နေရပ်ပြန်

  • စစ်ပြေးဒုက္ခသည်များ

    ဝိုင်းမော် ကဇူး ဒေသခံများ နေရပ်ပြန်ပြီ

    မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကဇူး(Katsu) ကျေးရွာဒေသခံစစ်ရှောင်များ မတ်လ ၁၄ ရက်နေ့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ပြီဟု သိရသည်။ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသော ကဇူး (Katsu) ကျေးရွာဒေသခံ အိမ်ခြေ ၁၀၀ ကျော်သည် ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် နေရပ်ပြန်ခြင်းဖြစ်ကြောင်း နေရပ်ပြန် စစ်ရှောင်တစ်ဦးက KNG ကို ပြောသည်။ “ကျွန်တော်တို့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက…

    Read More »
  • သတင်း

    နေရပ်ပြန်ရေး ဖိအားပေးမှုအောက်က စစ်ရှောင်အမျိုးသမီးနဲ့ ကလေးသူငယ်များ

    လုံခြုံမှု မရှိသေးပေမဲ့ ဖိအားပေးခံရတာကြောင့် နေရပ်ပြန်ရတော့မယ့် စစ်ရှောင်တွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေမှာ လုံခြုံရေးအတွက် ခက်ခဲမှုရှိနေပါတယ်။ တိုက်ပွဲပိုမို ပြင်းထန်လာမယ့် ၂၀၂၃ ခုနှစ်မှာဘဲ ကချင်ပြည်နယ် က စစ်ဘေးရှောင်စခန်းတွေကို အမြန်ဖျက်သိမ်းဖို့ စစ်ကောင်စီက ပြုလုပ်နေပြီးတော့ မတ်လ နောက်ဆုံးထား နေရပ်ပြန်ကြဖို့ စခန်းတချို့မှာ စစ်တပ်တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နှစ်ရှည်လပေါင်းများစွာ…

    Read More »
  • သတင်း

    လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကာ မိုးမောက်ဒေသခံများကို နေရပ်ပြန်ခေါ်ကာ အကာအကွယ်ယူနေ

    မိုးမောက်မြို့နယ် လုံဂျာရွာနှင့် နောင်ပေါင်းကျေးရွာမှ လူမရှိသည့် နေအိမ်များကို မီးရှို့မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ပြီး စစ်သားများနှင့်အတူ နေထိုင် နေရသည်ဟု သိရသည်။ စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF တို့ကြား တိုက်ပွဲကြောင့် လုံဂျာရွာနှင့် နောင်ပေါင်း ကျေးရွာရှိ ဒေသခံပြည်သူ ၁၀၀၀ နီးပါးသည် အောက်တိုဘာလမှ စတင်ကာ မိုးမောက်မြို့ပေါ်သို့ ထွက်ပြေးခဲ့ရာ လူမရှိသည့်နေအိမ်များကို…

    Read More »
  • စစ်ပြေးဒုက္ခသည်များ

    စစ်ကြောင်းပြန်ဆုတ်သွားသည့်အတွက် ရွှေကူအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်

    ရွှေကူမြို့နယ် အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီဖြစ်သောကြောင့် စစ်ရှောင်ပြည်သူများ နေရပ်ပြန်ကြပြီဟု သိရသည်။ အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ စစ်အင်အား ၄၀၀ ကျော် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် နတ်လင်း၊ နောက်လတ်ကြီး၊ ခေါ်လေး၊ စီသာ ၊ သာစည်၊ စီးမော် ၊စီမူလေး…

    Read More »
  • စစ်ပြေးဒုက္ခသည်များ

    စစ်ကြောင်း ထွက်ခွာသွားသည့်အတွက် မိုးစစ် စစ်ရှောင်အများပိုင်း နေရပ်ပြန်

    ဗန်းမော်နယ် ရွှေကူမြို့နယ် မိုးစစ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စစ်ကြောင်း ကျေးရွာတွင်းမှ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သောကြောင့် မိုးစစ်ကျေးရွာမှ စစ်ရှောင်ပြည်သူအများပိုင်း နေရပ်ပြန်ကြဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ကတည်းက အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် မိုးစစ်ကျေးရွာအတွင်း…

    Read More »
Back to top button