သတင်း

အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး  စစ်သား ၆ ဦးသေဆုံး၊ အရပ်သား ၂၀ ဦးကို လူသားဒိုင်းပြုလုပ် ရန် စစ်ကောင်စီဖမ်းဆီးထား

အင်းတော်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိတိ ကြားဖြတ်တိုက်ခိုက်ခံရချိန် စစ်သား  ဦး သေဆုံးခဲ့သဖြင့် အရပ်သား ၂၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ အင်းတော်၊ နဘားကျေးရွာနှင့် မော်လူးမြို့ကြားသို့ စစ်ကြောင်းထိုးရန် အင်အား ၂၈၀ ပါသော မိုးညှင်းဘက်မှ ဆင်းလာသည့် စစ်ကြောင်း နှင့် အင်အား ၁၂၀ ကျော်ပါ အင်းတော်ဘက်မှ တက်လာသည့်စစ်ကြောင်းကို KIA နှင့် အင်းတော် PDF ပူးပေါင်းတပ်တို့မှလမ်းတွင် နှစ်ကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၂၄ ရက်နေ့ကတော့ မိုးညှင်းဘက်က ဆင်းလာတဲ့စစ်ကြောင်းကို မော်လူးနဲ့ နန့်စီးအောင်ကြားမှာ မိုင်းငါးလုံးဆွဲပြီး တိုက်ခိုက်ခဲ့တာ အတိအကျ သုံးယောက်သေတယ်။ ဒဏ်ရာရသူတွေကိုတော့ မိုးညှင်းဘက်မှာ အိမ်စီးကားနဲ့သယ်သွားတယ်ဗျ။ ပြီးတော့ ၂၅ ရက်နေ့မှာတော့ အင်းတော်ဘက်က တက်လာတဲ့ဟာကို မော်လူးနဲ့ နဘားကြားထဲမှာက သေနတ်နဲ့ပဲ ကြားဖြတ်ပစ်ခတ်ခဲ့တာ အဲ့မှာလည်း သုံးယောက်သေတာ နှစ်ယောက်ကတော့ ကုန်းပေါ်မှာပဲ အလောင်းမြှုပ်ထားတာ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး လမ်းတစ်ဝက်မှာသေတာ ရွာနဲ့နီးတဲ့နေရာမှာ မြှပ်ထားတယ် ၂၆ ရက်နေ့မှာတော့ တိုက်ပွဲမရှိဘူးဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစစ်ကြောင်းသည် စက်တင်ဘာ ၂၅ ရက်နေ့ည အင်းတော် နှင့် နဘားကြားရှိ ပင်ဝယ်ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့ပြီး ၂၆ ရက်နေ့တွင် အင်းတော်အနောက်ကြောဘက်ရှိ အောက်တော၊ အောင်းကုန်း နှင့် တုန်းတော်ဘက် ဝင်ရောက်ခဲ့ပြီးနောက် ယင်းကျေးရွာများရှိ အရပ်သား ၂၀ ဦး တိတိကို လူသားဒိုင်းအဖြစ် ဖမ်းထားကြောင်း သိရသည်။

ရွှေလုပ်တဲ့လူတွေကော လယ်စောင့်တဲ့လူတွေကိုကော။ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတယ်။ သူတို့မိုင်းဆွဲခံရမှာ ကြောက်လို့ လူက ၂၀ ရှိတယ်။ အဲ့မှာ အမျိုးသမီးကြီးက သုံးဦးပါတယ် အောင်းကုန်း ၊ အောက်တော နဲ့တုန်းတော် ရွာသားတွေဟုတ်တယ်ဟု ဒေသခံတစ်ဦးက ပြောသည်။

အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်အား ၂၀၀ ကျော်ပါသည့် ယင်းစစ်ကြောင်းသည် ယမန်နေ့ညက အောက်တော တွင် ညအိပ် တပ်စွဲပြီး ယနေ့ နေ့လည်ပိုင်းတွင် အောင်းကုန်းကျေးရွာ သို့ဝင်ရောက်နေကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားမှုများသည့် နဘား နှင့် မော်လူးကြားသည် စစ်ကောင်စီအများဆုံး တိုက်ခိုက်ခံရသည့်နေရာနှင့် စစ်ကောင်စီ ထိခိုက်ကျဆုံးမှုအများဆုံးနေရာလည်းဖြစ်သည်။

Show More

Related Articles

Back to top button