နဘားကျေးရွာ
-
Feb- 2025 -13 Februaryသတင်း
အင်းတော်မြို့နယ် နဘားကျေးရွာ ပျံကျဈေး မီးလောင်ပြာကျ
စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့နယ် နဘားရွာပျံကျဈေး တစ်ဝက်ကျော် မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဈေးတောင်ဘက်ခြမ်းအထည်ဆိုင်ကနေ မီးလောင်မှုစတင်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ မီးလောင်ပြာကျခဲ့ရတဲ့ နဘားဈေးဟာ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်က ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေ အားထားကြရတဲ့ ဈေးကြီးဖြစ်တယ်လို့ သိရပါတယ်။ “အဲ့ဒီနဘားဈေးက အဲ့ဒီနားမှာရှိတဲ့ ရွာနီးချုပ်စပ်ကဒေသခံတွေအားလုံးက အားထားရတဲ့ဈေးဟုတ်တယ်။ သူကရွာကြီး လည်းဖြစ်တယ်။ ကျန်တဲ့ရွာတွေမှာက ဈေးတွေမရှိကြဘူး။ ဒါ့ကြောင့် ကျန်တဲ့ရွာတွေကလည်း ဒီမှာပဲဈေးဝယ်သွားကြရ တာဟုတ်တယ်” လို့ နဘားဈေး အရေးပါပုံကို နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကရှင်းပြပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေအကြား မြို့သိမ်းတိုက်ပွဲ ပြင်းထန်ပြီးတဲ့ နောက်မှာတော့ နဘားကျေးရွာအပြင် အဲ့ဒီအနီးတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေဟာ ဘေးလွှတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လက်ရှိ နဘားကျေးရွာအပြင် အနီးတစ်ဝှိုက်မှာ နေထိုင်သူတွေ သိပ်မရှိတော့သလို နဘားဈေးကလည်း အရင်လို မစည်ကားတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက မီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ “ဈေးရဲ့ ၃ ပုံ ၂ ပုံလောက်တော့ လောင်သွားတယ်ထင်တယ်။ ပေါ့ဆမီးကြောင့်လို့သိရတယ်။ ဈေးရဲ့တောင်ဘက် အထည် ဆိုင်ကစလောင်တာ။” လို့ ဆိုပါတယ်။ မီးငြိမ်းသတ်ရာမှာတော့ ဒေသခံတစ်ချို့နဲ့ ကာကွယ်ရေးတပ်တွေ ပူးပေါင်းငြိမ်းသတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ နဘားရွာဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ အင်းတော်မြို့ပေါ်နဲ့ ၃ မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေ ၈၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော်နေထိုင်ခဲ့တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
Sep- 2022 -27 Septemberသတင်း
အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေဆုံး၊ အရပ်သား ၂၀ ဦးကို လူသားဒိုင်းပြုလုပ် ရန် စစ်ကောင်စီဖမ်းဆီးထား
အင်းတော်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိတိ ကြားဖြတ်တိုက်ခိုက်ခံရချိန် စစ်သား ၆ ဦး သေဆုံးခဲ့သဖြင့် အရပ်သား ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၂၄ ရက်နေ့ အင်းတော်၊ နဘားကျေးရွာနှင့် မော်လူးမြို့ကြားသို့ စစ်ကြောင်းထိုးရန် အင်အား ၂၈၀ ပါသော မိုးညှင်းဘက်မှ…
Read More » -
26 Septemberသတင်း
အင်းတော်နယ်တွင် စစ်ကောင်စီတပ် စစ်အင်အား ၄၀၀ ကျော်တိုးချဲ့ထား၊ ကျေးရွာ ၇ခု ထွက်ပြေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ကြောင်း ၂ခုဖြင့် စစ်အင်အား ၄၀၀ ကျော်ဝန်းကျင် စစ်ကြောင်းထိုး ဝင်ရောက်နေသည့်အတွက် နဘားနှင့်မော်လူး ကျေးရွာ ၂ခုကြားရှိ ကျေးရွာ ၇ခုခန့်က ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း အင်းတော် ဒေသကာကွယ်ရေးတပ်အဖွဲ့ထံမှသိရသည်။ စက်တင်ဘာလ…
Read More » -
19 Septemberသတင်း
အင်းတော်တွင် စစ်ကောင်စီ လက်နက်ကြီး ကြောင့် တစ်နှစ်ကျော်ကလေးနှင့် သက်ကြီးရွယ်အိုတစ်ဦး ထိမှန်
ကချင် စစ်ကိုင်းအစပ် အင်းတော်မြို့နယ်တွင် စစ်ကောင်စီ ခမရ ၃၀၃ တပ်မှ ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ အင်းတော်မြို့ နဘားကျေးရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်ကြောင်းသည် စက်တင်ဘာ ၁၈ ရက်နေ့က နားမကြိုင်း…
Read More »