,
မြန်မာ-တရုတ်နယ်စပ်၊ လွယ်ဂျယ်- လိုင်ရင်း နယ်စပ်ကုန်သွယ်ရေးကို တရုတ်နှစ်သစ်ကူးကာလ ဖြစ်သောကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ထားသည်ဟု သိရသည်။ လွယ်ဂျယ်-လိုင်ရင်း နယ်စပ် ကုန်သွယ်ရေးဂိတ် မှ ကုန်ကားများဖြတ်သန်းသွားလာခွင့်အပြင် ခရီးသည်ဝင်ထွက်သွားလာခွင့်ကိုပါ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ကာ ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြောင်း လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။ ''ကုန်ကားကော ခရီးသည်တွေဝင်ထွက်ခွင့်ပါ ပိတ်လိုက်ပြီဗျ။ ဒီနေ့မနက်ပဲ ပိတ်လိုက်ပြီဆိုပြီး ဂိတ်ကိုသတင်းရောက်တယ်။ တရုတ်နှစ်သစ်ကူးကာလ မလို့ပိတ်တာပါ။ တရုတ်ဘက်ကပိတ်တာ''ဟုကုန်သွယ်ရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လွယ်ဂျယ်ဂိတ်တွင် ကုန်စည်ကားများ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျင်းစန်းကျော့ နယ်စပ်ဂိတ်နဲ့ ထိစပ်နေသော တရုတ်ဘက် ဝမ်တိန်တွင် ဇွန်လ ၁ ရက်နေ့မှစကာ သစ်သီးကားများ ဆေးစစ်မှု ဖြေလျှော့ပေးလိုက်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။ "အသီးကားတွေ ဆေးစစ်စရာမလိုတော့ဘူး။ ကားချိန်းပြီးတာနဲ့ မိမိသွားလိုတဲ့ မြို့ကို သွားလို့ရပါပြီ။ တိုက်ရိုက်" ဟု နယ်စပ် ကုန်သည် တစ်ဦးက ပြောသည်။ ယခင်က မြန်မာနိုင်ငံဘက်မှ တင်ပို့လာသော သစ်သီးများ တင်ဆောင်သည့် ကားများကိုပေကျင်း၊ ရှန်ဟိုင်းကဲ့သို့သော တခြားမြို့များသို့ သွားမည်ဆိုပါက