့ တုံးပုံကျေးရွာက…

    Read More »
  • 11 February
    သတင်း

    ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ချို့ကို KIA က ဖမ်းဆီးရမိပြီး တပ်နဲ့ စခန်းတွေကိုလည်း သိမ်းပိုက်ရရှိ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သလို ကျန်ရှိတပ်ရင်းတွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းအတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိတာဟုတ်တယ်။ လက်နက်ချဝင်လာတာလည်းပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ အတွင်း ဖမ်းမိတာလည်းပါတယ်။ အားလုံး ၄၀ ကျော်လောက်ရှိမယ်ထင်တယ်” လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကို ပြောပါတယ်။ ဇန်နဝါရီလဆန်းကတည်းက…

    Read More »
  • 4 February
    သတင်း

    ဗန်းမောက်မြို့ ဒေသခံတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက နေရာ ရွှေ့ပြောင်းပေးထားဟုဆို

    စစ်ကိုင်းတိုင်း နဲ့ ကချင်အစပ် ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတစ်ချို့က ဒေသခံတွေကို KIA၊ PDF ပူးပေါင်းတပ်တွေက ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးထားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ဗန်းမောက်မြို့နယ် ကြောင်လည်၊ ပင်းခါးစတဲ့ကျေးရွာတွေတစ်ဝှိုက်မှာအထိုင်ချထားတဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ကို KIA၊PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။…

    Read More »
  • Jan- 2025 -
    31 January
    သတင်း

    အင်းတော် မြို့သိမ်းတိုက်ပွဲ ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိ

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း ၂ ခုကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့သူတွေလည်းပရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “မနေ့ကတော့ ရထားတဲ့ ကာကုန်း၂ခုကို…

    Read More »
  • 29 January
    သတင်း

    အင်းတော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ ကာကင်းစခန်း ၂ ခုကို ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်

    စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲဆက်လက်ဖြစ်နေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်က စစ်ကောင်စီ ကာကင်းစခန်း ၂ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အင်းတော်မြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးက“အင်းတော်ကတော့ နေရာနှစ်ခုရလိုက်တယ်ပေါ့နော်။ ရန်သူရဲ့ ဂျပန်လှိုဏ်ဂူရှေ့ကို…

    Read More »
  • 27 January
    သတင်း

    ဖောင်းပြင်မြို့နယ် နယ်မြေအများစု ကို PDF ပူးပေါင်းတပ် ထိန်းချုပ်ထားနိုင်ဟုဆို

    ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ပူးပေါင်းတပ် စိုးမိုးထားတဲ့ နယ်မြေအများအပြားကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီလို့ သိရပါတယ်။ “ဒီကနေ့အထိဆိုရင် ကျနော်တို့ဘက်က ထိန်းထားနိုင်တဲ့ရွာတွေကတော့ သူတို့ကိုအထိနာပြီးအကျပ်ရိုက်စေတဲ့လွင်ကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာရယ် မင်းယာရွာရယ်ပြီးတော့ တခြားရွာတွေလည်းအများကြီးပဲရွာ ပေါင်းကိုမနည်းတော့ဘူး ရွာတွေ မရှိသလောက်ဖြစ်သွားပြီဗျ မြို့နယ်ရဲ့…

    Read More »
  • 27 January
    သတင်း

    အင်းတော်မြို့သိမ်း တိုက်ပွဲ ပြန်လည်ပြင်းထန်

    စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့သိမ်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ပြောပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကစလို့ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က အင်းတော်မြို့မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက “ဒီနေ့မနက်ပဲပြန်ဖြစ်တာ။…

    Read More »
  • 21 January
    သတင်း

    ဗန်းမော် ခလရ ၄၇ နဲ့ စကခ(၂၁) နှစ်ခုစလုံးကို KIA ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေဆဲ

    ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် (စကခ ၂၁ ) နှစ်ခုစလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လိို့သိရပါတယ်။ KIA ဘက်ကနေ တပ်ရင်းနှစ်ခုစလုံးကို ဝိုင်းရံပိတ်ဆို့…

    Read More »
  • 15 January
    သတင်း

    ဗန်းမော် အရပ်သားနေအိမ်ကို ဖျက်ပြီး စစ်ကောင်စီ ခံစစ်နေရာ ထပ်မံပြင်ဆင်

    ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို ဖြိုချဖျက်ဆီးလိုက်ပြီးတော့ တပ်နေရာယူ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ မံစီမြို့နယ်တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ဗန်းမော်မြို့ပေါ် ရှိ  စစ်ကောင်စီ စကခ ၂၁ ၊ ခလရ ၄၇ မှာလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် KIA ကို ခုခံတိုက်ခိုက်နိုင်ဖို့…

    Read More »
  • 9 January
    သတင်း

    တိုက်ပွဲပြင်းထန်နေတဲ့ ကချင်နဲ့စစ်ကိုင်းအစပ်က ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်နေ

    ဖားကန့်မြို့နယ် နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာ နဲ့ ပါဟုတ်ကြီး ကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ဟုမ္မလင်းPDF ပူးပေါင်းတပ်တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းနေချိန် စစ်ကောင်စီတပ်ဘက်က…

    Read More »
Back to top button