သတင်း

တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ မူဆယ်နယ်စပ်ဂိတ်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ စောင့်ဆိုင်းနေဆဲ

မြန်မာတရုတ်နယ်စပ် မူဆယ်မြို့၊ နယ်စပ်ဂိတ်ဖွင့်ပြီးနောက် မြန်မာနိုင်ငံသားထောင်ချီ နေ့စဉ် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာတဲ့အတွက် နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကဒ် TBP စက်တင်ဘာလ ၂၉ ရက်နေ့အထိ တုံကင်ပြည့်သွားပြီလို့ သိရပါတယ်။

နယ်စပ်ဝင်ထွက်ခွင့် TBP ကတ်ပြုလုပ်ဖို့  စက်တင်ဘာလ ၁၇ ရက် ကနေ  ၂၉ ရက်နေ့အထိ တုံကင်လက်ခံရရှိထားတဲ့ လူဦးရေ ၆,၅၀၀ ပြည့်သွားပြီလို့ ဖြစ်တယ်လို့ မူဆယ် နယ်စပ်ဖြတ်ကျော်ရေး ကူညီပေးနေသူတစ်ဦးက KNG ကို ပြောပါတယ်။

ဝင်ချင်တဲ့သူကတော့ သောင်းထိရှိတာမှန်တယ်။ ဒါပေမဲ့ ခွင့်ပြုနိုင်တဲ့အင်အားက တစ်ရက်ကို ၅၀၀ ပဲရှိတယ်။ ၅၀၀ ဆိုတာ လူတစ်ယောက်ကို TBP တစ်ခါသုံးကတ် လုပ်ပေးမယ်ဆို မိနစ်လောက် ကြာတယ်။ တရုတ်ဘက်ကိုဝင်နိုင်ဖို့ မိနစ်လောက်ကြာတော့ အကန့်အသတ်နဲ့ ရှိတာပေါ့နော်။ ဒီဘက်က တရုတ်ဘက်ကို ဝင်နိုင်တဲ့အင်အားက ဆင်ဖြူပေါက်မှာ ၂၀၀ နန်းတော်ပေါက်မှာ ၃၀၀။  အဲ့တော့ တစ်နေ့ကို ၅၀၀ ပဲ ခွင့်ပြုတာပေါ့။ မူဆယ်မှာနေနေတဲ့ ဒေသခံတွေကတော့ သပ်သပ် ဝင်နေတာရှိတယ်လေလို့ပြောပါတယ်။

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ် နဲ့ နန်းတော်ဂိတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ပြန်ဖွင့်လိုက်ပြီးနောက် တရုတ်ဘက်ခြမ်း ရွှေလီဘက်ကို ဝင်နိုင်ဖို့ ထောင်ချီတဲ့မြန်မာပြည်သားတွေဟာ နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ပြုလုပ်ဖို့ ကြိတ်တိုးပြီး တန်းစီစောင့်ဆိုင်းကြရတာဖြစ်ပါတယ်။ 

TBP ကတ် မလုပ်ရသေးတဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ မိုးထဲ၊ နေထဲ ဆက်လက်တန်းစီစောင့်ဆိုင်းကြရပြီး လမ်းမပေါ် ချက်ပြုတ်စားသောက်ကာ စောင့်ဆိုင်းသူတွေလည်းရှိတယ်လို့ သူက ဆက်ပြောပါတယ်။

သူတို့က တည်းခိုခန်းတို့၊ အသိမိတ်ဆွေအိမ်တွေမှာ ငှားနေတာတွေရှိတာပေါ့။ လုံး၀ အဆင်မပြေတဲ့သူတွေကတော့ အများပိုင်နေရာ အသင်းရုံးတွေမှာ၊ ပြီးရင် ဒီလိုပဲ ပြေသလို နေနေကြသူတွေလည်းရှိတယ်လို့ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကို ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ လူဦးရေအများအပြား စောင့်ဆိုင်းတဲ့အခြေအနေမှာ ပုံမှန်ဖြစ်ပေမယ့် အခုတစ်ခေါက်မှာတော့ တရုတ်ဘက်က ဝင်ခွင့်လူဦးရေ ကန့်သတ်လိုက်တာကြောင့် နယ်စပ်ဂိတ်မှာ လူတွေနဲ့ ပြည့်ကြပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

Covid-19 ပထမလိုင်းကတည်းက ပိတ်ထားတဲ့ ရှမ်းမြောက်ဘက်က နယ်စပ်ဂိတ်တွေထဲက အခုတစ်ခေါက်မှာ မူဆယ်မြို့နယ် ဂိတ် ၂ ဂိတ်သာ ဖွင့်လိုက်တာဖြစ်တဲ့အတွက် လူဦးရေ ထောင်ဂဏန်း ဝင်ရောက်ခွင့်ပေးခဲ့ပေမဲ့ ဒီနှစ်မှာတော့ တရုတ်ဘက်က လူအကန့်အသတ်နဲ့သာ ဝင်ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button