စစ်ပြေးဒုက္ခသည်များသတင်း

KIA သိမ်းပိုက်ထားတဲ့ ဝှေခါ စစ်ရှောင်ပြည်သူတွေနေရပ်မပြန်နိုင်သေး

စစ်တပ် ကင်းထောက်လေယာဉ် ပျံဝဲမှုရှိနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ဝှေခါကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် KIAKPDF တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပေမယ့် စစ်တပ်လေယာဥ်ပျံဝဲနေသေးတာကြောင့် ဝှေခါပြည်သူအများပိုင်းနေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။

ဝှေခါစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး KIA,PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့အတွက် ဝှေခါရွာ တစ်လျှောက်နေထိုင်တဲ့ ပြည်သူထောင်နဲ့ချီနေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

အဲဒီနောက် ဇန်နဝါရီလ ၂၀ ရက်နေ့မှာတော့ KIAKPDF တပ်တွေက အပြီးသတ်သိမ်းထားနိုင်ပြီဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ကင်းထောက်လေယာဉ်တွေက နေ့တိုင်းဆိုသလို လာရောက်ပျံဝဲနေတာကြောင့် လေယာဥ်အန္တရယ်‌စ်ိုးရိမ်နေရသေးတဲ့အတွက် အများပိုင်းက မပြန်သေးတာလို့ မှော်ရှန်မှာရောက်နေတဲ့ စစ်ဘေးရှောင်တွေကိုကူညီပေး နေတဲ့အမျိုးသားတစ်ဦး ကပြောပါတယ်။

စစ်ရှောင်တွေကတော့ ဘယ်သူမှမပြန်ကြ သေးဘူး စစ်ကြောင်းကတော့ မလာပါဘူး။ ဒါပေမယ့် ကင်ထောက်လေယာဥ်တွေတော့ နေ့တိုင်းလာတယ်။ အဲ့ကြောင့်မပြန်ရဲကြတာ မနေ့ကလည်းလာတယ်ဒီနေ့တော့မိုးအုန်းလို့မလာဘူးလို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဒါ့အပြင် ဝှေခါကျေးရွာကိုလက်ရှိ KIA နဲ့  KPDFတပ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် နယ်မြေရှင်းလင်းရေးတွေဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တာကြောင့်ဒေသခံတွေ ပြန်လာလို့မရသေးကြောင်း KPDF တာဝန် ရှိသူတစ်ဦးကလည်း KNG ကိုပြောပါတယ်။

လက်ရှိက ဝှေခါထဲမှာ ဒီဘက်ကထိုင်ထားပါတယ်။ ဒါပေမယ့် လောလောဆယ်နယ် မြေရှင်းလင်းရေးကလည်းမပြီးသေးဘူးဗျ။ လုပ်စရာတွေရှိနေသေးတယ် အခြေအနကလည်းမငြိမ်သေးတော့စစ်ရှောင်တွေ နေရပ်ပြန်လို့မရသေးပါဘူး လို့သူကပြောပါတယ်။

KIA KPDF တပ်တွေ ဝှေခါကျေးရွာထဲကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာတော့ ဝှေခါ၊ မကားပင်၊ မော်လကင် စတဲ့ကျေးရွာကပြည်သူ‌တွေက ဖားကန့်မြို့ထဲ အသိဆွေမျိုးနေအိမ်များနဲ့ ဘာသာရေးကျောင်းတွေမှာတွေတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကစပြီး တစ်ချို့နေရာမှာ တိမ်းရှောင်သူတွေ နေရပ်ပြန်နေကြပေမယ့် မှော်ရှန်နဲ့‌ဆိုင်းတောင်မှာ ရှောင်နေသူတွေကတော့ နေရပ်မပြန်သေးဘူးလို့ သိရပါတယ်။

လက်ရှိ ဝှေခါကျေးရွာထဲက စစ်ရှောင်ပြည်သူတွေဟာ မှော်ရှန်ကျေးရွာထဲမှာ ၅၀၀ ကျော်နဲ့ဆိုင်းတောင်ကျေးရွာထဲမှာ ၁၀၀၀ ကျော်ကျန်ရှိနေသေးတယ်လို့သိရပါတယ်။

ဝှေခါကျေးရွာကစစ်ကောင်စီတပ် ဗျူဟာကုန်းကို KIAKPDF ပူးပေါင်းတပ်က ဇန်နဝါရီ ၂၀ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button